address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 12, 2014

NCCT ခေါင်းဆောင် အချို့ က တပ်မတော်အပေါ် ယုံကြည်မှုရှိလာ


ဘားအံငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိုအတွက်ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီနှင့်အပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့(NCCT)တို့ရန်ကုန်မြို့မြန် မာ့ငြိမ်း ချမ်းရေးစင်တာမှာ တွေ့ ဆုံမှုအပြီး တပ်မတော်ကို ယုံကြည်လာကြောင်း (NCCT) မှ ခေါင်းဆောင်အချို့ က ပြော သည်။ 


ဒီအကြိုဆွေးနွေးပွဲမှာ တပ်မတော် ကိုယ်စားလှယ် အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ၄ ဦး၊ ဗိုလ်ချုပ်အဆင့်၂ဦး ပါဝင်လာတယ်။ တပ်မတော် ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်လည်း အလား အလာ ကောင်းပါတယ်။ အရင်တုန်းက တစ်ပြည်လုံး အပစ်အခတ် ရပ်စဲရေးမှာ တပ်မတော်က ပါဝင်မှု မရှိ ဘူးလို့ ပြောကြတာ အခုကတော့ တကယ်ပါလာပြီလို့ ခံစားရပါတယ်။ ကရင်အမျိုးသား အစည်း အရုံး(KNU)၏ အထွေထွေအတွင်းရေးမှူး လည်းဖြစ်(NCCT) ဒုတိယ ခေါင်းဆောင်လည်းဖြစ်သူ ပဒိုကွယ် ထူးဝင်း က သုံးသပ်ပြောကြားခြင်းဖြစ်သည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းကလည်း “ငြိမ်းချမ်းရေးအတွက် တကယ် ကိုယ်ဖိ ရင်ဖိ လုပ် ချင် တဲ့ ဆန္ဒကို ဖော်ပြတဲ့အပေါ်မှာ အများကြီး ဝမ်းသာတယ်၊ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် မဖြစ်မနေ ချုပ်ဆို ရမည် ဆိုသောဆန္ဒပြင်းပြမှုတပ်မတော်မှာရှိနေတယ်"ဟု ပြောသည်။

“ဒီနေ့ သူတို့က စေတနာ ရိုးရိုးသားသား နဲ့ ဆွေးနွေး ကြတယ်။ ပိုပြီးတော့ နားလည်မှုရကြတယ်” ဟု ဦးနိုင်ဟံသာက ဆိုသည်။အကြိုဆွေးနွေးပွဲမှာ UPWC ဖက်မှ ကိုယ်စားလှယ် များမှာ (UPWC) ၏ ဒုတိယ ဥက္ကဌ ဖြစ်သည့် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်ပြီး ပြည်သူ့  လွတ်တော်ရေးရာ ကော်မတီ ဥက္ကဌ ဦးသိန်းဇော်၊ ဝန်ကြီး ဦးခင်မောင်စိုး၊ ဝန်ကြီး ဦးခင်ရီ၊ ဝန်ကြီး ဦးဝင်းထွန်း၊ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသက်နိုင်ဝင်း တက်ရောက်ခဲ့သည်။ 

 တပ်မတော် ကိုယ်စားလှယ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗိုလ်ချုပ် မောင်မောင်အုန်းနှင့် ဗိုလ်မှူးကြီးကျော်စိုးဝင်း တို့ပါဝင်တက်ရောက်သည်။

NCCT ဖက်မှ တက်ရောက်သော ကိုယ်စားလှယ် များမှာ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုကွယ်ထူးဝင်း အပါဝင်ဒေါက်တာ ဆလိုင်း လျန်မုန်းဆာခေါင်း၊ ဦးရွှေမျိုးသန့်၊ ခွန်ဥက္ကာ၊ ဒေါ်စောမြ ရာဇာလင်း၊ ဦးထွန်းဇော်၊ ဒုတိယ ဗိုလ်မှုးကြီး ဆင်ဝါး၊ ပဒိုတာဒိုမူးနှင့် ဒုတိယ ဗိုလ်မှုး ကြီး ကျော်ဟန်တို့ဖြစ်ပါသည်။
နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စာချုပ် မူကြမ်းပြန်လည်ရေးဆွဲဖို့အတွက် အစိုးရကိုယ်စားပြု အဖွဲ့ဝင် ၉ ဦးနှင့် တိုင်းရင်းသား ကိုယ်စားပြု အဖွဲ့ဝင် ၉ ဦး စုစုပေါင်း ၁၈ ဦးဖြင့် ပူးတွဲကော်မတီက ဖွဲ့စည်းလိုက်သည်။

Kayantimes


No comments:

Post a Comment