address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, March 26, 2014

ကရင်စကား ပြောရမှာကြောင့် မိုးမြင့်သဇင် ရင်ခုန်နေ


26.3.2014

ဒါရိုက်တာ အဏ်ထော်ဏီ ရိုက်ကူးမည့် "World First Hijack" (ရောင်နီဦး အလင်းရောင်နှင့်အတူ) ဖြစ် ရပ်မှန်ဇာတ်ကားတွင် မိုးမြင့်သဇင်သည် ကရင်အမျိုးသမီး တစ်ဦးအနေဖြင့် ကရင်စကားပြောကာ ပါဝင် သရုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် များစွာ စိတ်လှုပ်ရှားမိသည်ဟု မိုးမြင့်သဇင်က မဇ္ဈိမ သို့ ပြောသည်။

“အနီးကပ်မှ ပြင်ဆင်ရတာမို့ ကိုယ်ရိုက်မယ့်အခန်းကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်သွားမှာပါ” ဟု ၎င်းက ပြောသည်။ မိုးမြင့်သဇင်သည် ယင်းဇာတ်ကား ရိုက်ကူးမှု၏ အစပထမပိုင်းတွင် ဧည့်သည် သရုပ် ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်မည် ဖြစ်သော်လည်း ယင်းဇာတ်ကားတွင် အဓိကနေရာ၌ ပါဝင်သရုပ် ဆောင်မည့် အမျိုးသမီးခေါင်းဆောင် သရုပ်ဆောင်သည် တခြားရုပ်သံဇာတ်လမ်းတွဲ၌ ပါဝင်သရုပ်ဆောင် လိုက်ခြင်းကြောင့် ယခုလို ခေါင်းဆောင်မင်းသမီး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ယင်းဇာတ်ကားတွင် မိုးမြင့်သဇင်သည် ကရင်အမျိုးသမီး အ၀တ်အစားကို ၀တ်ဆင် သရုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် ထုတ်လုပ်ရေးဘက်က ၎င်း၏ အ၀တ်အစားများကို စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ် သည်။

၎င်းသည် ဖြစ်ရပ်မှန်ဇာတ်ကားတွင် အဓိကပါဝင်သရုပ်ဆောင်ရမည် ဖြစ်ခြင်းကြောင့် ပိုမိုတာဝန်ကြီးသည် ဟု ခံစားမိ၍ ယခုကတည်းက ပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ဝင်ခန်းများကို သေချာလေ့ကျင့် ပြင်ဆင် လျက်ရှိသည်ဟု ဆိုသည်။

ယင်းဇာတ်ကားကို မတ်လကုန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဟောင်သရော အထူး ဒေသ၏ ကျိုက်ဒုံမြို့တွင် သွားရောက်ရိုက်ကူးမည်ဖြစ်ပြီး မေလ နှင့် ဇွန်လတွင် တည်းဖြတ်ကာ ဇွန် ၂၅ ရက်တွင် မီဒီယာများကို ပြသမည် ဖြစ်သည်။

Mizzima

No comments:

Post a Comment