address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

ချဉ်သော သကြားလုံးက သွားကျန်းမာရေးကို ထိခိုက်စေနိုင်

အချဉ် အရသာရှိတဲ့ သကြားလုံး တွေဟာ သွားတွေရဲ့ ကာကွယ်နိုင်တဲ့ အပေါ်ယံ အလွှာကို ခွာချ ပစ်နိုင်ပါတယ်။ အချဉ် အရသာ ရှိတဲ့ သကြားလုံး တွေကို ပါးစပ်ထဲ

ငုံထားတာဟာ သွားတွေကို ထိခိုက်စေပြီး အပြုံးကို အနှောင့်အယှက် ဖြစ်စေပါတယ်။

အချဉ် အရသာရှိတဲ့ သကြားလုံး တွေမှာ အက်စစ် ပါဝင်မှုများတာ ကြောင့်ပါ။

အချဉ် အရသာရှိတဲ့ သကြားလုံးတွေ စားချင်တယ် ဆိုရင်တော့ သကြားလုံးတွေကို စားပြီးပြီးချင်း ရေနဲ့ ပလုတ်ကျင်း ပေးဖို့ လိုပါတယ်။ ရေနဲ့ ပလုတ်ကျင်း ပေးလိုက်တဲ့ အခါ သွားအပေါ်ယံလွှာမှာ ကပ်ညိနေတဲ့ အက်စစ်တွေကို ဆေးကြော ပေးနိုင်ပါတယ်။ သွားတိုက်မယ် ဆိုရင်တော့ နာရီဝက် စောင့်ပါ။ အချဉ်အရသာ ရှိတဲ့ သကြားလုံးတွေဟာ သွားတွေရဲ့ အပေါ်ယံလွှာကို ယာယီ ပျော့ပျောင်း သွားစေတာကြောင့် သကြားလုံး စားပြီးပြီးချင်း သွားတိုက် လိုက်ရင် သွားကို ထိခိုက် ပျက်စီးမှု ပိုဖြစ်စေနိုင် ပါတယ်။

ရှောက်သီး ရနံ့၊ စပျစ်သီး ရနံ့စတဲ့ သစ်သီး ရနံ့ သကြားလုံး တွေဟာ ပူရှိန်းနဲ့ သစ်ကြံပိုးခေါက် (Cinnamom) ရနံ့ပါ သကြားလုံး တွေထက် သွားကြွေလွှာကို ပိုမို ထိခိုက် စေပါတယ်။

သကြားလုံး စားပြီးချိန်မှာ သကြားမပါတဲ့ ပီကေဝါး ပေးနိုင်ပါတယ်။ သကြား မပါတဲ့ ပီကေဟာ တံတွေး အထွက်များ စေတဲ့အတွက် သွားကြွေလွှာကို ကာကွယ်ပေး နိုင်တာ ကြောင့်ပါ။

MWD

No comments:

Post a Comment