address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

ပွင့်လင်းမြင်သာမှုမရှိခဲ့သည့် မြန်မာ-တရုတ်ပိုက်လိုင်းဖွင့်လှစ်ပြီ



29.7.2013
 
ယခင်အစိုးရ လက်ထက်က ပွင့်လင်းမြင်သာမှုမရှိဘဲ တရုတ်နိုင်ငံနှင့် ချုပ်ဆိုထားသည့် စာချုပ်ထား မှုတွင် တစ်ခုအပါအ၀င် ဖြစ်သည့် ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းကို ဇူလိုင်လ ၂၈ ရက်က မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်း ထိန်းချုပ်ရေးဌာနတွင် ကျင်းပ ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယသမ္မတ ဦးဥာဏ်ထွန်း တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြောင်း သိရသည်။


''ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကနေ တရုတ်နိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေး သွား နိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ စက်မှုဖွံ့ဖြိုးတိုးတက်မှု လျှပ်စစ်ဓာတ် အား ထုတ်လုပ်မှုတွေကို ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကထွက်ရှိတဲ့ ဓာတ်ငွေ့တွေကို အသုံးပြု သွား နိုင်ဖို့အတွက် အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့အ တွက် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၂ သန်း ထောက်ပံ့ပေးတဲ့အတွက် SEAGP ကိုလည်း ကျေးဇူးတင် ပါတယ်'' ဟု ဒုသမ္မတ ဦးဥာဏ်ထွန်းက ပြောကြားခဲ့သည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်ကစတင် အကောင်အထည် ဖော်ခဲ့ပြီး ယခု ၂၀၁၃ ခုနှစ် မေလအတွင်း၌ ပြီးဆုံးခဲ့သည်။ ထိုစီမံကိန်းကို မြန်မာ၊ တရုတ်၊ အိန္ဒိယ၊ ကိုရီးယား စသည့် နိုင်ငံပေါင်း လေးနိုင်ငံမှ ကုမ္ပဏီပေါင်း ခြောက်ခုတို့က တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ် သည်။ ရွှေသဘာဝ ဓာတ်ငွေ့မှ ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များမှ ရာခိုင်နှုန်း ၂၀ သာ မြန် မာနိုင်ငံမှ ရရှိမည်ဖြစ်ပြီး ပိုက်လိုင်းဖြတ်သန်းခ အဖြစ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၈၁ သန်း ရရှိမည်ဖြစ်ကာ နှစ် ၃၀ ဖြတ်သန်းခ ရရှိမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာ ၉ ရက်က အမျိုးသား လွှတ်တော်၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဌေး၏ရှင်းလင်းမှုတွင်မြန်မာတရုတ်ရေနံစိမ်းနှင့်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတည်ဆောက်
ရခြင်းမှာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေး၊ ဒေသတွင်း စွမ်း အင်လုံခြုံမှု ရှိရေးတို့ကို ရည်ရွယ်ပြီး တည်ဆောက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

သို့သော်လည်း ပိုက်လိုင်းတည်ဆောက်စဉ်က ပိုက်လိုင်းဧရိယာအတွင်း ကျရောက်နေသော မြေယာများ အတွက် လျော်ကြေးငွေ အပြည့်အ၀မရရှိမှုများရှိခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းမှာလည်း မြန်မာနိုင် ငံသားများကို ခန့်အပ်ခြင်းထက် တရုတ်နိုင်ငံမှ အလုပ်သမားများကိုသာ ခန့်အပ်ခဲ့သည်။ ထို့ပြင် ပြည် တွင်း၌ လျှပ်စစ်ဓာတ်အား အကြီးအကျယ် လိုအပ်နေချိန်တွင် ယခုကဲ့သို့ ဈေးပေါပေါဖြင့် တရုတ်နိုင်ငံ သို့ ရောင်းချခဲ့ခြင်းအပေါ် ပြည်သူများက ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

credit to:Eleven Media Group

No comments:

Post a Comment