address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, March 28, 2014

MH370 အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုသစ် ၁၂၀ကျော် ထပ်မံတွေ့ရှိ




28.3.2014

ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုအခုပေါင်း ၁၂၀ ကျော်ကို အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းမှာ ဆက်တလိုက် ဂြိုလ်တု ကနေတဆင့် ထပ်မံတွေ့ရှိခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက Airbus လို့ခေါ်တဲ့ ကုမ္ပဏီက တွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီအစိတ်အပိုင်း အခုပေါင်း ၁၂၂ ခုဟာ အိန္ဒိယသမုဒ္ဒရာရေပြင်ရဲ့ စတုရန်းမီတာ ၄၀၀ ၀န်းကျင် အတွင်းမှာ ပြန့်ကျဲနေတာ ဖြစ်ပါတယ်။
အဲဒီ အစိတ်အပိုင်းတွေဟာ အရွယ်အစားအားဖြင့် တစ်မီတာကနေ ၂၃ မီတာအကြားမှာ ရှိကြကြောင်းလည်း ပြောပါတယ်။

တချို့ အစိတ် အပိုင်းတွေ မှာတော့ တောက်ပနေတဲ့ အရောင်တွေ ပါဝင်ပြီး တောင့်တင်း ခိုင်မာတဲ့ အရာဝတ္ထုတွေ ဖြစ်မယ်လို့ ခန့်မှန်းနေကြပါတယ်။
အဲဒီနေရာ တဝိုက်မှာပဲ သြစတြေးလျ၊ တရုတ်နဲ့ ပြင်သစ်နိုင်ငံတို့ ကလည်း လေယာဉ်ရဲ့ အပိုင်းအစလို့ ယူဆရတဲ့ အရာဝတ္ထုတချို့ကို အရင်တပတ်တုန်းက တွေ့ရှိခဲ့ကြပါတယ်။

ဒါပေမယ့် အခုဆက်တလိုက် ဂြိုလ်တုပေါ်က တွေ့ရှိတဲ့ အပိုင်းအစတွေဟာ ပျောက်ဆုံးနေတဲ့ လေယာဉ်ရဲ့ အပိုင်းအစဟုတ်မဟုတ် ဆိုတာကို ခုချိန်ထိ မသိနိုင်သေးပါဘူး။

လေယာဉ်ပျံသန်းမှု မှတ်တမ်းတွေပါဝင်တဲ့ Black Box ကို အချိန်မှီ ရှာတွေ့နိုင်ဖို့ကလည်း စိန်ခေါ်မှု တစ်ခု ဖြစ်နေပါတယ်။

အဲဒီ Black Box ဟာ ရက်ပေါင်း ၃၀ အတွင်း သူရှိရာနေရာကို အချက်ပြနိုင်စွမ်းရှိပေမယ့် ပင်လယ်ရေ အနက် ၄ ကီလိုမီတာလောက်သာ အချက်ပြနိုင်တာဖြစ်ပါတယ်။

ဒါကြောင့် ပျောက်ဆုံးနေတဲ့ မလေးရှားလေယာဉ်ရဲ့ ပျံသန်းမှုမှတ်တမ်း Black Box ရဲ့ ဘက်ထရီသက်တမ်းဟာ ဧပြီလ ၇ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းရဲ့ မိုးလေဝသအခြေအနေအရ ဒီကနေ့ဟာ မိုးရွာပြီး လျှပ်စီးတွေလက်မှာဖြစ်သလို လေပြင်းထန်မှာ ဖြစ်တဲ့အတွက် ရှာဖွေမှုမှာ အခက်အခဲဖြစ်နိုင်ကြောင်းလည်း သိရပါတယ်။

ABC Radio Australia

No comments:

Post a Comment