address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, March 24, 2014

KNU ခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးကျင်းပ




24.3.2014

လက်ရှိနိုင်ငံရေးအခြေအနေများကို သုံးသပ်ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် KNU ဗဟိုအမြဲတမ်းကော်မတီ ၄၈ ဦး၏ အရေးပေါ်အစည်းအဝေးကို ယနေ့နံနက်ကစတင်ကာ KNU လက်အောက်ခံ ဘားအံခရိုင်ရှိ လေးဝါးစခန်း တွင် စတင် ကျင်းပလျှက်ရှိသည်။

KNU ဥက္ကဌအပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင်များ စုံညီစွာတက်ရောက်နေသည့် အရေးပေါ်အစည်းအဝေးတွင် အစိုးရနှင့်လက်ရှိဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းစဉ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ပြီး အနည်းဆုံး ၃ ရက်မှ ၅ ရက်ခန့်ကြာမြင့်မည်ဟု ဗဟိုကော်မတီဝင်တဦးကပြောသည်။

၎င်းအပြင် KNU ဒေသများအတွင်း သန်းခေါင်စာရင်း ကောက်ခံမှုနှင့်ပတ်သက်၍ ၀ိဝါဒကွဲပြားနေမှုများကိုလည်း ထည့်သွင်းဆွေးနွေးကြမည်ဟုသိရသည်။

KNU ဗဟိုအမြဲတမ်းကော်မတီအချို့ကို စစ်ရေးပြအခမ်းအနားတခုတွင်တွေ့ရစဉ်။

မန်းမျိုးမြင့်(မီဒီယာ)

No comments:

Post a Comment