address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 26, 2013

မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအတွက် ပြည်နယ်အစိုးရသို့ လာရောက်တင်ပြ


26.7.2013
 
မဲဆောက်-မော်လမြိုင် တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးအတွက် ထိုင်းလေကြောင်း NOK AIR မှ အကြီးအကဲများ မွန်ပြည်နယ် အစိုးရအဖွဲ့သို့ လာရောက်တင်ပြ ညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။


ဇူလိုင် ၂၄ ရက် မွန်းလွဲတွင် ထိုင်းလေကြောင်း NOK AIR မှအကြီးအကဲ MR. SOMCHAINUK ENTRAKUL ခေါင်းဆောင်သော အဖွဲ့ဝင် ၂၄ဦးပါအဖွဲ့သည့် ကုမ္ပဏီပိုင်လေယာဉ်ဖြင့် မော်လမြိုင်လေ
ဆိပ်သို့ ဆင်းသက်ကာ မွန်းလွဲ နှစ်နာရီတွင် မွန်ပြည်နယ် အစိုးအဖွဲ့ရုံးတွင် ၀န်ကြီးချုပ်ဦးအုန်းမြင့် ပါဝင်သော အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ စက်တင်ဘာ ၁ရက်တွင် မဲဆောက်-မော်လမြိုင် တိုက် ရိုက်လေယာဉ် ပြေးဆွဲရေးအတွက် အကြိုညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းသို့ တွေ့ဆုံရာတွင် မော်လမြိုင် လေယာဉ်ကွင်း ဆင်းသက်မည့် အခြေအနေ ၊ လေယာဉ်ပြေးလမ်း ၊ လေယာဉ်ကွင်း ပြင်ဆင်ရမည့် အစီအစဉ်၊ နိုင်ငံခြား ခရီးသည်များ လည်ပတ်မည့် အစီအစဉ်၊ တည်းခို မည့်ဟိုတယ် အနေအထား၊ ခရီးသွားများကို သွားလာရေးအတွက် ပို့ဆောင်မည့်ယာဉ် အစီအစဉ် များ၊ လေယာဉ်ခရီးစဉ် ကြော်ငြာဘုတ် စိုက်ထူမည့် အခြေအနေများကို နှစ်ဖက်ညှိနှိုင်းခဲ့သည်ဟု သိရ သည်။

အဆိုပါအဖွဲ့သည် ဇူလိုင် ၂၄ ရက်ညနေတွင် ကရင်ပြည်နယ်ဘားအံသို့ ဆက်လက် ထွက်ခွာကာ ဘားအံခရီးစဉ်အတွက် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်မည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၅ ရက်တွင် ထိုင်းနိုင်ငံ သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။ယင်းလေကြောင်းလိုင်း ပြေးဆွဲရေးအတွက် ဌာနေကိုယ် စားလှယ်အဖြစ် ထားဝယ်မင်းသမီး ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်မည်ဟု သိရသည်။

No comments:

Post a Comment