address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 10, 2014

ပုဒ်မ ၅၉(စ) ဆက်ထားသင့်ဟု ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးသုဝေဆို


10.3.2014

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အများစုက ပြင်ဆင်လိုသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)အား ဆက်ထားသင့်သည်ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက မတ်လ ၈ရက်က ပုသိမ်မြို့နယ် ပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားအပြီး မဇ္ဈိမကိုပြောသည်။

“အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးများ နိုင်ငံကြီးများ ၀င်ရောက်စွက်ဖက်မှုများ မရှိအောင် ပုဒ်မ၅၉ (စ)က ကာကွယ်ထားပေးတာပါ။ အခြေအနေနဲ့ မကိုက်ညီတဲ့ ဥပဒေများကို ပြုပြင်ဖို့ လိုအပ်ပါတယ်။ ပြင်မယ်ဆိုတဲ့ ဥပဒေများကို ဥပဒေတခုချင်းစီကို သေချာလေ့လာပြီးမှ ဘာကြောင့် ထည့်သွင်းရေးထားလည်း လိုအပ်တာဆိုရင်တော့ ထားသင့်တာကိုထားရှိရမယ်။ နိုင်ငံတကာ ၀င်ရောက်စွက်ဖက်မှုတွေလည်း မရှိစေခြင်းဘူး”ဟု ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဥက္ကဋ္ဌ ဦးသုဝေက ပါတီဆိုင်းဘုတ်တင်ပွဲတွင် ပါတီဝင်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ပုဒ်မ ၅၉(စ)ကို နိုင်ငံတော် ကာကွယ်ရေးအရ ပြင်ဆင်လိုခြင်း မရှိသော်လည်း စစ်တပ်က အလွန်တကူ အာဏာသိမ်းစေလိုသည့် ပုဒ်မများကိုမူ ပြင်ဆင်လိုသည်ဟု ဆိုသည်။ သို့သော် မည်သို့သော ပုဒ်မမျိုးကို ပြင်ဆင်လိုသည်ကိုမူ အတိအကျ ပြောဆိုခြင်း မရှိပေ။ ထို့အပြင် လွှတ်တော်ထဲရှိ တပ်မတော်သား ၂၅ရာခိုင်နှုန်းကိုလည်း ၎င်းက သဘောမကျဟု ဆိုသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ လာရောက်နေထိုင်လို နိုင်ငံသားဖြစ်လာသူများ၊ မူလတိုင်းရင်းသားများ နိုင်ငံသားအခွင့်အရေး တန်းတူညီမျှရရှိရန်၊ ဖွဲ့ စည်းပုံအခြေခံဥပဒေအကြောင်း၊ ဖက်ဒရယ်ပြည်ထောင်စု၊ မြန်မာနိုင်ငံ ဒီမိုကရေစီ နည်းလမ်းများ အကြောင်းကို ပုသိမ်မြို့ ၊အမှတ်(၁၇)မင်းကြီးလမ်းထောင့်ကရုဏာ ခန်းမတွင် ဒီမိုကရက်တစ်(မြန်မာ)ပါတီဝင်များကို ရှင်းလင်းပြောကြားခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ(၄၃၆)၊ ပုဒ်မ၅၉(ဃ) (စ)များ ပြင်ဆင်ရေး အတွက် ဧရာဝတီတိုင်းအတွင်း လူထုဆန္ဒဖော်ထုတ်ပွဲများ ကျင်းပခြင်း၊ ဟောပြောပွဲများ ပြုလုပ်ခြင်းကို ဧရာဝတီတိုင်းအတွင်း၌ ဖေဖော်ဝါရီလမှ စတင်ကာ လုပ်ဆောင်လျှက်ရှိသည်။

Mizzima

No comments:

Post a Comment