address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 24, 2014

ကရိုင်းမီးယားရှိ ယူကရိန်း လေတပ်အခြေစိုက်စခန်းကို ရုရှတပ်ဖွဲ့များ စီးနင်းသိမ်းပိုက်


24.3.2014

ရုရှတပ်ဖွဲ့များသည် သေနတ်များ မိုးပေါ်သို့ ပစ်ဖောက်ကာ၊ သံချပ်ကာယာဉ်များလည်း အသုံးပြု၍ ကရိုင်း မီးယားရှိ ယူကရိန်းလေတပ်အခြေစိုက်စခန်းတစ်ခုကို ၀င်ရောက်စီးနင်းခဲ့သည်ဟု မတ်လ ၂၃ ရက်က အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယူကရိန်းအရေးကြောင့် ရုရှအပေါ် အနောက်နိုင်ငံများက ပိတ်ဆို့အရေးယူမှုများနှင့် ၀ိုင်းကြဉ်မှုများ ပြုလုပ် နေသည့်ကြားမှ ထကြွလျက်ရှိသော ကရိုင်းမီးယား ကျွန်းဆွယ်သို့ ရုရှတပ်များ ချီတက်လာခဲ့ခြင်း ဖြစ်သည်။

ကရိုင်းမီးယားဒေသသို့ ရုရှတပ်ဖွဲ့များ စတင်စေလွှတ်ခဲ့သည့် လွန်ခဲ့သောသုံးပတ်ခန့် နောက်ပိုင်း ရုရှ၏ အကြီးကျယ်ဆုံးသော သိမ်းပိုက်မှုလည်းဖြစ်သည်။ ရုရှသည် မတည်မငြိမ်ဖြစ်လျက်ရှိသော ကရိုင်းမီး ယားကျွန်းဆွယ်အား အင်္ဂါနေ့က တရားဝင်ရယူခဲ့သည်။

ထို့ကြောင့် အရှေ့-အနောက် ဆက်ဆံရေး တင်းမာနေမှု ပိုမိုအရှိန်မြင့်လာခဲ့ရပြီး ရုရှအနေဖြင့် ဥရောပ အား စစ်အေးတိုက်ပွဲခေတ် နယ်နိမိတ်မျဉ်းများ တစ်လျှောက်တွင် အစိတ်စိတ်အမြွာမြွာ ပြိုကွဲအောင် ကြိုး ပမ်းနေကြောင်း ဂျာမနီနိုင်ငံက စွပ်စွဲခဲ့သည်။ ရုရှသမ္မတ ဗလာဒီမာပူတင်သည် ဂျာမနီနိုင်ငံနှင့် ချစ်ကြည် ရင်းနှီးမှု တိုးမြင့်လာစေရန် ကြိုးပမ်းခဲ့သော နိုင်ငံဖြစ်သည်။

ဆယ်စုနှစ်များစွာအတွင်း ဥရောပ၏ အကြီးမားဆုံးသော လုံခြုံရေးအကျပ်အတည်းဖြစ်သည့် ယူကရိန်း အရေးသည် သည်ဟေ့ဂ်(The Hague) မြို့၌ တနင်္လာနေ့တွင် စတင်ကျင်းပမည့် နူကလီးယားလုံခြုံရေး ထိပ်သီးဆွေးနွေးပွဲတွင်လည်း လွှမ်းမိုးနေလိမ့်မည်ဖြစ်ကာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလဗ်ရော့ဗ်တို့အကြား အခက်ခဲဆုံးသော တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ဖြစ် ကောင်းဖြစ်လာနိုင်သည်။

ယူကရိန်းတွင် ရုရှလိုလားသော အစိုးရသည် ပြီးခဲ့သည့်လက အာဏာမှ ပြုတ်ကျသွားခဲ့ပြီးနောက် ယူက ရိန်းအရေးတွင် ရုရှက စစ်အင်အားသုံး၍ ၀င်စွက်ခဲ့သောကြောင့် ရုရှအနေဖြင့် ကမ္ဘာ့စက်မှုထိပ်သီး ရှစ်နိုင် ငံအဖွဲ့ (G8) မှ ထုတ်ပယ်ခံရမည့် အရေးကို ရင်ဆိုင်နေရသလို အမေရိကန်၏ ပိတ်ဆို့အရေးယူမှုကြောင့် လည်း ရုရှအစိုးရအနေဖြင့် အခက်ကြုံလျက်ရှိသည်။

ရုရှတပ်များနှင့်အတူ ကရိုင်းမီးယား သူပုန်များသည် ပင်လယ်နက်ကျွန်းဆွယ်တစ်ခုဖြစ်သော ကရိုင်းမီး ယားရှိ ယူကရိန်း စစ်အခြေစိုက်စခန်း အနည်းဆုံး တစ်ဝက်ခန့်နှင့် ထိုဒေသရှိ ယူကရိန်းရေတပ်သင်္ဘော အရေအတွက်၏ သုံးပုံတစ်ပုံခန့်ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကရိုင်း မီးယား သူပုန်အာဏာပိုင်များက ခန့်မှန်း ပြောကြားခဲ့သည်။

Mizzima

No comments:

Post a Comment