address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, March 11, 2014

ဘားအံမြို့၌ တစ်နှစ်အတွင်း သွေးစစ်ဆေးသူ ၄၈၇၅ ဦးတွင် ၂၃ ဦးHIV ပိုးတွေ့ရှိ





11.3.2014

တစ်နှစ်အတွင်းဘားအံမြို့ ပြည်သူ့ဆေးရုံကြီးတစ်ခုတည်း၌ သွေးစစ်ဆေးသူ ၄၈၇၅ဦးရှိပြီး ယင်းတို့ထဲမှ ၂၃ ဦးမှာHIV ပိုး ကူးစက်ခံနေရကာ (ဘီ)ပိုး၊ (စီ)ပိုး စစ်ဆေးသူ ၃၁၅၀ တွင် အသည်း ရောင်အသားဝါ (ဘီ)ပိုးကူစက်ခံ ရသူ ၁၂၉ ဦးနှင့် အသည်းရောင် အသားဝါ(စီ)ပိုးတွေ့ရှိသူ ၁၀ ဦး ရှိကြောင်း ပြည်နယ်ကျန်းမာရေး ဦးစီးဌာန၊HIV, AIDSှ နှင့် ကာလ သားရောဂါတားဆီးကာကွယ်တိုက် ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာနိုင်နိုင်ထွန်းက ပြော ကြားသည်။

ဘားအံမြို့၊ သုမေဓာရာမ ကျောင်း၌ ၂၀၁၄၊ မတ်လ (၄) ရက်နေ့က ပြုလုပ်သည့် ဖြူစင် မေတ္တာစေတနာသွေးလှူရှင်များ အဖွဲ့ နှစ်ပတ်လည်တွေ့ဆုံပွဲ အခမ်းအနား၌ ဒေါက်တာနိုင်နိုင် ထွန်းက ““အခုလိုသွေးလှူရှင်တွေ အသင်းလိုက်၊ အဖွဲ့လိုက်နဲ့ ဆုံ တွေ့ရဖို့မလွယ်ကူပါဘူး။ အခုလို တွေ့ဆုံကြတုန်း ကျွန်မData လေးတစ်ခုပြောချင်ပါတယ်။ အဲဒါက ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၁)ရက်ကနေ ၂၀၁၃၊ ဒီဇင်ဘာ (၃၁)ရက်နေ့အထိ ဘားအံဆေးရုံ ကြီးတစ်ခုတည်းမှာ အားလုံးသွေး စစ်ဆေးသူ ၄၈၇၅ယောက်ရှိပါ တယ်။ အဲဒီ ၄၈၇၅ယောက်ထဲက ၂၃ ဦးမှာHIV ပိုးတွေ့ရှိခဲ့ရတယ်။ ထပ်ကာထပ်ကာစစ်ဆေးတဲ့သူတွေ လည်းပါကောင်းပါနိုင်ပါတယ်။

အသည်းရောင်အသားဝါ စစ်ဆေးပြီး ကျွန်မတို့ဆီရောက် လာတဲ့ ၃၁၅၀ ဦးထဲမှာ အသည်း ရောင် အသားဝါ(ဘီ)ပိုးကူးစက် ခံရသူ ၁၂၉ ဦးနဲ့ အသည်းရောင် အသားဝါ(စီ)ပိုးတွေ့ရှိသူ ၁၀ ဦး ရှိပါတယ်””ဟု ပြောကြားသည်။

ယခင်ကHIV ပိုးစစ်ဆေး သည့် စက်များကို ၂၀၀၇ ခုနှစ်က ပြည်နယ်အတွင်းစတင်ဖြန့်ဝေခဲ့ပြီးHIV ၊ ကာလသားရောဂါ၊ အသည်း ရောင် အသားဝါ(ဘီ)ပိုး၊ (စီ)ပိုး နှင့် ငှက်ဖျားပိုးစစ်ဆေးသည့် စက်များကို ၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံ(JICA) ၏ ထောက်ပံ့ မှုဖြင့် ပြည်နယ်ကျန်းမာရေးဦးစီး ဌာနက အခမဲ့ဖြန့်ဝေပေးပြီးဖြစ် သည့်အတွက် ယခုအခါသွေးလှူ ရှင်များ၊ သွေးစစ်လိုသူမျာွးှနျအ ကုန်ကျစရိတ်ကျခံစရာမလိုတော့ ကြောင်း သိရသည်။

ဝေဒနာရှင်များမှာအကြောင်း အမျိုးမျိုးဖြင့် သွေးလိုအပ်လျက် ရှိရာ သွေးလှူရှင်များကလည်း မိမိကိုယ်ကို ရောဂါပိုးမကူး စက်အောင်ဆက်လက်ကာကွယ် ထိန်းကျောင်းထားခြင်းသည် ဝေဒနာရှင်များအပေါ်ဖြူစင်မေတ္တာ စေတနာဖြင့် စောင့်ရှောက်ပေးရာ ရောက်ကြောင်း တက္ကသိုလ်မှ ပါမောက္ခများ၊ ကထိကများနှင့် ကျန်းမာရေးဆေးပညာရှင်များက အသိပညာပေးဟောပြောခဲ့ကြ သည်။

သွေးလှူရှင်များနှင့် သွေးလို အပ်သူဝေဒနာရှင်များအတွက် အန္တရာယ်ကင်းရှင်းစေရန် မေးခွန်း လွှာစာရွက်များကို ဒေါက်တာ ဒေါ်နိုင်နိုင်ထွန်းကဖြန့်ဝေပေးပြီး သွေးကောင်းသွေးသန့်များ ယခု ထက်ပိုမိုလှူဒါန်းနိုင်ရန် တိုးချဲ့ ဆောင်ရွက်သွားကြမည်ဟု ဖြူစင် မေတ်္တာကျောင်းသားလူငယ်တစ်ဦးက ပြောကြားသည်။

အဆိုပါ ဖြူစင်မေတ္တာ စေတနာ သွေးလှူရှင်အဖွဲ့ကို ဘားအံတက်္ကသိုလ်၊ နည်းပညာ တက္ကသိုလ်ကျောင်းသားကျောင်းသူ များနှင့် ရပ်ကွက်တွင်း စေတနာရှင် လူငယ်များဖြင့် ဖွဲ့စည်းထားပြီး အင်အား ၅၀၀ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။ 

Hot News

No comments:

Post a Comment