address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

ထင်ရှားကျော်ကြား ၂၀၁၃ (ပညာရေးနယ်ပယ်မှ ထင်ရှားမှုအချို့)

၂။ နှစ်ပေါင်း၂၀ ကျော်ကြာ ပျောက်ကွယ်ရာမှ ပြန်လည်အသက်ဝင်လာသည့် လူရည်ချွန် ရွေးချယ်မှု အစီအစဉ်များ


ဆယ်စုနှစ်နှစ်ခုမျှ တိမ်မြှုပ်ပျောက်ကွယ်ခဲ့ရာမှ ပြန်လည်အသက်ဝင်လာသည့် လူရည်ချွန်ရွေးချယ်မှု အစီအစဉ်အား ၂၀၁၃ ခုနှစ်၏ အခြေခံပညာ ကဏ္ဍ၌ သိသာထင်ရှားသည့် ပညာရေး ဆောင်ရွက်မှု ကဏ္ဍတစ်ရပ်အဖြစ် ရွေးချယ်ဖော်ပြ အပ်ပါသည်။

အခြေခံကျောင်းများ၌ ဘက်စုံထူးချွန် လူရည်ချွန်ရွေးချယ်မှု အစီအစဉ်များကို ၁၉၈၈ ခုနှစ်နောက်ပိုင်း ရပ်နားထားခဲ့ရာမှ နှစ်ပေါင်း ၂၅ နှစ်ဝန်းကျင် အကြာတွင် ယခုလို ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ လူရည်ချွန် စီမံကိန်းသည် ကျောင်းသား၊ ကျောင်းသူ လူငယ်များထဲမှ ကာယ၊ ဥာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး ထူးချွန်သူများအား ရွေးချယ်ဂုဏ်ပြု ချီးမြှင့်သည့် အစီအစဉ်များအနက် တစ်ခုအပါအ၀င်ဖြစ်ပြီး ၁၉၆၄ ခုနှစ်၊ နွေရာသီ၌ ပထမဦးဆုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လူရည်ချွန်များ ရွေးချယ်ရာတွင် ကျောင်းသားကျောင်းသူများ၏ ပညာထက်မြက်မှု၊ ပေါင်းသင်းဆက်ဆံရေး အခြေအနေ၊ စာရိတ္တ၊ အားကစားနှင့် ကာယပညာရပ်များတွင် ပါဝင်လှုပ်ရှားမှု၊ ပညာရေး လက်တွေ့ဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်မှု စသည့်အချက်များအား ရေးဖြေစာမေးပွဲ ဖြေဆိုစေခြင်း၊ တစ်ကိုယ်ရေ ကြံ့ခိုင်မှုစွမ်းရည်ကို လက်တွေ့စစ်ဆေးခြင်းနှင့် လူတွေ့မေးမြန်းခြင်း နည်းလမ်းများကို အသုံးပြု၍ စိစစ်ရွေးချယ်ခြင်းဖြစ်ပြီး ယနေ့ခေတ် လူရည်ချွန်ရွေးချယ်ရာတွင်လည်း အလားတူ စိစစ်ရွေးချယ်သည့် နည်းလမ်းများကိုပင် ပြန်လည်ကျင့်သုံးခဲ့သည်။

ယခု ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ ပြန်လည်အသက်ဝင်လာခဲ့သည့် လူရည်ချွန် ရွေးချယ်ရေး အစီအစဉ်၌ ရွေးချယ်ခြင်းခံရသည့် လူရည်ချွန်များ၏ စုပေါင်းစခန်းအား နေပြည်တော်တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်တွင်းလေ့လာရေး ခရီးစဉ်များအဖြစ် အဋ္ဌမတန်း လူရည်ချွန်များကို ပုဂံသို့ လည်းကောင်း၊ န၀မတန်း လူရည်ချွန်များကို အင်းလေးကန်ဒေသသို့ လည်းကောင်း၊ တက္ကသိုလ်ဝင်တန်း လူရည်ချွန်များကို ငွေဆောင်ကမ်းခြေဒေသသို့ လည်းကောင်း စေလွှတ်ခဲ့သည်။

လာမည့်ပညာသင်နှစ်များတွင်လည်း လူရည်ချွန်ရွေးချယ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

နှစ်ပေါင်း ၂၀ ကျော်ကြာ ရပ်ဆိုင်းထားခဲ့ပြီးနောက် လူရည်ချွန် ရွေးချယ်မှုများကို အခြေခံပညာ ကျောင်းများတွင် ပြန်လည်အသက်သွင်းခဲ့ရာ အခြေခံပညာ ကဏ္ဍအလိုက် ခရိုင်အလိုက် ထူးချွန်ကျောင်းသား ၅၁၀ ကို လူရည်ချွန်အဖြစ် ကနဦးရွေးချယ်ခဲ့ပြီး အဋ္ဌမတန်းအဆင့် န၀မတန်းအဆင့်၊ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများကို အခြေခံပညာ ကျောင်းများအလိုက် လူရည်ချွန်အဖြစ် တစ်ကျော့ပြန် ပြန်လည်ရွေးချယ်ကာ အသက်ဝင်စေခဲ့ခြင်း ဖြစ်သည်။

EMG

No comments:

Post a Comment