address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, December 29, 2013

မြန်မာနိုင်ငံဒီမိုကရေစီအသွင်ကူးပြောင်းမှု အမေရိကန်ပညာရှင် ဟောပြောမည်

ပါမောက္ခလာရီဒိုင်းမွန်းက မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွင် “နိုင်ငံရေး ပဋိညာဉ်မရှိခြင်း၏ အန္တရာယ်” ဟူသောခေါင်းစဉ်ဖြင့် ဒီဇင်ဘာ ၂၉ ရက်၊ တနင်္ဂနွေ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ
ရန်ကုန်မြို့ Orchid Hotel တွင် ဟောပြောပွဲကျင်းပမှာဖြစ်ကြောင်းသတင်းရရှိသည်။

ထိုဟောပြောပွဲတွင် အဖွင့်အမှာစကားကို နိုင်ငံရေးသိပ္ပံပညာရှင် ဦးမင်းဇင်က ပြောကြားမည်ဖြစ်ကြောင်းလည်း သိရသည်။ အလင်းစေတမန် စာကြည့်တိုက်၏ တာဝန်ရှိသူတစ်ဦးက “မြန်မာနိုင်ငံရဲ့ အပြောင်း အလဲကာလမှာ ကျွန်တော်တို့ရဲ့အမြင်ပေါ့နော် တစ်ဦးနဲ့ တစ်ဦး သဘောတူညီချက်မရှိဘူး။ အဲဒါနဲ့ ပတ်သက်လို့ အန္တရာယ်ရှိတယ်ဆိုတာကို ပြည်သူတွေ နားလည်စေချင်လို့ပါ။ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ရင် ပညာရှင်တွေကတော့ ပြောနေကြတာပါပဲ။ ဒီလိုပြောနေတာကို ပြည်သူတွေသိထားရင် ကောင်းပါတယ်။ ကျွန်တော်ဖြစ်စေချင်တာကတော့ တက်ရောက်လာသူတွေ အားလုံးဝိုင်းဆွေးနွေးမယ်ဆိုရင် ပိုကောင်းပါတယ်။ သူကလည်း သူ့အိုင်ဒီယာကိုပြောမယ်၊ ကျွန်တော်တို့ကလည်း ကိုယ့်အမြင်ကို ပြန်ဆွေးနွေးမယ်ဆိုရင် အိုင်ဒီယာတစ်ခု ထွက်လာမလားပေါ့။ ကျွန်တော်တို့က အဲဒါကို ပိုဖြစ်စေချင်တယ်။ အိုင်ဒီယာအသစ် ထွက်လာဖို့ကို မျှော်လင့်ပါတယ်” ဟု Eleven Media Group ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ပါမောက္ခ လာရီဒိုင်းမွန်းသည် အမေရိကန် စတန်းဖို့ဒ်တက္ကသိုလ်တွင် သုတေသန နှင့် သင်တန်းပို့ချမှု ပြုလုပ်နေသူဖြစ်သည်။Journal of Democracy ကို စတင်တည်ထောင်သူတစ်ဦးဖြစ်ပြီး ၎င်းဂျာနယ်တွင် အယ်ဒီတာတစ်ဦးလည်းဖြစ်ကြောင်း သတင်းရရှိသည်။

EMG

No comments:

Post a Comment