address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 24, 2014

မြဝတီသို့ အလုပ်ရှာရောက်လာသော လူငယ်အချို့ ကော်ရှူမှုများလာ


24.3.2014

[ အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal ]

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင် ဒေသစုံမှ အလုပ်အကိုင်ရှာ ဖွေသူများ ယာယီလာရောက်အခြေချနေထိုင် လျက်ရှိရာ အသက် ၁၆ နှစ်ဝန်းကျင်လူငယ် များမှာ မြို့ပေါ်တွင် ကြုံရာကျပန်းလုပ်ငန်း များလုပ်ကိုင်လျက်ရှိပြီး ၄င်းတို့အနေဖြင့် ကော်ရှူမှုများပြုလုပ်နေကြကြောင်း မြဝတီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှူး ဦးသိန်းဇော်ကံက ပြောသည်။

မြဝတီမြို့၌ လာရောက်နေထိုင်ကြ သည့် အနယ်နယ်အရပ်ရပ်မှ အလုပ်သမား များမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ စက်ရုံ၊ အလုပ်ရုံများတွင် သွားရောက်လုပ်ကိုင်သူ များကြောင်း သိရသည်။

အလုပ်အကိုင်ဝင်ငွေ ကောင်း သဖြင့် မိသားစုလိုက်လာရောက်သူများ ရှိသလို ကျောင်းနေအရွယ်လူငယ်များလည်း ပါဝင်ရာ မြဝတီမြို့ပေါ်တွင် ကျပန်းအလုပ် များဖြင့် သောင်တင်နေပြီး တချို့မှာဖြစ်သ လိုနေ ဖြစ်သလိုစား နေထိုင်သည့်အပြင် ကော်ရှူမှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

''ဒီမြို့မှာ လူမှုရေးပရဟိတအဖွဲ့ အစည်းတွေ ဖွံ့ဖြိုးဖို့အားပေးနေရတယ်။ မြဝတီမှာ အခမဲ့ပညာသင်ကြားပေးတဲ့ ပရ ဟိတကျောင်း တစ်ကျောင်းရှိတယ်။ အဲဒီ ကျောင်းမှာ ပညာသင်ဖို့ သွားအပ်ပြန် တော့လဲ မနေကြဘူး။ ထွက်ပြေးကြတယ်။ ဒီကိစ္စကို ကျွန်တော်တို့လဲ ပြဿနာတစ်ခု အဖြစ်ဖြေရှင်းနေရပြီ''ဟု ဦးသိန်းဇော်ကံ ကပြောသည်။

Yangon Media Group

No comments:

Post a Comment