address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, March 16, 2014

ကရင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အ၀န်းနှင့် လူနေမှုအဆင့်(E)ရှိသော အိမ်ထောင်စုများသို့ DVB-T2 Set Top Box များအခမဲ့ပေးအပ်

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ကရင်ပြည်နယ်အတွင်းရှိ လူမှုအသိုက်အဝန်းနှင့် လူနေမှုအဆင့်(E) ရှိသော အိမ်ထောင်စုများသို့DVB-T2 Set Top Box များ အခမဲ့ပေးအပ်ခြင်းအခမ်းအနားကို မတ် ၁၄ ရက် နံနက် နာရီတွင် ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ပြန်ကြားရေးဝန်ကြီးဌာနဒုတိယ ဝန်ကြီး ဦးပိုက်ထွေး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များ၊ခရိုင်၊မြို့နယ်အုပ်ချုပ်ရေး မှူးများ၊မြို့နယ်အထောက်အကူပြုအဖွဲ့ဥက္ကဋ္ဌ များနှင့် အတွင်းရေးမှူးများNGO အဖွဲ့အစည်းများနှင့် ပြည်သူ လူထု များတက်ရောက်ကြသည်။အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း က အမှာစကားပြောကြားရာတွင် ယခုကဲ့ သို့ ပေး အပ်ခြင်းဖြင့်သတင်းအချက်အလက်များနှင့်နည်းပညာဗဟုသုတများစွာရရှိပြီး ကရင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာအထောက်အကူဖြစ်သကဲ့သို့ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဆင်းရဲနွမ်းပါးမှုလျော့နည်းပပျောက်ရေးလုပ်ငန်းစဉ်ကိုလည်းတစ်ဖက်တစ်လမ်းမှစဉ်ဆက်မပြတ်အထောက်အကူပြုစေမည်ဖြစ် ပါကြောင်း၊နိုင်ငံတကာနည်းပညာ တိုးတက်ပြောင်းလဲ မှုများနှင့်အညီပြည်သူဗဟိုပြုဆောင်ရွက်ပေးခြင်းဖြစ်၍နိုင်ငံတော်အစိုးရနှင့်ပြန်ကြားရေးဝန်ကြီးဌာနတို့အားကျေးဇူးတင်ရှိပါကြောင်းပြောကြားသည်။ထို့နောက်ဒုတိယဝန်ကြီး ဦးပိုက်ထွေး က ယခုကဲ့သို့ ပေးအပ်ခြင်းမှာ နိုင်ငံတကာနည်းပညာ တိုးတက်ပြောင်း လဲမှုများနှင့်အတူလိုက်ပါနိုင်ရန်နှင့်အာဆီယံလူမှုအသိုက်အဝန်းများ၏သဘောတူညီချက်များနှင့်အညီနိုင်ငံတော်သမ္မတကြီး၏ပြည်သူဗဟိုပြုမူဝါဒကိုအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမ များအနေဖြင့် မြန်မာ့အသံမှ ထုတ်လွှင့်သည့် ရုပ်သံလိုင်းများတွင် ကဏ္ဍစုံ ကြည့် ရှုနားဆင်နိုင်ကြကာ ရင်းနှီးမှုများရရှိလာမည်ဖြစ်ပြီး ရင်းနှီးမှုမှယုံကြည်မှု၊ နားလည်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ ANALOGUE စနစ်သည် ရုပ်/သံလိုင်းတစ်လိုင်းသာ ကြည့်ရှု နိုင်ခြင်းမှ ယခုကဲ့သိုDigital စနစ်သို့ပြောင်းလဲခြင်းဖြင့် ရုပ်/သံလိုင်း (၁၅)လိုင်းမှ(၁၆)လိုင်းအထိရုပ်သံအရည်အသွေး ပိုမိုကောင်းမွန်ကြည်လင်စွာဖြင့် ကြည့်ရှုနိုင်မည် ဖြစ်ပါကြောင်း၊ `၎င်းလုပ်ငန်းစဉ်ကို အဆင့် လေးဆင့်ဖြင့် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်အပြီး လျာထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ANALOGUE စနစ် ကိုလည်း ဖျက်သိမ်းခြင်းမပြုဘဲ အနည်းဆုံး သုံးနှစ်ခန့်ထားရှိပြီး လိုအပ်သလို Digital စနစ်ဖြင့် ယှဉ်တွဲထုတ် လွှင့်သွားမည် ဖြစ်ပါကြောင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးသော ဌာနဖြစ်သည်နှင့်အညီ ပြည်သူကိုဗဟိုပြု၍ ပြည်သူ့အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် စီမံဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်မင်းထံ DVB-T2 Set Top Box များကို ပေးအပ်သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းက DVB-T2 Set Top Box များကို ဒေသအတွင်းရှိ လူမှုအဖွဲ့ အစည်းများအတွက် ဘားအံမြို့နယ်နှင့် ကော့ကရိတ် မြို့နယ် အုပ်ချုပ်ရေးမှူးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့ သည်။ ဆက်လက်၍ ဘားအံမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အ ကူပြုကော်မတီဥက္ကဋ္ဌ ဦးဘူဒီမန်းက ''ယခင် က ရုပ်သံလိုင်းတစ်လိုင်းသာ ကြည့်ရှုနေရခြင်းမှ ယခုအခါ ရုပ်သံလိုင်းများစွာကို ကြည်လင်ပြတ်သားစွာ ကြည့်ရှုနိုင်ပြီ ဖြစ်၍အသိဥာဏ်ပညာဗဟုသုတများ များစွာရရှိမည် ဖြစ်ပါကြောင်း၊့အပြင် တိုင်းရင်း သားစည်းလုံး ညီညွတ်မှုပိုမိုရရှိပြီးစဉ်ဆက်မပြတ်အထောက်အကူပြုမည်ဖြစ်၍ နိုင်ငံတော်အစိုးရအား ကျေးဇူး တင်ရှိပါကြောင်းနှင့်မိ မိတို့ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ မိမိတို့ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း'' ပြောကြားသည်။ ထို့နောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အင်ဂျင် နီယာအဖွဲ့က Set top Box တပ်ဆင်အသုံးပြုပုံကို သရုပ်ပြ ရှင်းလင်းခဲ့သည်။ Ste Top Box တပ်ဆင်အသုံးပြုခြင်းဖြင့် MRTV အပြင် MI MRTV-4 Channel-7 လွှတ်တော်ရုပ်သံ လိုင်း၊ တောင်သူလယ်သမားရုပ်သံလိုင်း၊ တိုင်းရင်းသား ရုပ်သံလိုင်းနှင့် မြဝတီရုပ်သံလိုင်းများကို ဖမ်းယူကြည့်ရှုနိုင် မည်ဖြစ်သည့်အပြင် လျှပ်စစ်မီးမရရှိသော ဒေသများတွင် DC စနစ်(ဘက်ထရီ)ဖြင့်လည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ `၎င်းအပြင် ဘားအံနှင့် ကော့ကရိတ်မြို့နယ်များအနေဖြင့် FM ရေဒီယိုလိုင်းများလည်း ဖမ်းယူရရှိနိုင်ကြောင်း သိရ သည်။ ထို့နောက်ကရင်ပြည်နယ်အတွင်းရှိဘားအံနှင့် ကော့ကရိတ်မြို့နယ်အုပ်ချုပ်ရေးမှူးများက လူမှုအသိုက် အဝန်းနှင့် လူနေမှုအဆင့် (E) ရှိသော အိမ်ထောင်စုများနှင့် လူမှုအဖွဲ့အစည်းများအတွက်DVB-T2 Set Top Box များကို တစ်ဦး ချင်းအလိုက်ပေးအပ် ရာကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တို့က ကြည့်ရှုအားပေးပြီး တက်ရောက်လက်ခံသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။  ယနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ဘားအံနှင့် ကော့ကရိတ်မြို့နယ်မှ လူမှုအသိုက်အဝန်း ၁၄ ခုနှင့် အိမ်ထောင်စုများအတွက် DVB-T2 Set Top Box ၅၆၇၈ လုံးကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ 
ီDVB

No comments:

Post a Comment