address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

ဆင်းရဲမှု နက်ရှိုင်းခြင်းနှင့် လူမှုရေးမငြိမ်မသက် ဖြစ်စဉ်များကြောင့် အကူးအပြောင်းကာလတည်ဆောက်မှု ပြိုကျသွားနိုင်ဟုဆို

ကွဲပြား ခြားနား ဆက်ဆံခံရမှုများ အပါ အဝင် ဆင်းရဲမှုနက်ရှိုင်းခြင်းနှင့် လူမှုရေး မငြိမ်မ သက်ဖြစ်မှုဖြစ် စဉ်များက အကူးအပြောင်း ကာလ တည်ဆောက်မှုကို ပြို ကျသွားနိုင်ကြောင်း ၈၈မျိုးဆက်
ကျောင်းသား ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကို ကိုကြီးက ပြောသည်။ အဆိုပါကိစ္စနှင့်ပတ်သက် ပြီး ဒီဇင်ဘာ ၂၈ရက်က ရန်ကုန် မြို့ မင်းဓမ္မလမ်းရှိ မြန်မာကွန် ဗင်းရှင်းစင်တာ၌ပြုလုပ်သည့် မြန်မာပြည်သူ့ဖိုရမ်တွင် ပြော ခြင်းဖြစ်သည်။ ဦးကိုကိုကြီး က ''ပြောင်း လဲမှုဖြစ်စဉ်မှာ နောက်ပြန်မလှည့် နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုရင် နောက်ပြန်မလှည့်နိုင်အောင် နောက်က ဖေးမထားလို့ဖြစ် တယ်။ ဒါပေမဲ့ သံသယစိတ်တွေ ဝင်သွားရင်တော့ ပြိုကျသွားနိုင် ပါတယ်''ဟု ပြောသည်။

ယင်းက ဆက်လက်ပြီး ပြိုကျနိုင်သည့် အခြေအနေများ မှာ လေးခုရှိကြောင်း၊ ယင်းတို့ မှာ တပ်မတော်မှပြောင်းလဲလာ သည့် stakeholder များ သံ သယဝင်ခြင်း၊ ပြည်သူများအ ကြား ကွဲပြားခြားနား ဆက်ဆံ ခံရမှုရှိခြင်း၊ ဆင်းရဲမှုတွင်း နက် ရှိုင်းခြင်း နှင့် လူမှုရေးမငြိမ်မသက် မှုများက ပြိုကျသွားစေနိုင်သည့် အခြေအနေဖြစ်ပေါ်စေကြောင်း ပြောသည်။

ယင်းအတွက် ခေါင်း ဆောင်ပိုင်းမှ ပွင့်လင်းမြင်သာ မှုရှိရန်လိုအပ်ကြောင်း၊ stakeholder များအား လုပ်နိုင်သည့် မက်လုံးများပေးရန် လိုအပ် ကြောင်း၊ တိုင်းရင်းသားများအ ရေးနှင့်ပတ်သက်ပြီး မဟာဗျူ ဟာမြောက် အပေးအယူများ ဖြင့်ပြင် ဆင်ရန်လိုအပ်ကြောင်း ပြောသည်။ ဦးကိုကိုကြီးက ''ဖွဲ့စည်း အုပ်ချုပ်မှုပိုင်းတွင် ကျွမ်းကျင်မှု ပြည့်ဝသည့် ခေါင်းဆောင်ပိုင်း များ လိုတယ်။ ခေါင်းဆောင် တွေက ခံယူချက်သဘောထား မကောင်းရင် ပြဿနာဖြစ်နိုင် တယ်။ အဲဒီအတွက် အကူး အ ပြောင်း ကာလမှာ ခေါင်းဆောင် နိုင်တဲ့ခေါင်းဆောင်တွေ အများ ကြီးလိုအပ်တယ်''ဟု ပြောသည်။

လက်ရှိ ယင်းအားဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးထက် တခြားကိစ္စများ လုပ်ဆောင်ရန် စိတ်ဝင်စားနေသည်ဟု ပြောဆို မှုများရှိကြောင်း၊ ယင်းအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင် ရေးနှင့်ပတ်သက်ပြီး ပခုံးများ စုတ်ပြတ်သည်အထိ လုပ်ဆောင် သွားရန် ခွယူထားကြောင်းဆက် လက်ပြောသည်။

စိုင်းဟန်
Yangon Media Group

No comments:

Post a Comment