address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 31, 2014

ကရက်လက်နက်ကိုင်BGFများ၏ကွပ်ကဲရေးအကြီးအကဲဗိုလ်ချုပ်ကြီးစောထွန်းလှိုင်ကျန်းမာရေးမကောင်းဟူသော သတင်းမှားယွင်းမှုသာဖြစ်



31.3.2014

ယခင်ကရင်အမျိုးသားအစည်း အရုံးတွင်ပါဝင်ခဲ့ပြီး ကရင်ပြည် နယ်တွင်း နယ်ခြားစောင့်တပ်များ ဖွဲ့စည်းရာတွင် ပါဝင်၍ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများပြုလုပ်နေသော ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ် များဗဟိုကွပ်ကဲရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးစောထွန်းလှိုင်ကျန်း မာရေးမကောင်း၍ လူမြင်ကွင်းသို့ ထွက်လာတော့ခြင်းမရှိဟုသတင်း ထွက်နေပြီး ယင်းသတင်းများမှာ ဗိုလ်ချုပ်ကြီးအပေါ်စိုးရိမ်နေသော ကရင်ပြည်သူများ၏စိုးရိမ်မှုတစ်ခု သာဖြစ်ကြောင်းနှင့် ဗိုလ်ချုပ်ကြီး စောထွန်းလှိုင်မှာ ကျန်းမာရေး အထူးကောင်းမွန်လျက်ရှိကြောင်း ကရင်ပြည်နယBGF တပ်နယ် တာဝန်ရှိသူတစ်ဦးကဆိုသည်။

“အဘိုးဦးထွန်းလှိုင်ကျန်းမာ ရေးမကောင်းတာ။ ချို့ယွင်းတာ မျိုးမရှိပါဘူး။ အဓိကကတော့သူ့ ရဲ့ စိုက်ပျိုးခြံတွေကိုကိုယ်တိုင် ဦးစီးနေတာရယ်။ အချို့လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့နေရာ တွေမှာ သူကိုယ်တိုင်ဦးစီးပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်နေတာတွေရယ်ကြောင့် မအားလို့လူမြင်ကွင်းမှာ သိပ်မတွေ့ တာပါ”ဟBGF တပ်နယ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

Hot News နှင့် ဗိုလ်ချုပ်ကြီး စောထွန်းလှိုင်တို့မြိုင်ကြီးငူအထူး ဒေသ၌ တွေ့ဆုံခဲ့ရာတွင်လည်း “အဘိုးကျန်းမာရေးကောင်းပါတယ်။ ဆရာတော်ဘုရားကြီးရဲ့ ဝေယျာဝစ္စ တွေ ဒေသဖွံ့ဖြိုးရေးနဲ့ လမ်းပန်း ဆက်သွယ်ရေးခက်ခဲတဲ့နေရာတွေ မှာ အဆင်ပြေအောင်ဆိုပြီး။ လူမှုရေးလေးတွေလုပ်နေလို့သိပ် အပြင်မထွက်ဖြစ်တာပါ”ဗိုလ်ချုပ် ကြီးစောထွန်းလှိုင်ကHot News သို့ပြောသည်။

ဗိုလ်ချုပ်ကြီးစောထွန်းလှိုင် မှာ ကရင်ပြည်နယ်တွင်းယခင် လက်နက်ကိုင်အင်အားစုများမှ နယ်ခြားစောင့်တပ်ဖွဲ့စည်းခဲ့သောBGF တပ်ရင်း (၁၂) ရင်း၏ ဗဟိုကွပ်ကဲရေးနှင့် အကြံပေးအဖွဲ့ ဥက္ကဋ္ဌဖြစ်ပြီး လူမြင်ကွင်း (သို့) အခမ်းအနားပွဲများကို အများအား ဖြင့်တက်ရောက်ခြင်းမရှိဘဲ ဒုတိယဥက္ကဋ္ဌဗိုလ်ချုပ်ဖနွီုး၊ အထွေ ထွေအတွင်းရေးမှူးဗိုလ်မှူးချုပ် စောချစ်သူတို့သာတက်ရောက် လေ့ရှိသဖြင့် ကရင်ပြည်သူများ ယင်း၏ကျန်းမာရေးအပေါ်စိုးရိမ် ကြခြင်းဖြစ်ကြောင်း သိရသည်။

Hot News

No comments:

Post a Comment