address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, March 16, 2014

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ရုရှဗီတိုအာဏာသုံး ပယ်ဖျက်

ယူကရိန်းနိုင်ငံရဲ့ခရိုင်းမီးယားဒေသရုရှကိုပူးပေါင်းရေးလူထုဆန္ဒခံယူပွဲကိုတရားမ၀င်ကြောင်းကြေညာရေးနဲ့င်ငံတွေင်ငံတကာအဖွဲ့အစည်းတွေကအသိအမှတ်မပြုရေးကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်မူကြမ်းကိုရုရှအစိုးရကမတ်လ၁၅ရက်နေ့ကတိုအာဏာသုံး ပယ်ဖျက်လိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မဲပေးမှု မလုပ်ခင်တည်းက ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗစ်တာလေ ချာကင် က ရုရှဟာ ဒီဆုံးဖြတ်ချက်ကို ဆန့်ကျင်မဲပေးမယ်ဆိုတာ ဘယ်သူ့အတွက်မှ လျှို့ဝှက်ချက် မဟုတ်တဲ့ ကိစ္စပဲလို့ ပြောခဲ့ပြီးသားပါ။ 
ခရိုင်းမီးယားပြည်သူတွေဟာသူတို့ရဲ့အနာဂတ်ကိုသူတို့ဆုံးဖြတ်ခွင့်ရှိတဲ့နေရာမှာစီစဉ်ပြီးသား လူထုဆန္ဒခံယူပွဲကို တရားမ၀င်ဘူးလို့ ကြေညာတာကို ကျနော်တို့က အခြေခံယူဆချက်အရနဲ့ကို ဆက်မသွားနိုင်ဘူးလို့ သူက ပြောပါတယ်။
လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ ၁၅ နိုင်ငံထဲက ၁၃ နိုင်ငံက ထောက်ခံမဲ တရုတ်ကကြားနေမဲနဲ့ ရုရှက ကန့်ကွက်မဲ ပေးခဲ့တာပါ။ ရုရှနဲ့ တရုတ်တို့က လုံခြုံရေးကောင်စီတွင်း ဗီတိုအာဏာ သုံးခွင့်ရှိတဲ့ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတွေဖြစ်ပါတယ်။
ခရိုင်းမီးယားဒေသတွင်းမတ်လ၁၆ရက်နေ့ကမဲပေးမှုကိုယူကရိန်းအစိုးရကတရားမ၀င်ဘူးလို့ကြေညာပလပ်ခဲ့ပြီးစစ်အေးခေတ်အပြီး  အရှေ့အနောက် အကျပ်အတည်းရဲ့အဆိုးရွားဆုံး အခြေအနေဖြစ်အောင် အစပျိုးပေးတဲ့ လုပ်ရပ်လို့ ဆိုပါတယ်။
ခရိုင်းမီးယား ဒေသအတွက်သာမက မတ်လ ၁၄ ရက်နေ့နှောင်းပိုင်းက အဓိကရုဏ်းအတွင်း လူ ၂ ယောက် ထပ်သေဆုံးခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းမှာပါ တင်းမာမှုတွေ တိုးလာအောင် တဖက်သတ် လုပ်ဆောင်မှု လို့လည်း မီဒီယာတွေက ဖော်ပြပါတယ်။
DVB


No comments:

Post a Comment