address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, March 28, 2014

တစ်နိုင်ငံလုံး ဖုန်းလိုင်းကောင်းမွန်ရန် ဆက်သွယ်ရေးတာဝါတိုင် တစ်သောင်းကျော်လိုအပ်ပြီး လက်ရှိတွင် တာဝါတိုင် ၁၆၅၅ ခုသာရှိ




28.3.2014

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးဖုန်းလိုင်း ကေင်းမွန်ရန် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း တစ်သောင်းကျော် လိုအပ်မည်ဖြစ်ပြီး လက်ရှိတွင်ဆက်သွယ်ရေး တာဝါတိုင် ၁၆၅၅ ခုသာရှိကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ သိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ ဆက်သွယ်ရေးတာဝါတိုင် တစ်သောင်းကျော် လိုအပ်ပြီး လက်ရှိတွင် ဆောက်လုပ်ပြီးစီးမှုမှာ ၁၆၅၅ ခုရှိသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တာဝါတာတိုင် ၄၀၀ ကို ထပ်မံ စိုက်ထူမည်ဖြစ်ပြီး ၂၀၁၄-၂၀၁၅ တွင် ပြည်ပအော်ပရေတာများနှင့် ပူးပေါင်းပြီး ဆက်သွယ်ရေး တာဝါတိုင်ထောင်ကျော်ကို ဆက်လက်စိုက်ထူ သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆက်သွယ်ရေးဥပဒေအရ အော်ပရေတာများ မျှတစွာ ယှဉ်ပြိုင်ရေး၊ ဈေးကွက် လက်ဝါးကြီးမအုပ်ရေး၊ ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်ရေးတို့အတွက် ကြီးကြပ်ထိန်းချုပ်မည့် လွတ်လပ်သည့် ဆက်သွယ်ရေးကော်မရှင်ကို နှစ်နှစ်အတွင်း ထူထောင်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးကဏ္ဍတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောနှင့် အူရီဒူးတို့အပါအ၀င် ရတနာပုံတယ်လီပို့ ကုမ္ပဏီလည်း ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်းသိရသည်။

ထို့အပြင်ဆက်သွယ်ရေး ၀န်ကြီးဌာန အနေဖြင့် ဖုန်းခေါ်ဆိုခများနှင့် ၀န်ဆောင်မှုအပိုင်းတွင် ၀င်ရောက်စွက်ဖက်မည် မဟုတ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တစ်နေရာတွင် မိုဘိုင်းဖုန်းအသုံးပြုနေသူ တစ်ဦးအား တွေ့ရစဉ် (ဓာတ်ပုံ - သက်မျိုးမင်း)

Eleven Media Group

No comments:

Post a Comment