address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 24, 2013

ပြည်သူအားကိုးလောက်တဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့


24.7.2013
 
ကချင်ပြည်နယ်၊ ဟိုပင်မြို့တွင် ခိုက်ရန်ဖြစ်ပွားခဲ့သည့် လူငယ်တစ်ဦးကို ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းပြီး ရိုက်နှက်စစ်ဆေးခဲ့သဖြင့်ထိုလူငယ်မှာ ဒဏ်ရာအကြီးအကျယ်ရရှိပြီး မိုးညှင်းမြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှု ခံယူနေရကြောင်းသိရသည်။
 
ဒဏ်ရာရရှိသူမှာ မောင်မိုးဆန်း အသက်(၁၉)နှစ်ဆိုသူဖြစ်ပြီး ဇူလိုင်လ ၁၀ရက်နေ့ညပိုင်းက ခိုက်ရန်ဖြစ် ပွားမှုဖြင့် ရဲစခန်းမှဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဇူလိုင်လ ၁၁ရက်နေ့ညနေပိုင်းတွင် မိဘများက ငွေကျပ်တစ် သိန်းဖြင့်ရွေးထုတ်ခဲ့ကြောင်း ၄င်း၏မိသားစုဝင်တစ်ဦးက ဆိုပါသည်။ရွေးထုတ်ယူခဲ့ချိန်တွင် ခန္ဓာကိုယ် အ နှံ့ ဒဏ်ရာများဖြင့် လမ်းမလျှောက်နိုင်တော့ဘဲ မိုးညှင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ဆက် ပြောပြခဲ့သည်။

ဆေးစာမှာ ဆိုင်ကယ်အက်စီးဒင့်ဖြစ်တယ်ဆိုပြီးတော့ ရေးထားပါတယ်၊ ရဲစခန်းကိုပေးခဲ့ရတဲ့ ငွေတစ် သိန်းကိုလည်း လာပြန်ပေးသွားပါတယ်။ မောင်ဆန်းမိုး အခြေအနေကတော့ ဘယ်လိုပြောရမှန်း မသိ သေးပါဘူး ဟုမောင်ဆန်းမိုး၏ မိသားစုဝင် တစ်ဦးက ပြောပြခဲ့ပါသည်။

ထိုနေ့ညက ခိုက်ရန်ဖြစ်ပွားမှုဖြင့် လူငယ် ၆ ဦးကို ဖမ်းဆီးခဲ့ပြီး မောင်ဆန်းမိုးကို သီးသန့်ချုပ်ထား ခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရသူ လူငယ်တစ်ဦးက ပြောသည်။ ထိန်းသိမ်းခံရစဉ် ငွေပေးရသော်လည်း မောင် ဆန်းမိုးပေးခဲ့ရသည့် ငွေပမာဏထက် နည်းသည်ဟု ဆိုသည်။

ကျွန်တော်တို့ ငါးယောက်ကိုတစ်ခန်းထဲမှာထားတယ်။ မောင်ဆန်းမိုးကို သက်သက်ထားပြီး တစ်ညလုံး၊ တစ်နေ့လုံးရိုက်နေတာ၊ ဖမ်းလို့မမိလိုက်တဲ့ ဖိုးဖြူဆိုတဲ့ သူဘယ်မှာရှိလဲဆိုတာ မေးမေးပြီး ရိုက်နေတာ။ ညနေပိုင်းအိမ်တွေက  ပိုက်ဆံနဲ့လာရွေးမှ ကျွန်တော်တို့ကိုလွှတ်ပေးလိုက်တယ်။ ကျွန်တော်တို့ ၅ ယောက် တစ်ယောက်ကို လေးသောင်းစီနဲ့ ပေးလိုက်ရတယ် ဟုမောင်ဆန်းမိုးနှင့် အတူ ဖမ်းဆီးခံခဲ့ရ သည့် လှိုင်မင်းထက်ကပြောပြခဲ့ပါသည်။

“ရိုက်နှက်ခံရသူ မောင်ဆန်းမိုးမှာ ခါးရိုးတစ်ချောင်း ကျိုးပြီး၊ အတွင်းအင်္ဂါများ ထိခိုက်မှုရှိနိုင်ကြောင်း မိုးညှင်းဆေးရုံကြီးမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။“အခုတော့ မောင်ဆန်းမိုးရဲ့ မိဘတွေကိုရော ရဲစခန်းကိုရော ပြည်နယ်က ဆင်းပြီး လာစစ်တယ်လို့ ကြားတယ်။ ဟုတ်မဟုတ်တော့ မသိဘူး။ ရဲစခန်း ကလည်း အမှုမလုပ်ဖူးလို့ ပြောပြန်တယ်။ ကလေးကတော့ အခြေအနေ မကောင်းသေးဘူး” ဟု မောင် ဆန်းမိုး၏ မိသားစုဝင် တစ်ဦးက ဆိုသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဟိုပင်မြို့နယ် ရဲစခန်းသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။


No comments:

Post a Comment