address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 3, 2014

ကရင်တိုင်းရင်းသားတို့၏ရိုးရာဝတ်စုံ လူမျိုးတိုင်းကြိုက်နှစ်သက်ကြပုံ



3.3.2014

မြန်မာနိုင်ငံတွင်တိုင်းရင်းသားလူမျိုး အသီးသီးရှိကြသည့်အနက် ကရင်တိုင်း ရင်းသားတို့၏ယဉ်ကျေးမှု(အမျိုးသား၊ အမျိုးသမီး)တို့၏ ရိုးရာဝတ်စုံများကို ပြည်ထောင်စုသားအားလုံးက နှစ်သက် မြတ်နိုးတန်ဖိုးထား၍ ၀တ်ဆင်အသုံးပြု ကြသည်ကိုတွေ့ရှိရသည်။ ကရင်ရိုးရာ ၀တ်စုံများကို မြန်မာနိုင်ငံရှိတိုင်းရင်းသား လူမျိုးများသာမက အချို့သောကမ္ဘာ လှည့်ခရီးသည်များသည်ပင်လျှင် အခါ အားလျော်စွာဝယ်ယူဝတ်ဆင်ကြသည်ကို လည်းတွေ့ရှိခဲ့ရသည်။ အထူးဖော်ပြလို သည်မှာ သာမန်ပြည်ထောင်စုသားများပင် မဆိုထားဘိ ကရင်အမျိုးသားတို့၏ရိုးရာ ၀တ်စုံကိုအမျိုးသားခေါင်းဆောင်ဗိုလ်ချုပ် အောင်ဆန်းနှင့်ဇနီးဒေါ်ခင်ကြည်တို့သည် ပင် မြတ်နိုးတန်ဖိုးထား၍အသုံးပြုဝတ် ဆင်ခဲ့ကြသည့်အထောက်အထားများက ဖော်ညွှန်း၍ထားပေသည်။

၁၉၄၆ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက် နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် မြန်မာပြည်အနှံ့ခရီးဆန့်ခဲ့ရာတွင်ခရီးလမ်း ကြုံ၍ ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ် ကပ်္ပလီကျေးရွာ၌ကျင်းပသည့် ကရင် နှစ်သစ်ကူးပွဲတော်နှင့် ဘာသာရေးဆု တောင်းပွဲအခမ်းအနားသို့တက်ရောက်ခဲ့ သည်။ ကရင်လူထု၏တောင်းဆိုချက်အရ နှစ်သစ်ကူးမိန့်ခွန်းပြောကြားရန်တင်ပြကြ သောအခါ ဗိုလ်ချုပ်သည် ကရင်ရိုးရာ အင်္ကျီဝတ်လိုကြောင်းပြောသဖြင့် ကရင် လူကြီးများက ကရင်ရိုးရာအင်္ကျီသင်တိုင်း ရှည်ကြီးတစ်ထည်ရှာဖွေပေးလျက် ဗိုလ် ချုပ်အား ၀တ်ဆင်စေကာ ကရင်အမျိုး သားများနှင့် မှတ်တမ်းဓာတ်ပုံရိုက်ခဲ့လေ ရာ ထိုသမိုင်းဝင်မှတ်တမ်းဓာတ်ပုံသည် ယနေ့တိုင်ဗိုလ်ချုပ်နှင့်အတူသက်ဝင်လှုပ် ရှား၍ တိုင်းရင်းသားစည်းလုံးညီညွတ်မှု အတွက် အားမာန်ဖြည့်ဆည်းပေးလျက် ရှိ၍နေသည်ကိုတွေ့မြင်ရမည်ဖြစ်သည်။ အလားတူပင် ဗိုလ်ချုပ်ကတော်ဒေါ်ခင် ကြည်မှာလည်း ကရင်ရိုးရာဝတ်စုံကိုမြတ် နိုးတန်ဖိုးထားသူဖြစ်ကြောင်း ၁၉၄၈ခုနှစ်၊ ဧပြီလတွင်ကျင်းပခဲ့သော ပုသိမ်မြို့နယ်၊ ကွင်းယားကျေးရွာ၌ ကျင်းပခဲ့သည့် ““ကရင်ဖားစည်ပွဲတော်””တွင် ဒေါ်ခင်ကြည် ကရင်ရိုးရာဝတ်စုံဖြင့် ၀န်ကြီးစောစံဖိုးသင် ၏ ဇနီးနော်သိန်းခင်နှင့်အတူ တက်ရောက် အားပေးခဲ့သည်ကိုတွေ့ရှိခဲ့ရသည်။ ဤ သည်တို့ကိုကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ် အောင်ဆန်းနှင့်ဇနီးဒေါ်ခင်ကြည်တို့သည် ကရင်လူမျိုးတို့၏ရိုးရာဝတ်စုံများကိုအတူ တကွမြတ်နိုးတန်ဖိုးထား၍ ကြိုက်နှစ် သက်ကြသူများဖြစ်ကြောင်း သိသာထင် ရှားသောအချက်ပင်ဖြစ်သည်ဟု ဆိုချင် ပါသည်။

အမှန်အားဖြင့် ကရင်အမျိုးသား၊ အမျိုးသမီးတို့၏ ရိုးရာဝတ်စုံတို့မှာ သူ့ ခေတ် သူ့အခါနှင့်လိုက်လျောညီစွာ ခေတ်မီတိုးတက်သော (ဒီဇိုင်း)ပုံစံတို့ဖြင့် တည်ထွင်ဖန်တီးလာခဲ့ရာ ခေတ်တိုင်း ခေတ်တိုင်းတွင် ခေတ်နှင့်အညီပို၍ပို၍ လှပထည်ဝါတင့်တယ်လာခဲ့ပြီး လူမျိုး တိုင်းက မြတ်နိုးတန်ဖိုးထားရာအဖြစ် ပေါ်လွင်ရပ်တည်နေနိုင်မှုမှာ ကရင်တိုင်း ရင်းသားတို့အတွက်ဂုဏ်ယူဝင့်ကြွားစရာ ပင်ဖြစ်ပေသည်။ ထို့ကြောင့်လည်း ဤသို့ လှပတင့်တယ်ဂုဏ်ယူဖွယ် ကရင်ရိုးရာ ၀တ်စုံတို့ဖြင့် မြန်မာ့ရုပ်ရှင်ဂီတနာမည် ကျော်အနုပညာရှင်အတော်များများသည် ကရင်ရိုးရာဝတ်စုံကိုဝတ်ဆင်အသုံးပြုကြ လျက် မဂ္ဂဇင်းဂျာနယ်နှင့် စာအုပ်စာစောင် တို့၏ မျက်နှာဖုံးတို့တွင်အလှဆင်ဖော်ပြ ထုတ်ဝေခြင်းများရှိခဲ့သည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရပေသည်။ အထူးသဖြင့် ရုပ်ရှင်အနုပညာရှင်များသည် ကရင်ရိုးရာ ၀တ်စုံများဖြင့် ပြက္ခဒိန်များထုတ်ဝေခဲ့ကြ သည့် မှတ်တမ်းကိုစာရေးသူလက်လှမ်း မီသမျှစုဆောင်းတင်ပြရလျှင်။

၁၉၈၀ခုနှစ်တွင် သာကေတမြို့နယ် မောင်မောင်သန့်ဇော်(ကျားကြီးစာပေ)မှ ဓာတ်ပုံစန်းအောင်(စက်မှုတက္ကသိုလ်)ရိုက် ကူးသည့် သရုပ်ဆောင်ကျော်သူနှင့် မို့မို့မြင့်အောင်တို့ပုံဖြင့် (၁)ရွက်ဆုတ် ပြက်္ခဒိန်ကိုထုတ်ဝေခဲ့သည်။

၁၉၈၁ခုနှစ်တွင် စောစေးရိုးစီစဉ်မှု ဖြင့် အင်းစိန်တိုင်းရင်းသားကရင်ရိုးရာ နှစ်သစ်မင်္ဂလာပွဲတော်ပြက်္ခဒိန်ကို ရုပ်ရှင် သရုပ်ဆောင်ယဉ်ယဉ်အေးပုံဖြင့် ထုတ် ဝေခဲ့သည်။

၁၉၈၆ခုနှစ်တွင် တောင်ငူဆရာ အတတ်သင်ကျောင်းမှသရုပ်ဆောင် ကျော်သူ၊ မို့မို့မြင့်အောင်ပုံတို့ဖြင့်ပြက္ခဒိန် ထုတ်ဝေခဲ့သည်။

၁၉၈၇ခုနှစ်တွင် ပြည်ထောင်စုတိုင်း ရင်းသားလူမျိုးများဖွံ့ဖြိုးရေးသိပ်္ပံမှ ရုပ်ရှင် သရုပ်ဆောင်ရန်အောင်နှင့် မို့မို့မြင့်အောင် ပုံဖြင့်ပြက္ခဒိန်ထုတ်ဝေခဲ့သည်။ ထိုနှစ်မှာ ပင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန သက်သာချောင်ချိရေးအဖွဲ့စီစဉ်မှုဖြင့် သရုပ်ဆောင်ကျော်သူနှင့်မေသန်းနုပုံတို့ ဖြင့် ပြက္ခဒိန်ထုတ်ဝေခဲ့သည်။

၁၉၈၈ခုနှစ်တွင် စစ်မဖြစ်မီရန်ကုန် အရှေ့ပိုင်းမက်သဒစ်ကျောင်းသား/သူ ဟောင်းများအသင်းမှ သရုပ်ဆောင် ကျော်သူနှင့်အကယ်ဒမီမေ၀င်းမောင်ပုံ တို့ဖြင့် ပြက္ခဒိန်ထုတ်ခဲ့သည့် ထိုနှစ်မှာပင် မြောင်းမြဆရာအတတ်သင်သိပ္ပံမှ သရုပ် ဆောင်အကယ်ဒမီခိုင်ခင်ဦးပုံဖြင့် ပြက်္ခဒိန် ထုတ်ဝေခဲ့သည်။

၁၉၈၉ခုနှစ်တွင် ပေါင်းတည်မြို့ ဗုဒ္ဓ ဘာသာလူအိုရုံအသင်းမှ သရုပ်ဆောင် ကျော်သူ၊ တင်နီလာဝင်းပုံဖြင့်ပြက္ခဒိန် ထုတ်ခဲ့သည်။ ထိုနှစ်မှာပင် ယစ်မျိုးဝန်ထမ်း ဟောင်းများနှင့် သားသမီးများ၏ဗုဒ္ဓဘာ သာအသင်းမှ သရုပ်ဆောင်ကျော်သူ၊ မို့မို့မြင့်အောင်ပုံဖြင့် ပြက်္ခဒိန်ထုတ်ဝေခဲ့ သည်။

၁၉၉၀ခုနှစ်တွင် ယစ်မျိုးဝန်ထမ်း ဟောင်းများအသင်းမှ သရုပ်ဆောင် အပြောင်းအလွှဲမရှိဘဲ ဒုတိယအကြိမ် ပြက္ခဒိန်ထုတ်ဝေခဲ့သည်။

၁၉၉၁ခုနှစ်တွင် CMA ပုညကုသလ ဗဟုကရအသင်းမှ သရုပ်ဆောင်ကျော်သူ နှင့် မို့မို့မြင့်အောင်ပုံဖြင့် ပြက်္ခဒိန်ထုတ် ဝေခဲ့သည်။

၁၉၉၂ခုနှစ်တွင် မြန်မာနိုင်ငံဂျူဒို အဖွဲ့ချုပ်မှစီစဉ်မှုဖြင့် သရုပ်ဆောင်ကျော် သူနှင့်မို့မို့မြင့်အောင်ပုံဖြင့် ပြက္ခဒိန်ထုတ် ဝေခဲ့သည်။ ထိုနှစ်မှာပင် CMA ပုည ကုသလဗဟုကရအသင်းမှ သရုပ်ဆောင် ကျော်ရဲအောင်နှင့်စိုးမြတ်သူဇာပုံဖြင့် ပြက္ခဒိန်ထုတ်ဝေခဲ့သည်။

၁၉၉၃ခုနှစ်တွင်CMA ပုညကုသလ ဗဟုကရအသင်းမှ သရုပ်ဆောင်စိုးမြတ် သူဇာပုံဖြင့် ပြက္ခဒိန်ထုတ်ဝေခဲ့သည်။ ထို နှစ်မှာပင်နတ္တလင်းမြို့နယ်အသင်းမှ သရုပ်ဆောင်ရန်အောင်နှင့်စိုးမြတ်သူဇာ ပုံဖြင့်ပြက္ခဒိန်ထုတ်ဝေခဲ့သည်။

၁၉၉၄ခုနှစ်တွင် ပေါင်းတည်မြို့နယ် ဗုဒ္ဓဘာသာလူအိုရုံအသင်းမှသရုပ်ဆောင် လင်းဇာနည်ဇော်ပုံဖြင့်ပြက်္ခဒိန်ထုတ်ခဲ့ သည်။ ထိုနှစ်မှာပင်ကျုံပျော်မြို့နယ် အသင်းမှ သရုပ်ဆောင်အကယ်ဒမီ ရန်အောင်နှင့် စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာ ဗိုပုံတို့ဖြင့် ပြက်္ခဒိန်ထုတ်ဝေ ခဲ့သည်။ အလားတူထိုနှစ်မှာပင် CMA ပုညကုသလဗဟုကရအသင်းမှ သရုပ် ဆောင်ကျော်ရဲအောင်၊ အကယ်ဒမီမို့မို့ မြင့်အောင်ပုံဖြင့်ပြက်္ခဒိန်ထုတ်ဝေခဲ့သည်။

၁၉၉၅ခုနှစ်တွင် ထားဝယ်သမဂ်္ဂမှ သရုပ်ဆောင်လင်းဇာနည်ဇော်(ကျား၊မ) ၀တ်စုံပုံဖြင့်ပြက္ခဒိန်ထုတ်ဝေခဲ့သည်။ ထို နှစ်မှာပင် မြန်မာနိုင်ငံဝူရှူးအဖွဲ့ချုပ်မှ သရုပ်ဆောင်မေသဉ္ဇာဦး၊ မျိုးသန်္တာထွန်း၊ ထက်ထက်မိုးဦးပုံတို့ဖြင့် ပြက္ခဒိန်ထုတ် ဝေခဲ့သည်။

၁၉၉၆ခုနှစ်တွင် ဇလွန်မြို့နယ်မူလ တန်းကြိုကျောင်းမှ သရုပ်ဆောင် နေသူ ရဦး၊ ခိုင်ခင်ဦး၊ မေသဉ္ဇာဦးတို့ပုံဖြင့် ပြက္ခဒိန်ထုတ်ခဲ့သည်။ ထိုနှစ်မှာပင် ပေါင်းတည်မြို့နယ်ဗုဒ်္ဓဘာသာလူအိုရုံ အသင်းမှ သရုပ်ဆောင်နေဆန်း၊ ပန်းဖြူ၊ မြသဉ္ဇာလီပုံတို့ဖြင့်ပြက်္ခဒိန်ထုတ်ခဲ့သည်။

၁၉၉၇ခုနှစ်တွင် သရက်မြို့နယ် အသင်းမှ သရုပ်ဆောင်ထက်ထက်မိုးဦး၊ နေမာနေ၀င်းပုံဖြင့်လည်းကောင်း၊ ရွှေ တောင်မြို့နယ်စာနယ်ဇင်းအဖွဲ့မှ သရုပ် ဆောင် နေသူရဦး၊ ခိုင်သင်းကြည်ပုံဖြင့် လည်းကောင်း၊ လယ်ဝေးမြို့နယ် အေလာ မြို့နယ် နတ်မင်းရောင်ကျောင်းမဟာ ပဋ္ဌာန်းပူဇော်ပွဲဖြစ်မြောက်ရေးအဖွဲ့မှ သရုပ်ဆောင်ဝေဠုကျော်၊ နန္ဒာလှိုင်ပုံတို့ ဖြင့်လည်းကောင်း၊ ပေါင်းတည်မြို့နယ် စာနယ်ဇင်းအဖွဲ့မှသရုပ်ဆောင် ခိုင်သင်း ကြည်ပုံဖြင့်လည်းကောင်း၊ ပန်းတောင်း မြို့နယ်အသင်းမှသရုပ်ဆောင်ကိုကိုလင်း မောင်၊ နန္ဒာလှိုင်နှင့် ကလေးများပုံဖြင့် လည်းကောင်း၊ ပေါင်းတည်မြို့နယ်လူအို ရုံအသင်းမှသရုပ်ဆောင်ကျော်ရဲအောင်၊ နန်္ဒာလှိုင်၊ အေးမြတ်နိုးခင်ပုံတို့ဖြင့် ကရင် ရိုးရာဝတ်စုံဝတ်ဆင်ကာ မြိုင်ဆိုင်ဝေ ဆာစွာထုတ်ဝေခဲ့ကြသည်မှာ ကရင် တိုင်းရင်းသားတို့အတွက်ဂုဏ်ယူဝမ်းမြောက် စရာနှင့် သမိုင်းမှတ်တမ်းတင်စရာအဖြစ် လေ့လာတင်ပြရေးသားဖော်ပြရပါကြောင်း။

စောကျော်အေး (ကွမ်းခြံကုန်း)
Hot News

No comments:

Post a Comment