address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 18, 2014

KNU/KNLA ငြိမ်းချမ်းရေးကောင်စီ စီးပွားရေးတာဝန်ခံထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ



မတ် ၁၈ ရက်
ကရင်ပြည်နယ်ဘားအံမြို့နယ်သံလွင်တံတားတွင်မတ်၁၇ရက်နေ့၌ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှဖတ်သန်းသွားလာနေသောယာဉ်များအားရှာဖွေစစ်ဆေးခဲ့ရာKNU/KNLA့ငြိမ်းချမ်းရေးကောင်စီ၊စီးပွားရေးတာဝန်ခံထံမှစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းပူးပေါင်းအဖွဲ့ထံမှ သိရသည်။

အဆိုပါုဖြစ်စဉ်မှာ ဘားအံမြို့နယ် ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ သံလွင် တံတား ပေါ်၌ ဖြတ်သန်းသွားလာနေသော ကုန်တင်ယာဉ်နှင့် ခရီးသွားယာဉ်များအား ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေစဉ် KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ စီးပွားရေးတာဝန်ခံနှင့်အဖွဲ့ဝင် တစ်ဦး မောင်းနှင်လာသောမတ်တူးအဖြူရောင်(၂)စီးအားရပ်တန့်ရှာဖွေရာမှWYစာတန်းပါစိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ပူးပေါင်းအဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့ ပါသည်။

“မူးယစ်ဆေးဝါးသတင်းရတာနဲ့ပူးပေါင်းအဖွဲ့ကတံတားပေါ်ဖြတ်တဲ့ကားမှန်သမျှ စစ်ဆေးနေတာပါ၊ ငြိမ်းချမ်း ရေးအဖွဲ့အစည်းကလို့ ပြောပေမယ့် အဖွဲ့ဝင်(၂)ယောက်လုံးက ကရင်ရုပ်လည်း မပေါက်တော့ မသင်္ကာတာနဲ့ ရှာခဲ့တာပါ၊ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ရှာတွေ့ပြီးတော့မှ ဆက်ပြီး ရှာဖွေတဲ့အခါ တရားမ၀င် လက်နက် ခဲယမ်းတွေကိုလည်း ဖမ်းမိခဲ့တာပါ ” ဟု ဘားအံမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ၊တရားမ၀င်လက်နက်ခဲယမ်းများနှင့်အတူဖမ်းဆီးရမိသောKNU/KNLAငြိမ်းချမ်းရေးကောင်စီစီးပွားရေး တာ  ၀န်ခံမှာ ဗဟိုဌာနချုပ်မှ တာဝန်ပေးထားသော မွန်ပြည်နယ် ကျိုက်ထို တာဝန်ခံ ဗိုလ်ကြီး စောလာဒင်(ခ)စောမျိုးအောင် ဖြစ်ပြီး မြ၀တီမြို့၌ဘင်ဘာဒင်အမည်ဖြင့်နေထိုင်သောမွတ်ဆလင်လူမျိုးဖြစ်ကြောင်းနှင့်အဖွဲ့ဝင်တစ်ဦးမှာလည်းဇင်ကိုမွတ်ဆလင်လူမျိုးဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့ဝင်နှစ်ဦးထံမှစိတ်ကြွရူးသွပ်ဆေးပြားများ၊တရားမ၀င် လက်နက်ခဲယမ်းများ အပါအ၀င် အဖွဲ့ အစည်းနှင့်ပတ်သက်သော KNU/KNLAငြိမ်းချမ်းရေးကောင်စီတံဆိပ်ဝိုင်း(၁)ခု၊တာဝန်ပေးအပ်ခြင်းထာက်ခံချက်၊ခရီးသွားလာခွင့်ထောက်ခံချက်၊ရွက်စာတမ်းများ ကို လည်း ထပ်မံရှာဖွေ တွေ့ရှိခဲ့ကြောင်း ယင်းရဲအရာရှိက ဆက်လက်ပြောကြားသွားခဲ့ပါသည်။

စောအယ်သာ(ဘားအံ)

No comments:

Post a Comment