address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

မွန်ပြည်သစ်တပ်အား တိုက်ခိုက်ခြင်းကို ရှူတ်ချသည့် ဆန္ဒပြပွဲ ပြုလုပ်


 29.7.2013

ဇူလိုင်လ (၂၉) ရက်နေ့ နံနက် ၉ နာရီ ၃၀ မှ ၁၁ နာရီ အထိ ထိုင်းနိုင်ငံမြန်မာသံရုံး ရှေ့တွင် မွန်ပြည် သစ် ပါတီ တပ်ဖွဲ့အား အစိုးရ တပ်မှ ဝင်ရောက် တိုက်ခိုက်ခြင်းကို ရှူတ်ချသည့် ဆန္ဒပြပွဲ တစ်ရပ် ပြုလုပ် ခဲ့သည်။


၎င်း ဆန္ဒပြပွဲအား ထိုင်းနိုင်ငံရောက် မွန်ရွှေ့ပြောင်း အလုပ်သမားများ၊ ထိုင်းနိုင်ငံ တက္ကသိုလ် အသီးသီး ၌ လာရောက်ပညာသင်ကြားနေသည့် မွန်တက္ကသိုလ် ကျောင်းသူ ကျောင်းသားများမှ ဦးဆောင်၍ ပြု လုပ်ခဲ့ပါသည်။


အင်အား (၁၅၀) ဝန်းကျင်ခန့်ရှိကာ တောင်းဆိုချက် (၃) ရပ်၊ ကြွှေးကြော်သံ (၄) ခုနှင့် အိတ်ဖွင့်ပေးစာ တို့ကို ထိုင်းလုံခြုံရေး ရဲမှ တဆင့် သံရုံးသို့ ပေးပို့ ခဲ့ကြောင်း ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ကော်မီတီ ဥက္ကဋ္ဌ နိုင်လယီထောမှ ပြောသည်။



No comments:

Post a Comment