address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

၂၀၁၅ ရွေးကောက်ပွဲအပြီး NLD အစိုးရဖွဲ့နိုင်ရေး ပြင်ဆင်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) က ၂၀၁၅ အထွေထွေရွေးကောက်ပွဲအပြီး အစိုးရဖွဲ့နိုင်ရန်အတွက် မဲဆန္ဒနယ်အားလုံး၏ ၈၀ ရာခိုင်နှုန်းခန့် အနိုင်ရရေး ရည်ရွယ်ကာ
ကြိုတင်ပြင်ဆင်နေပြီဖြစ်ကြောင်း ဒီဇင် ဘာ၂၉ ရက်ကပြုလုပ်သည့် ပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း ကော်မတီဝင်အချို့က မဇ္ဈိမကို ပြောသည်။

ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်နန်းခင်ထွေးမြင့်က “ဒီလမတိုင်ခင် စီအီးစီအစည်းအဝေးမှာ အန်အယ်ဒီက ၂၀၁၅ မှာ အနည်းဆုံး ၈၀ ရာခိုင်နှုန်းထိ အောင်နိုင်အောင်လို့ ဆောင်ရွက်မယ်ဆိုတာကို အားလုံးက ရည်မှန်းထားတယ်။ဒီအတွက်လည်း အခုလက်ရှိထက်ပိုပြီး ကြိုးစားဆောင်ရွက်ကြဖို့ အစည်း အဝေးမှာ ပြောကြတယ်”ဟု ပြောသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၏ တရားမျှတမှုအပေါ်ကိုမူ သံသယရှိနေသေးသည်ဟု ဗဟိုအ လုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင် ဦးဉဏ်ဝင်းက ဒီဇင်ဘာ ၂၈ ရက် တောင်ဝင်နှင်းဆီ၌ ပြုလုပ်သည့် ပထမအကြိမ် ပါတီဗဟိုကော်မတီ ဒုတိယအစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

“ကြားဖြတ်မှာတုန်းကလည်း မဲဆန္ဒပေးနိုင်သူတွေရဲ့ စာရင်းတွေမပါတာ ကြိုတင်မဲဆိုလည်း ဥပဒေအ တိုင်း နံနက် ၆ နာရီအရောက် အပြထားနိုင်တာတွေ ဒါတွေက သံသယဖြစ်စရာပဲ။နောက်တစ်ခုက လွတ် လပ်စွာ မဲပေးနိုင်ခွင့်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာက မတူဘူး။ ခုနပြောသလိုတွေက တရားမျှ တတဲ့ရွေးကောက်ပွဲလို့ မဆိုနိုင်ဘူး”ဟု ဆိုသည်။

၂၀၁၂ ခုနှစ်အတွင်း ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွင်း ကော်မရှင်၏ ဆောင်ရွက်မှုများအ ပေါ် သုံးသပ် ပြောဆိုခြင်းဖြစ်သည်ဟု ဦးဉဏ်ဝင်းက ဆိုသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မြန် မာ့ဒီမိုကရေစီအရေးတော်ပုံအပြီး စစ်အစိုးရလက်ထက် ၁၉၉၀ ပြည့်နှစ်တွင်ပြုလုပ်သည့် အထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး၏ ၇၃ ရာခိုင်နှုန်းခန့် အနိုင်ရခဲ့သော်လည်း အစိုးရအဖြစ် ကိုယ်စားပြု ခွင့်မရခဲ့ပေ။

ရွေးကောက်ပွဲဝင်မည့် မဲဆန္ဒနယ်များနှင့် ကိုယ်စားလှယ်များကိုမူ ရွေးချယ်ထားခြင်း မရှိသေးသော်လည်း ပြည်သူများအပေါ် အမှန်တကယ်အကျိုးပြု ဆောင်ရွက်ပေးနိုင်မည့် ကိုယ်စားလှယ်များကို ရွေးချယ်နိုင် ရန် စောင့်ကြည့်နေဆဲဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်က ပြုလုပ်သည့် ကြားဖြတ်ရွေးကောက်ပွဲ တွင် လစ်လပ်မဲဆန္ဒနယ် ၄၅ ခုတွင် ၄၄ ခု ၀င်ရောက် ယှဉ်ပြိုင်ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။

Mizzima

No comments:

Post a Comment