address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 12, 2014

ဒီနေ့ 12-3-2014့ မြ၀တီမြို့ နယ် ရွေကုက္ကိုလ်ကျေးရွာ ရွေကုက္ကိုလ်ဘုန်းကြီးကျောင်းမှာနာမည်ကြီး အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါးရဲ့ နောက်ဆုံးခရီး အသုဘပို့ ဆောင်ရန်ဖြစ်ပါတယ်


12.3.2014

အရှေ့ ပိုးကရင်အဆိုတော် စောထူးဝါသည် လွန်ခဲ့သော ၆ရက်နေ့ ညမှာ ထိုင်းနိုင်ငံမဲဆောက်မြိုအနီး တစ်ဝိုက်မှာ အသတ်ခဲခဲ့ရပါတယ်
စောထူးဝါးကိုသတ်ခဲ့တဲ့ တရာယ်ခံထိုင်းလူမျိုးတစ်ဦး ကို အခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲပါ စောထူးဝါးရဲ့ နောက်ဆုံးခရီး အသုဘပို့ ဆောင်ရန်စီစဉ် သူ မှာ ရွေကုက္ကိုလ်က ဗိုလ်မှူးချုပ်စောချစ်သူဖြစ်ပြီး ကရင်ပြည်နယ်က အနုပညာရှင်များ ထိုင်းနိုင်ငံ မဲဆောက် ဘန်ကောက်က ကရင်အနုပညာရှင်များနှင့် စောထူးဝါးတေးချစ်ပရိတ်သတ်များလူထူနှင့်ရဟန်းရှင်လူ လူကြီးမင်းများစုပေါင်းအယောက်တစ်ထောင်ကျော်ရောက်ရှိလာပြီး အသုဘပို့ ဆောင်ကြပါတယ် ညနေပိုင်း မှာတော့ စောထူးဝါးရဲ့ နောက်ဆုံးခရီးကိုဝမ်းနည်းတဲ့အထိမ်းအမှတ်အနေနဲ့ အရှေ့ ပိုးကရင် အနုပညာ ရှင်များအားလုံး စောထူးဝါးရဲ့ အောင်မြင်ကျော်ကြားမှုပုံရိပ်များကို ပုံဖေါ်ပြီး ဂုဏ်ပြုတဲ့အနေနဲ့ ည စတိတ်ရှိုးပွဲ ကျင်းပပေးမှာဖြစ်ပါတယ်စောထူးဝါး နောက်ဆုံးခရီးကို ကူညီလိုက်ပါပို့ ဆောင်ပေးတဲ့ ကရင်အနုပညာရှင်များတိုရင်ဖွင့်သံများစုစည်းတင်ပြပေးလိုက်ပါတယ်
စောဘီးဘီ----စောထူးဝါးကိုအရမ်းနှမျောတယ် သူဟာတကယ်ထွန်းတောက်ပြီး တောက်ပအောင်မြင် တဲ့ ကရင် အနုပညာရှင်ကြယ်လေးတစ်ပွင့်ပါသူဟာအလွန်တန်ဘိုးကြီးတယ်သူဒီလိုမျိုးဖြစ်သွားတာသူ့ အတွက် အရမ်းစိတ် ထိခိုက်တယ်
လေးလေး----အားလုံးလိုလိုပါပဲစိတ်မကောင်းစရာတွေပါ စောထူးဝါးနဲ့ ကျနော်ဟာ ညီအကိုမောင်နှမ လိုတကယ် ခင်တယ် ချစ်လည်းချစ်တယ် သူဒီလိုမျိုးဆုံးသွားတော့အရမ်းနှမျောတယ်ဗျာ
ထီ့လ်ုမုက်-----ဘာကိုဘာပြောရမှန်းမသိတော့ပါ အားလုံးစိတ်ထိခိုက်ပါတယ် စောထူးဝါးနှင့်ကျန်ရစ်သူ သူမိသားစုနှင့်တကွအရမ်းသနားတယ် သူကစိတ်ရင်းစေတနာအရမ်းကောင်းတဲ့ ကရင်အနုပညာရှင် တစ်ယောက်အရမ်းနှမျော တယ်လို့ ကရင်အနုပညာရှင်များတစ်ချို့ ရဲ့ ရင်ဖွင် သံများကို စုစည်းပြီး တင်ပြပေး လိုက်ပါ တယ်ခင်ဗျာ
စောထူးဝါးတစ်ယောက်ကောင်းရာသုဂတိလားပါစေ။
ကျန်ရစ်သူ သူ့ မိသားစုနှင့်တကွထပ်တူထပ်မျဝမ်းနည်းပါကြောင်း


(အလှဒသနပန်းခင်းမီဒီယာ)

No comments:

Post a Comment