address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, December 30, 2013

LG L စီးရီးဖုန်းများတွင်လည်း လက်တောက် ဖွင့်ပိတ်စနစ် ထည့်မည်

LG L Series II စမတ်ဖုန်းတိုင်းမှာ လက်နဲ့ ခေါက်ပြီး ဖွင့်ပိတ်လုပ်တဲ့ စနစ်ကို ထည့်သွင်းတော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။ ယင်း Knock Function ကို ပထမဆုံး LG G2 မှာ စတင်ထည့်သွင်းခဲ့ခြင်း ဖြစ်ပါတယ်။



နောက်တော့ LG G Flex စမတ်ဖုန်း အပျော့နဲ့ LG G Pad 8.3 Tablet တို့မှာလည်း ထည့်သွင်းပေးခဲ့ ပါတယ်။ မျက်နှာပြင် တစ်ခုလုံးကို Power Button အနေနဲ့ ပြောင်းလဲစေခဲ့တဲ့ နည်းပညာ ဖြစ်ပြီး လက်ညိုးနဲ့ ၂ ချက်လောက် သာသာလေး ခေါက်ရုံနဲ့ screen ပွင့်လာမှာ ဖြစ်ပါတယ်။ LG ရဲ့  ပထမဆုံး အိုင်ဒီယာ ဖြစ်ပြီး လူကြိုက်များခဲ့ ပါတယ်။ LG's electronic ရဲ့  Mobile Communication လုပ်ငန်း ဥက္ကဌ Jong-seok Park ကိုယ်တိုင် လည်း ယင်းနည်းပညာကို LG နောက်ထွက် L Series II စမတ်ဖုန်းမှာ ထည့်သွင်းမှာ ဖြစ်ကြောင်း တရားဝင်ပြောပြခဲ့ပါတယ်။

LG Optimus L Seires II ဖုန်းများအနေနဲ့ L3 II, L5 II, L7 II အစရှိသဖြင့် ဖုန်းတွေ ၂၀၁၄ မှာ ထွက်ရှိ လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( smart.com.mm )

No comments:

Post a Comment