address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 17, 2014

တပ်မတော်နှင့် အစိုးရ တစ်သားတည်းဖြစ်ရန် ကြိုးပမ်းနေဟု သမ္မတပြော


တပ်မတော်အနေဖြင့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ်နိုင်ငံတော်အစိုးရနှင့်တသားတည်းရှိပြီးဟန်ချက်ညီညီအကောင်အထည်ဖော်ရန်ကြိုးပမ်းနေသည်ဟုသမ္မတဦးသိန်းစိန်ကကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မတ်လ ၁၆ ရက်တွင်တိုင်းရင်းသားပြည်သူများနှင့် တွေ့ ဆုံစဉ်ပြောကြားခဲ့သည်။
သမ္မတ၏ မြစ်ကြီးနားမြို့တွင် ကချင်လူထုနှင့် တွေ့ဆုံစဉ် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်ကို သမ္မတ၏ ပြောရေးဆိုခွင့် ရှိ သူပြန်ကြားရေးဝန်ကြီးဦးရဲထွဋ်ကသူ၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားခြင်း ဖြစ်သည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းအပေါ် တပ်မတော်၊ ကေအိုင်အေနှင့် ပြည်သူများ ထိခိုက်ရပြီး ယင်းကဲ့သို့ ထိ ခိုက်ဆုံးရှုံးမှုများသည်မည်သည့်ဘက်ကထိခိုက်မှုရှိရှိတိုင်းပြည်ဆုံးရှုံးခြင်းသာဖြစ်ပြီးသမ္မတအနေဖြင့် ဝမ်းနည်းရသည် ဟု ပြောကြား ခဲ့သည်။

ထို့အပြင်ယင်းကဲ့သို့သောအဖြစ်များကိုသင်ခန်းစာယူကာနှစ်ဖက်ဖြေရှင်းဆောင်ရွက်ရမည့်နည်းလမ်းများကိုအဓိကထားရှာဖွေရန်သမ္မ တဦးသိန်းစိန်က တိုက်တွန်းလိုက်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍လည်းသမ္မတဦးသိန်းစိန်ကနှစ်ဦးနျှစ်ဘက်အပစ်အခတ်ရပ်စဲရုံနှင့်မပြီးဘဲနိုင်ငံရေးနည်း လမ်းဖြင့် အဖြေရှာ ရန်၊ နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်လုပ်ဆောင်သွားရန် ပြောကြား ခဲ့သည်။

BNI

No comments:

Post a Comment