address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 28, 2013

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ကရင်နှစ်သစ်ကူး ပွဲတော် ကရင်လက်နက်ကိုင်များပူးပေါင်းစစ်ရေးပြအစီအစဉ် အစမ်းလေ့ကျင့်မှုများ 27.DEC.2013


ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြိုင် ကျေးရွာတွင် ကရင်နှစ်သစ်ကူး ပွဲတော် ကရင်လက်နက်ကိုင်များပူးပေါင်းစစ်ရေးပြအစီအစဉ် အစမ်းလေ့ကျင့်မှုများ 27.DEC.2013

မြ၀တီမြိ့နယ်တွင်ပြုလုပ်မည့် ကရင်နှစ်သစ်ကူးနေ့ စစ်ရေးပြပွဲအတွက် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ယနေ့တွင်ပူးတွဲစစ်ရေးပြလေ့ကျင့်မှုကို နှစ်သစ်ကူးနေ့ကျင်းပမည့်ကွင်းတွင်
ပြုလုပ်ခဲ့ကြသည်။

တပ်ဖွဲ့တဖွဲ့လျှင် တပ်ဖွဲ့ဝင် ၉၀ ဦးပါရှိသည့် တပ်ဖွဲ့ ၈ ဖွဲ့မှ ကရင်လက်နက်ကိုင်စစ်သည်များက စစ်တီးဝိုင်းနှင့်အတူ ပူးတွဲလေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်။

ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ် ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အတွက် ပူးတွဲလေ့ကျင့်ကြခြင်းဖြစ်သည်။

ကရင်ပြည်နယ် ၅ မြို့နယ် စုပေါင်းကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် မြ၀တီမြို့နယ်ရှိ ရွှေကုက္ကိုလ်မြိုင်တွင် ကရင်အမျိုးသားများက
စုပေါင်းကျင်းပကြမည့်ပွဲဖြစ်သည်။

နှစ်သစ်ကူးနေ့တွင် ပွဲတော်ကျင်းပရေးကော်မတီက ပထမအကြိမ်အဖြစ် အမျိုးသားဂုဏ်ထူးဆောင်ဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။

ယခုနှစ်အတွက်ချီးမြှင့်မည့် နိုင်ငံရေး-တော်လှန်ရေး-စာပေ-အနုပညာ-ဘာသာသာသနာ-လူမှုရေး-ဖွံ့ဖြိုးရေး အပါအ၀င် ဂုဏ်ထူးဆောင်ဆု ၈ မျိုးအတွက် ပုဂ္ဂိုလ် ၃၀ ဦးကို ရွေးချယ်ထားရာ မန်းဝင်းမောင်-မန်းဘခိုင်-စောဘဦးကြီး-အရှင်စန္ဒန-ပဒိုမန်းရှာလားဖန်း-ဇွဲကပင်ကျော်လေး-ဗိုလ်ချုပ်ကြီးစောဘိုမြတို့ပါရှိသည်။

မျိုးချစ်ကရင်မှ

ဂုတ်ထူးဆောင်ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့်အတူ ငွေသားကျပ် ၁၀ သိန်းချီးမြှင့်သွားမည်ဟု ဆုရွေးချယ်ရေးအဖွဲ့ဝင် ဆရာတော်အရှင်အဂ္ဂ၀ံသက မိန့်ကြားသည်။

ပွဲတော်တွင် ကရင်လက်နက်ကိုင်အဖွဲ့များ၏ ပူးတွဲစစ်ရေးပြပွဲနှင့်အတူ ကရင်ဒုံးအကပြိုင်ပွဲ၊ရိုးရာလက်ဝှေ့ယှဉ်ပြိုင်ပွဲ၊ဇတ်ပွဲနှင့်အခြားကြည့်ချင်ပွဲများ ပါရှိမည်ဖြစ်သည်။

BY - မန်းမျိုးမြင့်

No comments:

Post a Comment