address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 28, 2013

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် - ကရင်နှစ်သစ်ကူးနေ့တွင် ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး၏ သ၀ဏ်လွှာ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး
ဗဟိုဌာနချုပ်
ကော်သူးလေ

ကရင်သက္ကရာဇ် ၂၇၅၃ခုနှစ် - ကရင်နှစ်သစ်ကူးနေ့တွင် ပေးပို့သော ကရင်အမျိုးသားအစည်းအရုံး၏ သ၀ဏ်လွှာ

ယနေ့သည် ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ်၊ ဇန်န
ဝါရီလ (၁)ရက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဤနေ့ထူးနေ့မြတ်ဖြစ်သည့် ၂၇၅၃ ခုနှစ်၊ နှစ်သစ်
ကူးနေ့ အခါသမယတငွ် ကရင်အမျိုးသားတစ်ရပ်လုံးနှင့် တိုင်းသူပြည်သားအားလုံးကို စည်းလုံးညီညတွြ်ခင်း၊
ငြိမ်းချမ်းခြင်း၊ ကုံလုံကြွယ်ဝခြင်း၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုမွန်ကောင်းပို့သလိုက်ပါ
သည်။

ဤနှစ်သစ်ကူးနေ့သည် ကရင်အမျိုးသားများ၏ ရိုးရာ၊ ဓလေ့၊ ၀ိသေသလက္ခဏာတစ်ခုဖြစ်ပြီး ကရင်
အမျိုးသားများအတွင်း ခေတ်ဆက်ပေါင်းများစွာ ဂုဏ်ပြုကျင်းပလာခဲ့ကြပါသည်။ ကရင်အမျိုးသားများ၏ သမိုင်း
ဖြတ်သန်းမှုနှင့် သက်မွေးဝမ်းကျောင်းမှုများ၊ ရာသီဥတုနှင့် သစ်ပင်ပန်းမန်များကို အခြေခံ၍ နှစ်များကို သတ်
မှတ်ခြင်းနှင့် ရေတွက်ခြင်း၊ လများကိုရေတွက်ခြင်းနှင့် အမည်ပေးခြင်း၊ နှစ်ဆန်းနဲ့ နှစ်ဆုံးကို သတ်မှတ်ခြင်းများ
ပြုလုပ်ပါသည်။ ကရင်နှစ်များကို ရေတွက်ရာတွင် ကရင်အမျိုးသားများမြန်မာပြည်သို့ ဒုတိယအစုဝင် ရောက်
လာသောအချိန် ခရစ်သက္ကရာဇ်မတိုင်မီ ၇၃၉ နှစ်မှစတင်၍ ရေတွက်ခြင်းဖြစ်သောကြောင့် ယခုနှစ်သည် ကရင်
သက္ကရာဇ် ၂၇၅၃ နှစ် ဖြစ်ပါသည်။
ကရင်အမျိုးသားများသည် လူမျိုးတစ်မျိုးဖြစ်သည်နှင့်အညီ မိမိတို့၏ ၀ိသေသလက္ခဏာအတိုင်း
အသက်ရှင်နေထိုင်လိုပြီး လူသားများဖြစ်သည့်အလျောက် ခေတ်၏ဖွံ့ဖြိုးတိုးတက်မှုအတိုင်း အခြားလူမျိုးများ
နည်းတူ အဖက်ဖက်မှာ ကြီးပွားဖွံ့ဖြိုးတိုးတက်လိုစိတ်နှင့် ငြိမ်းချမ်းစွာ နေထိုင်လိုစိတ်ရှိကြပါသည်။

ကရင်အမျိုးသားများသည် မိမိအမျိုးသားဝိသေသလက္ခဏာများ၊ အမျိုးသားဂုဏ်သိက္ခာနှင့် အမျိုးသား
အမွှေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ပိုင်ခွင့် အပြည့်အ၀ရှိပြီး ၎င်းတို့ကို ခေတ်၏ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ
မိမိတို့ကရင်အမျိုးသားများ၏ ၀ိသေသလက္ခဏာနှင့် လိုက်လျောညီထွေမှုရှိစွာ မြှင့်တင်ပိုင်ခွင့် အပြည့်အ၀ရှိ
သည်။ ကရင်အမျိုးသားများသည် လူမျိုးတစ်မျိုးအနေဖြင့် ဆက်လက်ရပ်တည်ရှင်သန်နိုင်ရန်အတွက် အမျိုး
သားယဉ်ကျေးမှု၊ ရိုးရာဓလေ့များကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ကရင်အမျိုးသားတိုင်းတွင် တာဝန်ရှိပါ
သည်။

တဆက်တည်းတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ဤကိစ္စရပ်နှင့်ပတ်သက်ပြီး အုပ်ချုပ်သူများက
အားပေးကူညီထောက်ပံ့ရန် တာဝန်ရှိကြောင်းကို သေသေချာချာပြည့်ပြည့်စုံ ရေးသားဖေါ်ပြထားရပါမည်။ ယခု
လက်ရှိ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌ ဤကိစ္စရပ်နှင့်ပတ်သက်ပြီး အစိုးရက ကူညီထောက်ပံ့ရန် တာဝန်
ရှိကြောင်းကို မဖေါ်ပြထားသည့်အပြင် အစိုးရက အားပေးကူညီထောက်ပံ့မှုများ မပြုလုပ်သောကြောင့် ကရင်
အမျိုးသားဝိသေသလက္ခဏာများ ကရင်အမျိုးသားများအကြားတွင် မှေးမှိန်ပျောက်ကွယ်လာရပါသည်။
ကရင်အမျိုးသားများသည် ကရင်အမျိုးသားသမိုင်းတလျှောက်လုံးတွင် ဆိုးဝါးသော ဖိနှိပ်အနိုင်ကျင့်မှု
များနှင့် ရင်ဆိုင်လာရသောကြောင့် လူမျိုးတစ်မျိုးအဖြစ် ဆက်လက်ရပ်တည်အသက်ရှင်နိုင်ရန်အတွက်နှင့် ဖွံ့ဖြိုး
တိုးတက်နိုင်ရန်အတွက် ကရင်အမျိုးသားများ၏ ၀ိသေသလက္ခဏာများနှင့် ရရှိထားသော ဖွံ့ဖြိုးတိုးတက်မှုများ
ကို ခက်ခက်ခဲခဲ ကြိုးပမ်းကာကွယ်စောင့်ရှောက်ရပါသည်။ အရင်းခံပြဿနာမှာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး
အကြား မတူကွဲပြားခြားနားသော ၀ိသေသလက္ခဏာများနှင့် ၎င်းတို့၏ လူနေမှုဘ၀ကို လေးစားအသိအမှတ်
မပြုသောကြောင့် ဖြစ်ပါသည်။

ဤအရာများသည် တင်းမာမှုနှင့် ပြဿနာများဆီသို့ ဦးတည်သည့် မတရားမှုနှင့် ဖိနှိပ်အနိုင်ကျင့်မှုများ
ကို လူမျိုးများအကြား၌ ဖြစ်ပေါ်စေပါသည်။ ဤပြဿနာများကို ငြိမ်းချမ်းစွာဖြင့် တရားမျှတမှုရှိရှိ မဖြေရှင်းသည့်
အတွက်လည်း လူမျိုးစုများအကြားနှင့် လူမျိုးကြီးကို ကိုယ်စားပြုသော အုပ်ချုပ်သူများအကြား လက်နက်ကိုင်
ပဋိပက္ခများ လွတ်လပ်ရေးရစဉ်ကတည်းက စတင်ခဲ့ရပါသည်။
ပြဿနာနှင့် လက်နက်ကိုင်ပဋိပက္ခများ ကြာညောင်းလာသည်နှင့်အမျှ တိုင်းပြည်လည်း ဆင်းရဲချွတ်ခြုံ
ကျလာရပါသည်။ ၎င်းအပြင် အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ အာဏာကို ဆုပ်ကိုင်ထားသူများနှင့် ဥစ္စာဓနပိုင်ရှင်များ၏
ကြီးစိုးခေါင်းပုံဖြတ်မှုနှင့် အခွင့်ထူးခံစားခွင့်တို့ကြောင့် တိုင်းသူပြည်သားများ ဆင်းရဲမွှဲတေလာရပါသည်။
ကရင်အမျိုးသားများသည် ဤနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော လူမျိုးတမျိုးဖြစ်ပြီး အခြားလူမျိုး
များနှင့်အတူ ဤနိုင်ငံကိုလည်း ဆက်ခံအုပ်ချုပ်ပိုင်ဆိုင်ခွင့် ရှိကြပါသည်။ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဆုတ်ယုတ်မှု၊
အေးချမ်းသာယာမှုနှင့် ပြဿနာအ၀၀တို့သည်လည်း ကရင်အမျိုးသားများနှင့်လည်း သက်ဆိုင်လျက်ရှိပါသည်။
ယနေ့ကာလတွင် ကရင်အမျိုးသားအစည်းအရုံးသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုး
ပမ်းနေကြသည့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့အတူ နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေ
ရှင်းနိုင်ရန်အတွက် အစိုးရနှင့် တပြည်လုံးအတိုင်းအတာဆောင်သော အပစ်အခတ်ရပ်စဲရေး ပေါ်ပေါက်ရေး
အတွက် ဆွေးနွေးညှိနှိုင်းနေပါသည်။ အပစ်အခတ်ရပ်စဲရေးသည် မရှိမဖြစ်လိုအပ်ပြီး နိုင်ငံရေးပြဿနာများကို
ဖြေရှင်းနိုင်ရန်အတွက် ပထမဦးဆုံးပြုလုပ်ရမည့် အလုပ်တစ်ခုဖြစ်ပါသည်။ အပစ်အခတ်ရပ်စဲရေှးပြုလုပ်ပြီး
နိုင်ငံရေးပြဿနာများကို ညှိနှိုင်းဖြေရှင်းနိုင်ခြင်း မရှိပါက ပြည်တွင်းငြိမ်းချမ်းရေး ပေါ်ပေါက်လာနိုင်မည် မဟုတ်
ချေ။ ငြိမ်းချမ်းရေးမရှိပါက တိုင်းပြည်လည်း ဖြွံ့ဖိုးတိုးတက်နိုင်မည် မဟုတ်ချေ။
ပြည်တွင်းငြိမ်းချမ်းရေးသည် တရားမျှတမှု၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှသာ လူမျိုးစုများ
အကြားနှင့် ပြည်သူလူထုများအကြား၌ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါသည်။ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်
ရေးသည်လည်း ကရင်အမျိုးသားများနှင့် တိုင်းသူပြည်သားတစ်ဦးချင်းစီ၏ လက်ဝယ်တွင် ရှိပါသည်။

စည်းလုံးညီညွှတ်ရေးကို ကရင်အမျိုးသားများအကြားတွင် သော်လည်းကောင်း၊ တိုင်းရင်းသားလူမျိုးစု
များ၏ လူထုများအကြားတွင် သော်လည်းကောင်း တည်ဆောက်ရမည် ဖြစ်ပါသည်။ လူမျိုးတစ်မျိုးနှင့်တစ်မျိုး
အကြား မတူကွဲပြားခြားနားမှုနှင့် ၎င်းတို့၏ အခွင့်အရေးကို လေးစားအသိအမှတ်ပြုခြင်းသည် ငြိမ်းချမ်းရေး၏
အခြေခံအုတ်မြစ် ဖြစ်ပါသည်။
ယနေ့ကာလတွင် ကရင်အမျိုးသားရေးကိုအခြေခံပြီး ကရင်အမျိုးသားများအတွက် ကြိုးပမ်းလှုပ်ရှား
နေသည့် ကရင်အမျိုးသားအဖွဲ့အစည်းအများအပြား ရှိပါသည်။ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေ
အရ ဤကရင်အမျိုးသားအဖွဲ့အစည်းများသည် မိမိတို့ဘာသာ သီးခြားရပ်တည်ပြီး ကရင်အမျိုးသားအကျိုး
စီးပွားအတွက် ကြိုးပမ်းနေရန် မဖြစ်နိုင်တော့ချေ။ ကရင်အမျိုးသားအဖွဲ့အစည်းအားလုံးသည် မိမိအမျိုးသားထု
အတွင်း စည်းလုံးညီညွှတ်မှုကို တည်ဆောက်ပြီး ကရင်အမျိုးသားအကျိုးစီးပွားအတွက် နားလည်မှုရှိရှိဖြင့်
အတူပူးပေါင်းကြိုးပမ်းဆောင်ရုက်သွားရန် လိုအပ်ပါသည်။ ထို့နည်းတူ တိုင်းရင်းသားအဖွဲ့အစည်းများအားလုံး
သည်လည်း မိမိတို့အဖွဲ့အစည်းချင်းအကြား၌ စည်းလုံးညီညွတ်မှုကို တည်ဆောက်ပြီး တိုင်းရင်းသားများ ရသင့်
ရထိုက်သောအခွင့်အရေးများအတွက်နှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အတူတကွ ပူးပေါင်းကြိုးပမ်းကြရန်
လိုအပ်ပါသည်။

ဤကရင်နှစ်သစ်ကူးနေ့ကို ဂုဏ်ပြုကျင်းပသော အခါသမယ၌ ကျွန်ုပ်တို့အားလုံးယခုမှစပြီး နောင်
ကာလများတွင် စည်းလုံးညီညွှတ်သွားမည့်အကြောင်း၊ ကရင်အမျိုးသားများ၏ ၀ိသေသလက္ခဏာများ၊ ဂုဏ်
သိက္ခာနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းဖြင့် ကရင်အမျိုးသားများသည် ရှင်သန်ရပ်
တည်ပြီး ဖွံ့ဖြိုးတိုးတက်သော လူမျိုးတစ်မျိုးဖြစ်သည့်အကြောင်းကို ကြိုးပမ်းဖေါ်ပြသွားမည့်အကြောင်းကို ကတိ
က၀တ်ပြုကြပါစို့။ ဤနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအားလုံး လူမျိုးတမျိုးနှင့်တစ်မျိုး
အကြား မတူကွဲပြားမှုနှင့် ၎င်းတို့၏ ၀ိသေသလက္ခဏာများ အသိမှတ်ပြုပြီး လူမျိုးတစ်မျိုး၏ အခွင့်အရေးကို
အသိအမှတ်ပြုဘို့ရာ စည်းလုံးညီညွတ်မှုကို အခြေခံ၍ ပြည်ထောင်စုငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်မှု
အကျိုးကျေးဇူးများ ခံစားကြရပါစေဟု ဆန္ဒမွန်ဖြင့် တိုက်တွန်းအပ်ပါသည်။

နေ့စွဲ - ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၊ ပြာသိုလဆန်း (၁) ရက်
ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁) ရက်

BY - ကေအဲန်ယူ-ကရင်အမျိုးသားအစည်းရုံး
ဗဟိုဌာနချုပ်
ကော်သူးလေ

မျိုးချစ်ကရင်မှ ကူးယူဖော်ပြသည်

No comments:

Post a Comment