address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 12, 2014

ထိုင်းနိုင်ငံမှရွှေ့ ပြောင်း မြန်မာကျောင်းသားများ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြပါတယ်...

ထိုင်းနိုင်ငံ တာ့ခရိုင်အတွင်းရှိ ရွှေ့ပြောင်းမြန်မာကျောင်းတွေက ကျောင်းသူနဲ့ ကျောင်းသား ၁၀၀ ကျော်ဟာ ကရင်ပြည်နယ် မြ၀တီမြို့မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုဖို့ ရောက်ရှိနေကြ ပါတယ်။
နိုင်ငံတ၀ှမ်းမှာ မတ် ၁၂ ရက်နေ့ စတင်ကျင်းပမယ့် တက္ကသိုလ်ဝင်တန်းစာမေး ပွဲ ဖြေဆိုဖို့ မြန်မာနယ်စပ် တာ့ခရိုင် မဲဆောက်မြို့မှာ ရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်း ၅ ကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၁၂၅ ယောက်ဟာ မနေ့ကတည်းက မြ၀တီမြို့မှာ ရောက်ရှိနေ ကြတာပါ။
ထိုင်းနိုင်ငံကို ရောက် ရှိနေကြ တဲ့ ရွှေ့ပြောင်းမြန်မာကျောင်းသူကျောင်းသားတွေဟာ ပြီးခဲ့တဲ့ ၂၀၁၂ – ၂၀၀၃ ပညာသင်နှစ်ကစပြီး မြန်မာနိုင်ငံတွင်းမှာ စာမေးပွဲ ဖြေဆိုခွင့် ရရှိထားတာ ဖြစ်ပြီး ခု ဒုတိယ အကြိမ်မြောက် ဖြေဆိုခွင့်ရတာပါ။
မနှစ်က ရွှေ့ပြောင်းမြန်မာကျောင်းက ကျောင်းသူနဲ့ ကျောင်းသား ၅၆ ယောက် ၀င်ရောက် ဖြေဆိုခဲ့ပြီး ၈ ယောက် အောင်မြင်ခဲ့တဲ့အကြောင်း ဒီနှစ်တော့ ပြည်တွင်းမှာ စာမေးပွဲသွားဖြေတဲ့ ကျောင်းသား အရေအ တွက် ၂ ဆကျော် မြင့်တက်လာတယ်လို့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ပညာရေးကော်မတီ (BMWEC) ဒု-ဥက္ကဋ္ဌ ဦးဌေးလှိုင်က ပြောပါတယ်။
မြ၀တီမှာ စာမေးပွဲဖြေဆိုမယ့် မြန်မာရွှေ့ပြောင်းကျောင်းသူ၊ ကျောင်းသားတွေဟာ သွေးသစ်ကျာင်း၊ စက်မှု လက်မှုအတက်ပညာသင်တန်းကျောင်း၊ ဆာသူးလေကျောင်း၊ စော ကျောင်းနဲ့ ကရင်ပြည်နယ်နယ်စပ်ဒေ သ မှာ ရှိတဲ့ ထီးမယ်ဝါးခီးကျောင်းတွေမှာ တက်ရောက်နေကြသူတွေ ဖြစ်ပါတယ်။
အခုနှစ် တနိုင်ငံလုံးအတိုင်းအတာနဲ့ တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား ကျောင်းသူဦးရေ ၅ သိန်း ၈ သောင်းကျော် စာရင်းပေးသွင်းထားကြောင်း စာစစ်ဦးစီးဌာနကတဆင့် သိရပါတယ်။ ဒီဦး ရေ ဟာ အရင်နှစ်တွေကထက် ၅ သောင်းကျော် တိုးလာတာလို့ ဆိုပါတယ်။

အခုနှစ် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို မတ် ၁၂ ရက်နေ့က စတင်ပြီး ၂၂ ရက်နေ့အထိ ကြားရက်တွေမှာ ၁ ရက် ၁ ဘာသာ ဖြေဆိုရမှာ ဖြစ်ပါတယ်။
DVB

No comments:

Post a Comment