address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 10, 2014

မောင်တော၊ ဒုချီးရားတန်း(အလယ်)ကျေးရွာတွင် ဘင်္ဂါလီတစ်ဦးက မိမိနေအိမ်အား ဓာတ်ဆီဖြင့်မီးရှို့မှုကြောင့် နေအိမ် ၁၂ လုံးနှင့် ဗလီငယ်တစ်လုံး ကူးစက်မီးလောင်




10.3.2014

ကင်းလှည့်ရဲတပ်ဖွဲ့အား တိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ရာ မောင်တော၊ ဒုချီးရားတန်း (အလယ်) ကျေးရွာတွင် ဘင်္ဂါလီတစ်ဦးက မိမိနေအိမ်အား ဓာတ်ဆီဖြင့် မီးရှို့မှုကြောင့် နေအိမ်ငယ် ၁၂ လုံးနှင့် ဗလီငယ်တစ်လုံး ကူးစက်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ၎င်းရွာနေ မျက်မြင်ဘင်္ဂလီ အမျိုးသမီးနှစ်ဦးအား စစ်ဆေးရာ ဒုချီးရားတန်း (အလယ်) ဘင်္ဂါလီကျေးရွာနေ ဘင်္ဂါလီလူမျိုး ဆော်လီမူလာမှာ တိမ်းရှောင်နေရာမှ မိမိနေအိမ်သို့ ပြန်လာပြီး ဓာတ်ဆီဖြင့် မိမိနေအိမ်ကို စတင်မီးရှို့ခဲ့ရာမှ အနီးအနားရှိ နေအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုနှင့်ပတ်သက်ပြီး အနီးကပ် စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်နေသည့် အမှတ် (၄) ရဲတပ်ရင်းမှ ကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုက အတည်ပြုပြောကြားသည်။

မီးလောင်မှုမှာ မတ် ၉ ရက် နံနက် ၁၀ နာရီ ငါးမိနစ်အချိန်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မီးစတင်ရှို့ခဲ့သည့်နေအိမ် အပါအ၀င် နေအိမ် ၁၂ လုံးနှင့် ကျေးရွာရှိ ဗလီပါ ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ မွန်းတည့် ၁၁ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ မီးရှို့သွားသူ ဆော်လီမူလာမှာ ထွက်ပြေးလွတ်မြောက်နေပြီး သက်ဆိုင်ရာမှ လိုက်လံရှာဖွေနေကြောင်း သိရသည်။

“စမီးရှို့ခံရတဲ့ နေအိမ်က မောင်တော-အလယ်သန်ကျော်လမ်းကနေ ဒုချီးရားတန်းရွာ (အလယ်ရွာ) ကို အ၀င်မှာရှိတဲ့ ဗလီပတ်ဝန်းကျင်က နေအိမ်တွေ လောင်တာဖြစ်တယ်။ မီးရှို့တဲ့သူက ဆော်လိမ်မူလာက ကိုယ့်အိမ်ကိုယ်လာပြီး မီးရှို့တာဖြစ်တယ်။ အဲဒီကနေစပြီး ကူးစက်မီးလောင်သွားတာဖြစ်တယ်။ ဆော်လိမ်မူလာ မီးရှို့တာကို အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ အမျိုးသမီးတွေက မြင်တယ်။ အခုမျက်မြင်သက်သေ ဘင်္ဂါလီအမျိုးသမီးနှစ်ဦးကို တရားရုံးမှာ ကြိုတင်ထွက်ဆိုချက် ယူထားတယ်” ဟု အမှတ် (၄) ရဲတပ်ရင်းများကွပ် ကဲမှုရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မောင်တောမြို့မ ရဲစခန်းမှ (ပ) ၄၄/၂၀၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မီးလောင်ရခြင်း အကြောင်းအရင်းနှင့် ဆုံးရှုံးမှုတန်ဖိုးအား စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

-
ဒုချီးယားတန်း (အလယ်) ကျေးရွာရှိ မီးလောင်ကျွမ်းခဲ့သည့် နေအိမ်များအား တွေ့ရစဉ်

Eleven Media Group

No comments:

Post a Comment