address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

"ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တွင် မိုးကြီး၊ ရေလျှံ"


29-7-2013

(၂၆၊ ၇၊ ၂၀၁၃) က စတင်ရွာသွန်းခဲ့သော သည်းထန်မိုးကြောင့် (၂၈၊ ၇၊ ၂၀၁၃)နေ့လည်ပိုင်း မှစ၍ ကရင်ပြည်နယ်မှ ဘားအံ၊ မြ၀တီ၊ လှိုင်းဘွဲ့၊ ကြာအင်းဆိပ်ကြီး အစရှိသည့် မြို့များ တွင် ရေများလွှမ်းမိုးနေသည်ဟု CJMyanmar က သတင်းရရှိသည်။

ဘားအံမြို့တွင် သံလွင်မြစ်ရေသည် မြို့၏ စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာကို ကျော်လွန်ပြီး ယခုအခါ (၈၀၀)စင်တီမီတာကျော်အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။ မြစ်ဘေးရပ်ကွက် များတွင် ရေများလျှံလျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရကြောင်း သိရသည်။ ယခု သတင်းရေးသားနေသည့် အချိန်အထိ မိုးမှာသည်းထန်စွာဆက်လက်ရွာသွန်းလျက်ရှိနေကြောင်း  သိရသည်။

မြ၀တီမြို့တွင်လည်း သောင်ရင်းမြစ်မှာ မြို့၏ စိုးရိမ်ရေအမှတ် (၄၇၇)စင်တီမီတာကို ကျော် လွန်ပြီး ယခုအခါ (၈၅၀) စင်တီမီတာအထိ မကြုံစဖူး မြင့်တက်လျက်ရှိကာ ကယ်ဆယ်ရေးစခန်း များ ဖွင့်လှစ်ထားရှိနေရကြောင်း သိရသည်။

ဘားအံ - လှိုင်းဘွဲ့လမ်းမှာလည်း ရေလျှံမှုကြောင့် လမ်းပိုင်းဆိုင်ရာပျက်စီးမှုများရှိနေကြောင်းသိ ရပြီး ကော့ကရိတ်ဘက်တွင်လည်း တောင်ပြိုမှုများရှိနေကြောင်း သိရသည်။

မွန်ပြည်နယ်၊ မြို့နယ်အချို့တွင်လည်း မိုးကြီး၊ ရေလျှံလျက်ရှိကြောင်း CJMyanmar က သတင်း ရရှိပါသည်။

CJMyanmar

No comments:

Post a Comment