address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 31, 2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ ဧပြီလဆန်းတွင်ကျင်းပမည်


31.3.2014

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲကို ဧပြီလဆန်းတွင် ကျင်းပသွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကအတည်ပြု ပြောကြားလိုက်သည်။

ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ယမန်နေ့ကပြုလုပ်သော နိုင်ငံရေးပါတီများနှင့်တွေ့ဆုံဆွေးနွေးပွဲတွင်
ပြောကြားသွားခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲကို ဧပြီ ၅ရက်နှင့် ၆ရက်နေ့များတွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် ၁၆ဖွဲ့တက်ရောက်မည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် အစိုးရ၊တပ်မတော်၊လွှတ်တော်တို့ပါဝင်ဆွေးနွေး မည်ဖြစ်သည်။ ပြည်ထောင်စုဝန်ကြီးက ''ဒီဆွေးနွေးပွဲမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့တစ်နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင် အောင် သဘောတူညီချက်တစ်စောင်ရေးဆွဲထုတ်ပြန်ဖို့ရှိတယ်'' ဟု ပြော သည်။

အဆိုပါဆွေးနွေးပွဲသို့တက်ရောက်ရန် တိုင်းရင်းသားအဖွဲ့များအနေဖြင့်ဆွေးနွေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆွေးနွေးပွဲကျင်းပပြီးလျှင် နိုင်ငံရေးဆွေးနွေးပွဲကိုဆက်လက်ဖော်ဆောင် မည်ဟုသိရသည်။ ပြည်ထောင်စုဝန်ကြီးက ''နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ ပါတီ၊ NGO စတဲ့ပုဂ္ဂလိက အဖွဲ့တွေပါ ပါမယ်။ ဦးရေ ၁ဝဝဝလောက်ထိ ဆွေးနွေးပွဲမှာတက်ရောက်ဖို့ဖိတ်ကြားပါ မယ်။ ကျင်းပမယ့်နေရာကိုတော့ ဆီးဂိမ်းလုပ်သွားတဲ့ အားကစားကွင်းတွေ ကို လေ့လာထားပါတယ်''ဟုပြောသည်။

The Union Daily

No comments:

Post a Comment