address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Saturday, December 28, 2013

ကရင်ပြည်နယ် ဘားအံသို့ အလည်အပတ်လာရောက်လိုသူများအတွက် (၁) သွားရောက်လည်ပတ်သင့်သော နေရာများ

လမ်းကြောင်းသင့်သည့်အတိုင်း သွားမယ်ဆိုရင် ကော့ကသောင်ဂူသို့ အရင်သွားသင့်ပါသည်။ ကော့ကသောင်ဂူ မရောက်ခင် ဇွဲကပင်သို့ အရင် ရောက်မည်ဖြစ်ပြီး တောင်ခြေသို့ သွားရောက်လည်ပတ်နိုင်ပါသည်။

ပြီးလျှင် ကော့ကသောင်ဂူသို့ ခရီးဆက်ပါ။ ကော့ကသောင်ဂူမှာ ဂူနှစ်ဂူရှိပါသည်။ ပင်မဂူနှင့် ပတ္တမြားဂူတို့ဖြစ်ပါသည်။ ပတ္တမြားဂူသို့လည်း ၀င်ရောက်လေ့လာသင့်ပါသည်။ ပတ္တမြားဂူကနေ ဆက်သွားလျှင် စိတ္တသုခ ရေတံခွန်သို့ ရောက်ပါမည်။ ရေတံခွန်ဆိုသော်လည်း တောင်ပေါ်မှ စီးကျနေခြင်းမဟုတ်ဘဲ။ ကျောက်ဂူထဲမှ စီးလာသော စမ်းရေဖြစ်ပါသည်။ ရေကူးရန် ကန်လုပ်ထားပါသည်။ ရေကူးနိုင်ပါသည်။ 

ကန်နဘေးရှိအစားသောက်ရောင်းသည့်ဆိုင်များတွင် စားသောက်ရင်း အပန်း ဖြေနိုင်ပါသည်။  ကော့ကသောင်ရွာကျောင်းတွင် ကော့ကသောင်ဆရာတော်ကိုလည်း ဖူးမြော်နိုင်ပါသည်။ ဂဏန်းလည်း တောင်းနိုင်ပါသည်။ ကော့ကသောင်ဂူတွင် ၀င်္ကဘာလည်းရှိပါသည်။ သို့သော်သင်္ကြန်တွင်ကျင်းပသည့် ဘုရားပွဲတော် အချိန်တွင်သာ ၀င်္ကဘာသို့ ၀င်ရောက်နိုင်ပါသည်။ ကော့ကသောင်ဂူခရီးစဉ်ပြီးလျှင် သာမညသို့ ဆက်သွားသင့်ပါသည်။

(သာမညသို့ သွားပါက လမ်းတွင် နောင်လုံ၊ အိန်ထဲ၊ ကျော့ရွာ၊ မြပြည်ရွာ၊ အိန္ဒုတိုက်နယ်၊ လွမ်းညရွာ၊ ခနိမ်းဒိုတို့ကို ဖြတ်သန်းသွားရပါမည်။ အကယ်၍ သာမညသို့ မသွားပါက အိန္ဒုတိုက်နယ် လမ်းဆုံမှ တဆင့် ဆဒ္ဒန်ဂူသို့ ဆက်သွားရပါမည်။)

သာမညတောင်ပေါ်သို့ ကားဖြင့် တိုက်ရိုက်တက်နိုင်ပါသည်။ သာမညတောင်ထိပ်တွင် မြတ်စောညီနောင်စေတီနှင့် ဆရာတော်ကြီးသီတင်းသုံးခဲ့သည့် နေရာများကို ဖူးမျှော်လေ့လာနိုင်ပါသည်။ သက်သတ်လွန်ထမင်းစားသုံးလို့ပါကလည်း စားသုံးနိုင်ပါသည်။ တောင်အောက်ရှိဆိုင်များတွင်လည်း သက်သတ်လွတ်ထမင်းဟင်းသာ ရောင်းချပါသည်။ သာမညသည် သက်သတ်လွတ်နယ်မြေဖြစ်သည်ကို သတိပြုစေချင်ပါသည်။

တောင်ထိပ်တွင်ဖူးမျှော်လေ့လာပြီးပါက ကားလမ်းအတိုင်းပြန်ဆင်းလျှင် တောင်ခါးပန်းတွင် ဆရာတော်ကြီး၏
ဂူဗိမာန်ကို ၀င်ရောက်ဖူးမျှော်နိုင်ပါသည်။ သာမညခရီးစဉ်ပြီးဆုံးပါက ဆဒ္ဒန်ဂူသို့ ခရီးဆက်သင့်ပါသည်။ သာမညမှ လာလမ်းအတိုင်းပြန်လာပါက လွမ်းညရွာတွင် လွမ်းညစေတီကို ၀င်ရောက်ဖူးမျှော်နိုင်ပါသည်။

လွမ်းညရွာပြီးလျှင် အိန္ဒုတိုက်နယ်သို့ ပြန်ရောက်မည်ဖြစ်ပြီး အိန္ဒုလမ်းဆုံမှ တဆင့် ဆဒ္ဒန်ဂူသို့ ခရီးဆက်ရပါမည်။ လမ်းမသိပါက လမ်းဆုံတွင် မေးမြန်း
နိုင်ပါသည်။ ဆဒ္ဒန်ဂူတွင် ဂူအတွင်းဝင်ရောက်လေ့လာရမည်။ ၀င်လမ်းအတိုင်း ၀င်ပြီး တဘက်ထွက်ပေါက်သို့ ရောက်သည့် အခါ အောက်သို့ ဆင်းသွားပါက အင်းတစ်ခုကို တွေ့ရပါမည်။ အင်းလှေဆိပ်တွင် လှေငှားစီးပြီး လှေဖြင့် ကျောက်ဂူတစ်ခုကို ဖြတ်ရပါသည့် ခရီးကို ဆက်လိုပါက ဆက်နိုင်ပါ
သည်။ လှေဖြင့် ကျောက်ဂူကို ဖြတ်ပြီး ဆဒ္ဒန်ဂူတောင်ကို ပတ်ကာ လှေစီးရပါသည်။ လှေခရီးဆုံး၍ ၁၅ မိနစ်ခန့် လမ်းလျှောက်ပါက
ဆဒ္ဒန်ဂူဝသို့ ပြန်ရောက်ပါသည်။ လှေစီးသည့် ခရီးကို မသွားလိုပါက ဂူအတွင်းသို့ ၀င်လာသည့်လမ်းအတိုင်း ပြန်လှည့်လာပါက ဂူဝသို့ပြန် ရောက်ပါမည်။ ဆဒ္ဒန်ဂူခရီးစဉ်တွင် ဓာတ်မီးယူသွားသင့်ပါသည်။ 

ဆဒ္ဒန်ဂူခရီးစဉ် အပြီး မိုးချုပ်သွားပါက လာလမ်းအတိုင်း ဘားအံသို့ ပြန်လာပါ။ အကယ်၍ မိုးမချုပ်သေးပါက ဆဒ္ဒန်ဂူကနေ မော်လမြိုင်အဖြာင့်လမ်းဘက်သို့ သွားသည့် လမ်းဖြင့် ရေတံခွန်ကျောက်ကလပ်သို့ ခရီးဆက်နိုင်ပါသည်။

No comments:

Post a Comment