address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, March 16, 2014

သံလွင်‌မြစ်‌‌ရေရောင်းစားရန်မဟုတ် ဆုတောင်းဆန္ဒထုတ်‌‌ ဖော်

သံလွင်မြစ်ရေသည် ရောင်းစားရန်မဟုတ်ပါ၊ သံလွင်မြစ်သည် ကျနော်တို့၏ အသက်သွေးကြောဖြစ်သည် စသောဆိုင်းဘုတ်များ ကိုင်ဆောင် ကာ သံလွင်မြစ်သဲသောင်ပြင်ပေါ်၌ မတ်လ ၁၄ ရက်က ဆန္ဒထုတ်‌‌ဖော် ဆုတောင်းပွဲများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
မွန်ပြည်နယ်၊မ်ာလမြိုင်မြို့-မုတ္တမ-ဘီလူးကျွန်းကြားရှိ သံလွင်မြစ်သဲသောင်ပြင်ပေါ်တွင် မြန်မာနိုင်ငံ သဘာဝပတ်ဝန်းကျင် မြစ်ချောင်း ထိန်းသိမ်းရေးကွန်ယက်မှ တိုင်းရင်းသားများ ဆန္ဒထုတ်ဖော်ဆုတောင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ကရင်သဘာဝပတ်ဝန်းကျင်လူမှုရေးဆိုင်ရာလှုပ်ရှားမှုကွန်ယက်မှစာအဲလက်က“ကျနော်တို့ယုံကြည်ကိုးကွယ်တဲ့ဘာသာနဲ့ဆုတောင်းပွဲလုပ်ခဲ့တယ်။ တည်ဆောက်လိုက်တဲ့ရေကာတာကြောင့်ရမြှပ်သွားမှာဖြစ်လို့ အိုးမဲ့အိမ်မဲ့ဖြစ်သွားမယ့်လူတွေအတွက် ဘယ်သူ တာဝန် ယူပေး မလဲ ဆိုတာကို ဟောပြောပွဲတာတွေလုပ်တယ်” ပြောသည်။
ရေကာတာတည်ဆောက်ပါက သံလွင်မြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများ အမြင့်ဆုံး ဒုက္ခကြုံလာ နိုင် သည့်အတွက် ရေကာတာ ၄င်းစီမံကိန်းများရပ်တန့်သွားစေရန် ရည်ရွယ်ပြီး ဆန္ဒထုတ်ဖော်ခဲ့သည်ဟု သိရသည်။
မွန်လူငယ်ပညာပေးအဖွဲ့ နိုင်လတအောင် က “ ဒီသံလွင်မြစ်ဟာ ကျနော်တို့ မွန်လူထုရဲ့ အသက်သွေးကြောဖြစ် တယ်”ဟု ပြော သည်။
ထို့အပြင် အစိုးရ၊ စီးပွားရေး ကုမ္ပဏီ လုပ်ငန်းရှင်များ အနေဖြင့် မြန်မာပြည်သူလူထု အသက်ပေါင်းများစွာ ဒုက္ခရောက်စေမည့် ရေ ကာ တာဆောက်လုပ်ခြင်း လုပ်ငန်းအားလုံးကို ရပ်တန့်ပေးပါဟု တောင်းဆိုခဲ့သည်။
ရခိုင်ပြည်နယ်မဇ္ဈိမကွန်ယက်တာဝန်ခံကိုတင်ဦးက“သဘာဝအတိုင်း စီးဆင်းနေတဲ့ မြစ်ချောင်းများကို သဘာဝတိုင်း စီး ဆင်းခွင့်ပေး ပါ” ဟုတောင်းဆိုခဲ့သည်။
ထိုဆန္ဒထုတ်ဖော်ဆုတောင်းပွဲသို့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ တအောင်း စသော တိုင်းရင်းသား လူငယ်များက ကမ္ဘာ့ရေကာတာဆန့်ကျင်ရေးနေ့တွင် စုစုပေါင်း လူအင်အား ၂၀၀ ခန့် ဆန္ဒထုတ်ဖေါ် ဆုတောင်းပွဲပြုလုပ်ကြခြင်း ဖြစ်သည်။
ထို့အတူ သံလွင်မြစ်ပေါ်တည်ဆောက်ထားသော ရေကာတာ စီမံကိန်း ၆ ခု ရပ်ဆိုင်းပေးရန် ဒေသခံတိုင်း ရင်းသား ပြည်သူလူထု ၃ သောင်းကျော်၊ နိုင်ငံရေးပါတီများ နှင့် လူမှုအဖွဲ့အစည်း ၁၃၁ ဖွဲ့တို့က လက်မှတ်ရေး ထိုး တောင်းဆိုခဲ့သည်။
သံလွင်မြစ်ကြောင်းပေါ်၌ ကရင်ပြည်နယ်တွင် ဟတ်ကြီး၊ ဒါးကွင်း၊ ကရင်နီပြည်နယ်တွင် ရွာသစ်၊ ရှမ်းပြည်နယ် တွင် ကွမ်းလုံ၊ နောင်ဖါနှင့်တာဆန်းရကာတာရေအားလျပ်စစ်စီမံကိန်းများအတွက်  တရုပ်နှင့်ထိုင်းနိုင်ငံတို့အား မြန်မာအစိုးရ သဘောတူထားကြပြီး အကောင်အထည်ဖေါ်နေခြင်းဖြစ်သည်။
BNI

No comments:

Post a Comment