address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

ထိုင်းနိုင်ငံရှိ ငါးဖမ်းစက်လှေပေါ်မှ ကယ်တင်ထားသည့် မြန်မာနှစ်ဦး အား မြ၀တီနယ် စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေး

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်၏ အကြောင်း ကြားချက်အရထိုင်းနိုင်ငံ ချွန်ပူလီခရိုင် အချောင်ဆိပ်ကမ်းငါးဖမ်းစက်လှေပေါ်မှာ ကယ်တင်ပေးထားသည့် ပဲခူးတိုင်ဒေသကြီးမှ အမျိုးသားနှစ်ဦးအား ဒီဇင်ဘာ၂၅ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ထိုင်းနိုင်ငံ မဲဆောက်နယ်စပ်ဆက်ဆံရေးရုံးမှ မြ၀တီနယ်စပ်ဆက်ဆံရေးရုံးသို့ လာရောက်လွှဲပြောင်းပေးခဲ့သည်။

လွှဲပြောင်းရောက်ရှိလာသူ အမျိုးသားနှစ်ဦးသည် လွန်ခဲ့သော တစ်နှစ်ခန့်က မြ၀တီမြို့သို့ ရောက်ရှိစဉ် အမျိုးသားတစ်ဦး (အမည်၊ နေရပ်လိပ်စာမသိသူ) က ထိုင်းနိုင်ငံ၊ ဗန်ကောက်ရှိ နာနတ်သီးစက်ရုံတွင် တစ်နေ့ ဘတ် ၂၀၀ ဖြင့် အလုပ်ရရှိမည် ဟု ပြောဆိုစည်းရုံး၍ တရားမ၀င် လမ်းကြောင်းမှတစ်ဆင့် ခေါ်ဆောင်သွားပြီး အချောင်ဆိပ်ကမ်းတွင် ရပ်နားထားသည့် ငါးဖမ်းစက်လှေနံပါတ် ၂၂ ပေါ်သို့ ပို့ဆောင် ခံခဲ့ရကြောင်း၊ ပို့ဆောင်ခ ဘတ် ၁၃၀၀၀ ကို ခုနစ်လ အလုပ်လုပ်၍ ဆပ်ခဲ့ရကြောင်း၊ အကြွေးကျေပြီး တစ်လ ဘတ် ၅၀၀၀ ရရှိကြောင်း၊ လေးလဆက်လုပ်ခဲ့ပြီး ငါးဖမ်းစက် လှေတွင် ဆက်လက်လုပ်ကိုင်လိုခြင်း မရှိတော့သဖြင့် အစ်မဖြစ်သူမှတစ်ဆင့် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးမှ သံအရာရှိ ဦးကျော်ကျော်လွင်ထံအကူအညီတောင်းခံ ၍ ကယ်တင်ပေးခြင်း ဖြစ်ကြောင်း သိရှိရသည်။ ပြန်လည်ရောက်ရှိလာသူ ပဲခူးတိုင်းဒေသ ကြီးမှ အမျိုးသားနှစ်ဦးအား ယင်းနေ့၌ပင် တာဝန်ရှိသူများမှ အုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့သည်။

၂၀၀၉ခုနှစ် ဧပြီ ၂၄ရက်တွင် နေပြည်တော်၌ မြန်မာ-ထိုင်း နှစ်နိုင်ငံ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာကိုနှစ်နိုင်ငံဝန်ကြီးအဆင့် လက်မှတ်ရေးထိုးခဲ့ပြီး တာချီလိတ်-မယ်ဆိုင်
နယ်စပ်ဆက်ဆံရေးရုံးကို ၂၀၁၂ ခုနှစ် မတ် ၂၂ ရက်တွင်လည်းကောင်း၊ ကော့သောင်း-ရနောင်ရုံး ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၃၀ ရက်တွင်လည်းကောင်း၊ မြ၀တီ-မဲဆောက်ရုံးကို ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင်လည်းကောင်းအပြန် အလှန်ဖွင့်လှစ်နိုင်ခဲ့ ကာနှစ်နိုင်ငံလူကုန်ကူးမှု တိုက်ပျက်ရေးဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေး ရုံးများဖွင့်လှစ်သည့်အချိန်မှစ၍ ယနေ့ အထိ နှစ်နိုင်ငံပူးပေါင်း ဖော်ထုတ်မှုအနေဖြင့် လူကုန်ကူးမှု ငါးမှု၊ ပြစ်မှုကျူးလွန်သူအမျိုး သားငါးဦး၊ အမျိုးသမီး သုံးဦး၊ လူကုန်ကူးခံရသူ အမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၁၇ ဦး တို့ဖြစ်ပြီး ပူပေါင်းဖမ်းဆီးသည့် တရားခံအရေအတွက်မှာ ကျားသုံးဦး၊ မနှစ်ဦးတို့ဖြစ်သည်။ ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးသည့် တရားခံအရေအတွက် မှာအမျိုးသားနှစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် လူကုန်ကူးခံရသူ အရေအတွက် မှာအမျိုးသား ၁၄၂ ဦး အမျိုးသမီး ၉၁ ဦး တို့ဖြစ်ကြောင်းသိရသည်။

Myanmaalinn

No comments:

Post a Comment