သတင်းတွေထဲမှာ
”သစ်မှောင်ခို ဖမ်းဆီးရမိ” ဆိုတဲ့ဟာမျိုးတွေ မကြာ ခဏတွေ့နေရပါတယ်။ ”မှောင်ခို”
လို့ သာသုံးပေမယ့် မှောင် ခိုတွေ မဟုတ်ဘူးခင် ဗျ။ မော်တော် ကားကြီး၊ ပိုကြီးတဲ့ ကား
ကြီးတွေနဲ့ တရားဝင်နီးနီး သယ်ယူနေကြတာပါ။
ကျွန်တော်နေတဲ့
တောင်ဒဂုံလမ်းမှာဆိုရင် နေ့စဉ်သစ်ကားချည်းပဲ အစီးနှစ်ဆယ်နီးနီးတွေ့နေ ရပါ တယ်။
ဘယ်ဟာက မှောင်ခိုပြီး ဘယ်လို ဖြစ်မှ တရားဝင်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။
ခရီးတွေထွက်တဲ့အခါမှာလည်း
လမ်းဘေးမှာခုတ်ပြီးသား သစ်ပုံကြီးတွေ ဟီးထနေတာ တွေ့ရ ပါတယ်။ ဒါတွေဟာ တရားဝင်တာ လား၊
တရားမဝင်လားဆိုတာ မသိရပေ မယ့် လမ်းဘေးမှာေ တာ့ ခပ်တည်တည် ပုံထားတာ တွေ့ရပါတယ်။
ဒါတွေကိုပဲ ကားကြီး တွေနဲ့တင်တဲ့ အခါ မှောင်ခိုနဲ့တရား ဝင်ဆိုတာ
ကွဲသွားမယ်ထင်ပါတယ်။ ကျွန်ေ တာ် မရှင်းတာ ရှိပါတယ်။ သစ်မှောင်ခိုဆိုတာ
ကားပေါ်တင်ပြီးမှ ဖြစ်တာလား။
ဒီသစ်တွေ ခုတ်နေတုန်းက
ဘာလို့ မမိကြတာလဲ။ ဆိုပါတော့။ အဲဒီသစ်တွေကို ဝှက် မရ၊ ဖုံးမရတဲ့ကားကြီးတွေနဲ့
တင်ပြီး မြန် မာနိုင်ငံ အနှံ့ မှာရှိတဲ့ စစ်ဆေးရေးဂိတ်တွေကို ဘယ်လို ဖြတ်သန်းလာကြလဲ။
ဒီဂိတ်တွေက ဒီကားတွေကို ဘာကြောင့် မမြင်ကြ တာ လဲ။ ကားပေါ်မှာ ကမ္ဘာကျော် မျက်လှည့်
ဆရာကြီး ဒေးဗစ်ကော်ပါဖီးလ်များပါလာလို့ လူတွေ မမြင်ကြတာလား။ ဒါမှမဟုတ်
ခြင်္သေ့တွေကြောင့် လား။ စဉ်းစားစရာပါပဲ။
သစ်ခိုးထုတ်တာချင်း အတူတူ
ဘယ်ဟာက မှောင်ခိုဖြစ်နေတာပါလဲ။ ဘယ်ဟာကိုဘယ်သူက တရားဝင် ”ခိုးထုတ်”
ခွင့်ပြုထား တာပါလဲ။ ဒါတွေလည်း မှောင်ခို မဖြစ် ဘူး လား။သိမ်းပြီးဘာပြန်လုပ် လဲ..
မြေသိမ်းယာသိမ်း သတင်းတွေလည်း ပလူပျံအောင် မကြာ မကြာကြား နေရပါတယ်။ မြေကလည်း
ဘယ်သူပိုင်တွေ ဘယ်လောက်များ လဲေ တာ့ မသိပါဘူး။ သိမ်းလိုက်တဲ့ အသိမ်း ကတော့
မနည်းလှပါဘူး။ ဒါပေမဲ့ ဒီမြေတွေသိမ်းပြီး ဘာပြန်လုပ်တယ်ဆိုတာ ဘာမှ မသိရတာပါပဲ။
ဘာမှ ပြန်မလုပ် ရင်ေ တာ့ မေးစရာမေးခွန်း ရှိပါတယ်။
”လိုအပ်လို့ သိမ်းတာလား”
”လိုလို့ သိမ်းတာလား”
လိုအပ်လို့
သိမ်းတာဆိုရင်တော့ ဘာကြောင့်လိုအပ်တယ်ဆိုတာကို အကြောင်းပြချက်တော့ ရှိသင့်ပါတယ်။
ဒီနေရာမှာ ဘာလုပ်မယ်။ ဘယ်လို ပြင် ဆင် မယ်စ သည်ဖြင့်ပေါ့။ အဲ..လိုလို့
သိမ်းတာဆိုရင်တော့..
ဆောင်ပုဒ်လေးတော့ကောင်းပါရဲ့
သိပ်ကိုကြိုက်စရာ
ကောင်းတဲ့ ဆောင်ပုဒ်လေးပါပဲ..
ဥပဒေဘောင်တွင်း၊
နေထိုင်ခြင်း
ဘေးကင်းရန်ကွာ၊
စိတ်ချမ်းသာ
မှန်တာပေါ့ဗျာ။ ဘယ်သူမဆို
ဥပဒေဘောင်အတွင်းမှာပဲ နေချင်ကြတာပေါ့။ ဥပဒေပြင်ပ နေချင်ရအောင် သူပုန်မှမဟုတ်တာ။
ဒါပေမဲ့ ဥပဒေဘောင် အတွင်း နေ ထိုင်ပါပြီတဲ့..ဘေးကင်းရန်ကွာရော တကယ်ရော ရှိပြီလား။
နေ့ခင်းကြောင်တောင်၊ ဥပဒေ ဘောင်ထဲ နေတဲ့သူတွေကို ဓားပြဝင်တိုက်လိုတိုက်။
အုပ်စုဖွဲ့ပြီး ရိုက်လိုရိုက်နဲ့၊ ဘယ်လိုစိတ်ချမ်းသာနိုင်မှာလဲ။
ဒါတွေကို ဥပဒေနဲ့
နှိမ်နင်းလို့ မရသေးဘူးလား။ ဒါတွေနေ့စဉ်ဖြစ်နေပါလျက် ”ဥပဒေ ဘောင်တွင်း
နေထိုင်ခြင်း” က ဘယ်နှယ် ကြောင့် ”ဘေးကင်းရန် ကွာစိတ်ချမ်းသာ” မှာလဲ။
တစ်ခုပဲရှိပါတယ်။ ဘေးကင်းရန် ကွာနေချင်သူများ စုလိုက်ပါ။ ပြီးရင်
”ထောင်ဆောက်ပေးလိုက်ပါ။ ဥပဒေဘောင် အတွင်း နေ ထိုင်ချင်သူအားလုံး
အဲဒီထောင်ထဲထည့်လိုက်ပါ” ဒါဆိုရင်တော့ အားလုံးလုံ ခြုံသွားမှာပါ။
ပြစ်ဒဏ်တွေ လျှော့ဈေး
ပြစ်ဒဏ်တွေ
လျှော့ဈေးနဲ့ရပြီဆိုပြီး ဝမ်းမသာကြပါနဲ့ဦး။ အခြားပြစ်ဒဏ်တွေကတော့
အရင်အတိုင်းပါပဲ။ (တချို့ ဆိုပိုတောင်ခံ ရဦးမှာပါ။) ဒါပေမဲ့ တစ်ခါမှ မသိရဖူး တဲ့
ငွေကြေး ခဝါချမှုတွေမှာတော့ ရှိပြီးသားထက်ကို ပိုလျော့သော ပြစ်ဒဏ်ခံရမှာ ပါ။ အရင်က
သုံးနှစ်နဲ့အထက်လို့ ဆိုပေမယ့် အခုတစ်နှစ်နဲ့ အထက် ဆိုပြီး နှစ်နှစ် စာဒစ်စကောင့်
ချလိုက်ပါတော့တယ်။ ဘီလျံ နာတွေအ တွက် ဝမ်းသာ စရာ သတင်းကောင်းပေါ့ဗျာ။
ဥပဒေပြင်တာဘာကြောင့်
ဒီနေရာကစပြီး ပြင် တာလဲ ဆို တာကလည်း စဉ်းစားစရာပါပဲ။ ဒီအ တိုင်းဆို ယခင်က
ပြောင်ပြောင် တင်းတင်း အခွန်ရှောင်နေတဲ့ မြန်မာ့ဘီလျံနာများ အခုတော့ အဲဒီလို
အခွန်ရှောင်စရာ မလိုတော့ ပါဘူး။ လုပ် ငန်း အားလုံးကို ငွေကြေး ခ ဝါချ၊ ဒေဝါလီ ခံပြီး
ထောင်ထဲမှာ တစ်နှစ်လောက် သွားနေလိုက်ရုံနဲ့တင် လုံလောက်သွား ပါပြီ။
အလုပ်မလုပ်လို့
ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မလုပ်တာလား
တစ်နေ့တစ်နေ့ လမ်းတွေပေါ်မှာ
အလုပ်လက်မဲ့တွေ ပိုပိုများများလာတာကို တွေ့ရပါတယ်။ ”အလုပ်မရှိဘူးဗျာ။
ရတဲ့အလုပ်ကလည်း လခနဲ့မကိုက်ဘူး” အလုပ်တွေ ကတော့ ရှိပါရဲ့။ ဒါပေမဲ့
ရှိတဲ့အလုပ်ကလည်း လခနည်းလို့ မလုပ်နိုင်။ ကဲ..ဘယ်လိုလုပ်ကြမှာလဲ။ တချို့ကလည်း
အလုပ်မရှိတာကို အလုပ်မရှာဘဲ၊ အလုပ်မရှိကြောင်း ဆန္ဒပြဖို့ချည်း လူရှာနေကြတော့လည်း
အခက်သား။ အချို့က လည်း ကိုယ့်ဖာသာကိုယ် အလုပ်မရှိလို့ အလုပ်မရှာကြပဲ၊
အလုပ်မရှိကြောင်းကို သူလိုကိုယ်လို အလုပ်မရှိ တဲ့လူတွေစုပြီး အလုပ်မရှိရခြင်းနဲ့
ဆင်းရဲရခြင်းအကြောင်းကို အကြောင်းပြု၊ အာဏာပိုင်ေ တွကို ထိုင်ဆဲနေကြတာကလည်း သဘာဝကျရဲ့လား။
ကျွန်တော် ဘယ် သူ့ ဘက်မှ ရပ်တည်ပြောနေတာ မဟုတ်ရပါဘူး။
အဖြစ်မှန်ကို ပြောပြတာပါ။
ပြန်စဉ်းစားပါ။ အလုပ်မလုပ်လို့ ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မလုပ်တာလား။ ဒါမှမ
ဟုတ် ရင် ကြက်သီးထစရာ မေးခွန်းလည်းရှိပါတယ်။
”အလုပ်မရှိလို့
ဆင်းရဲတာလား၊ ဆင်းရဲလို့ အလုပ်မရှိတာလား” အလုပ်မရှိတာဆိုရင် ဖြစ်နိုင်ပါ့မလား၊
ဆင်းရဲလို့ အလုပ်မရှိတာ ဆိုရင်တော့။ ပြောစရာတစ်ခုပဲ ရှိတော့ တယ်။
”သေဖို့သာပြင်ပေတော့”
ပြောစရာရှိတာလေးတွေ
ပြောပါရစေ
ကျွန်တော်ဟာ
ဘယ်ပါတီဝင်မှမဟုတ်ပါဘူး။ သန့်ရှင်းစွာ ပြည်သူပဲ လုပ်နေတဲ့ ပြည်သူ့စာရေးဆရာပါပဲ ။
ဒါကြောင့် ဘယ်သူ့ဘက် ကိုမှ ဘက်မလိုက်ပါဘူး။ ဒါပေမဲ့ ပြည် သူကကျွေးတဲ့
ထမင်းကိုစားနေရတဲ့ အတွက် ပြည်သူ့ ဘက်ကိုသာ လိုက်ပါရစေ။ ဒါကြောင့် ပြည်သူတွေ
လိုအပ်သမျှကို အမုန်းခံပြီး ပြောနေရတာပါ။ တကယ် လိုအပ် လို့ ပြောတဲ့စကားမို့
နာစရာလည်း ရှိကောင်းရှိပါလိမ့် မယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာက
ဘာဖြစ်နေသလဲသိလား။ ကျွန်တော်တို့ လူငယ်တွေ ကလေးမတွေ၊ သူမသိ ချင်တဲ့စကား၊
ပြန်မဖြေချင်တဲ့ စကား မေးခွန်းဆိုရင် နောက်ပြီး ပြန်ဖြေတတ်တဲ့စကားပါ။
”မီး အဲဒီနေ့က
ကျောင်းမတက်ဘူး” ဆိုလိုတာက အဲဒီသင်ခန်းစာကို မသိလိုက်ဘူးပေါ့ဗျာ။ အခုလည်း
ကျွန်တော်တို့ မီဒီယာက လိုအပ်ချက်တွေ ကို ရေးပါတယ်။ ဒါပေမဲ့ မျှော်လင့်ချက်တော့
သိပ်မရှိလှပါဘူး။ သူတို့မဖြေချင်တဲ့ စကားတွေရှိနေရင်တောင် ကလေးတွေလိုပါ ပဲ… ”မီးက
စာမှ မဖတ်တာ” ဆိုရင်
ဘာတတ်နိုင်မှာလဲလေ..။
အကြည်တော်
myanmarcnn
No comments:
Post a Comment