address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Sunday, March 16, 2014

ကျောင်းသားတပ်မတော် ပြည်တွင်းငြိမ်းချမ်းရေးအပါအ၀င် ဦးတည်ချက် ၄ ရပ်နှင့် ဆက်လက်ချီတက်မည်

တိုင်းရင်းသားလူမျိုးပေါင်းစုံပြည်သူလူထုတရပ်လုံးစစ်အာဏာရှင်နစ်အောက်မှလွတ်မြောက်ရေးပထမဦးစားပေးလုပ်ဆောင်သွားဖို့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ် တပ်ဦးရဲ့ ဒဿမအကြိမ်ညီလာခံကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၄ ခုနှစ် မတ်လ ၇ ရက်မှ ၁၅ ရက်နေ့အထိ မကဒတ ဗဟိုဌာနချုပ် (ဒေါင်းတမန်) စခန်းမှာ ကျင်းပခဲ့တဲ့ ညီလာ ခံနောက်ဆုံးနေ့မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်း ရေး ရရှိရေး၊ ဖက်ဒရယ် ပြည် ထောင် စု ပေါ်ထွန်းရေး စတဲ့ ကျောင်းသားတပ်မတော်ရဲ့ ဦးတည်ချက်များ ထမြောက် အောင် မြင်တဲ့ အထိ မဆုတ်မနစ် ဆက်လက်ချီတက်သွားမယ်လို့လည်း ဖော်ပြထားပါ တယ်။
အေဘီအက်စ်ဒီအက်ဖ် ခေါ် ကျောင်းသားတပ်မတော်ကို ၁၉၈၈ ခုနှစ် ၈ လေးလုံး လူထု လှုပ်ရှား မှုကြီးမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အတွက်လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲ ဖို့ နယ်စပ်ကို ရောက်ရှိလာတဲ့ ကျောင်းသားလူငယ်တွေနဲ့ ၁၉၈၈ ခု နိုဝင်ဘာလ ၁ ရက် နေ့မှာ စတင်ဖွဲ့စည်းခဲ့ကြတာပါ။
လက်ရှိမှာတော့ သမ္မတဦးသိန်းစိန်အစိုးရနဲ့ ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့မှာ ငြိမ်း ချမ်းရေးအတွက်ပထမအကြိမ် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ သဘောတူ လက်မှတ်ရေး ထိုး ထားပါတယ်။


DVB 

No comments:

Post a Comment