address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

တပ်မတော်နှင့်တအောင်းအမျိုးသားတပ်မတော်တို့တိုက်ပွဲဖြစ်ပြန်


29.7.2013

ကွမ်လုံအခြေစိုက်ခလရ ၁၄၅ နှင့် ပန်ဆေးပြည်သူ့စစ်ပူးပေါင်းတပ်တို့ တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် T.N.L.A တပ်ရင်း ၁၁၂ နှင့် ကွတ်ခိုင်မြို့နယ် ကန်ပါဖိုကျေးရွာ အနီးတွင် ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေကြောင်းသိရှိရပါသည်။
 

ကွတ်ခိုင်မြို့နယ် တအောင်းကျေးရွာများတွင် T.N.L.A တပ်ရင်း ၁၁၂ တပ်ဖွဲ့များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံကိန်း စည်းရုံးရေးဆင်းနေသည့် အချိန်တွင် ကွမ်လုံအခြေစိုက် ခလရ-၁၄၅မှ အင်အား ၅၀ ကျော်နှင့် ပန်ဆေး ပြည်သူ့စစ် အဖွဲ့ ၄၀ကျော်ပူးပေါင်းတပ်တို့မှ ထိုးစစ်ဆင်နေမှုကြောင့် နှစ်ဖက်တပ် များ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားနေ ကြောင်းသိရှိရပါသည်။

ကျနော်တို့ က၂၀၁၃-၂၀၁၄ ခုနှစ် ဘိန်းတိုက်ဖျက်ရေးစီမံကိန်းအတွက် ကွတ်ခိုင်မြို့နယ်ဘက်မှာ စည်း ရုံးရေးဆင်း နေသည့်အချိန် မြန်မာစစ်တပ်နှင့် ပန်ဆေးပြည်သူ့စစ်အဖွဲ့တို့က ဖိအားပေးစစ်ထိုးလာ တဲ့အတွက် ကျနော်တို့တပ်ရင်း ၁၁၂ နှင့် မနက် ၁၀ နာရီအချိန် ကန်ပါဖိုရွာအနီးတွင် တိုက်ပွဲဖြစ်တယ်။ သူတို့ဖက်ကတော့ အင်အား ၁၀၀ နီးပါးလောက်ရှိမယ်၊ သေဆုံးဒဏ်ရာရစာရင်းကိုတော့ အတိအ ကျတော့ မသိရသေးပါဘူး။

အစိုးရဘက်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော် လည်း အောက်ခြေ တပ်များမှာမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဖြင့် ပစ်ခတ်မှုများရှိနေပါသည်.။

No comments:

Post a Comment