address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

ဂျပန်ဝန်ကြီးချုပ်အား ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်အဖြစ်စေခိုင်းခံခဲ့ ရသည့် အမျိုးသမီးများက ဆန္ဒပြ

 
29.7.2013
ဖိလစ်ပိုင်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအား သမ္မတ ဘနီနို အာကွီနိုမှ မာလက်ကာနန်နန်းတော်တွင် လက်ခံတွေ့ဆုံနေသည့် အချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း လိင် ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် အမျိုးသမီးတစ်စုက နန်း တော်အပြင်ဘက်တွင် ဆန်္ဒပြခဲ့ကြောင်း ဇူလိုင် ၂၈ ရက်က ဆင်ဟွာသတင်းဌာနမှ ဖော်ပြထားသည်။

အဆိုပါအမျိုးသမီးများမှာ လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် လိုင်လာဖိလစ်ပီနာအဖွဲ့မှ အသက်ရှင်ကျန် ရစ်သူများဖြစ်ကြပြီး ယခုအချိန်တွင် အသက် ၈၀ကျော်နေကြပြီဖြစ်သည်။ ယင်းအဖွဲ့တွင် အဖွဲ့ဝင်ပေါင်း ၂၀၀ ခန့်ရှိခဲ့ပြီး၊ ၎င်းတို့အနက် ၇၃ ဦးမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။

ဆန္ဒပြခဲ့ကြသည့် အမျိုးသမီးများမှ “လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရသည့် အမျိုးသမီးများအတွက် တရားမျှ တမှုရှိရေး၊ “တခြားသော အမျိုးသမီးမျိုးဆက်များအတွက် လိင်ကျွန်အဖြစ် ခိုင်းစေမှုထပ်မံမဖြစ်ပေါ်ရေး၊ ကျွန်မတို့က တရားမျှတမှုကို လိုချင်တာပါ။ သင်္ဘောတွေမဟုတ်ပါဘူး” ဟူသော စာတန်းများအား ကိုင် ဆောင်ခဲ့ကြသည်။ ထို့အပြင် သမ္မတအာကွီနိုအနေဖြင့် ဂျပန်အစိုးရမှ တောင်းပန်မှုများ ပြုလုပ် ရန်အတွက် ၀န်ကြီးချုပ်အာဘေးနှင့် တွေ့ဆုံစဉ် တောင်းဆိုသင့်သည်ဟု ဖော်ပြထားသည်။

“ဂျပန်နိုင်ငံက ဒုတိယကမ္ဘာစစ်အတွင်း ဖိလစ်ပိုင်အမျိုးသမီးတွေကို ပြည့်တန်ဆာအလုပ်လုပ်ဖို့ အတင်း အဓမ္မစေခိုင်းခဲ့တာကို အခုထက်ထိ တောင်းပန်ခြင်းမရှိသေးပါဘူး။ ၀န်ကြီးချုပ်အာဘေးက ဒီလုပ်ရပ် အ တွက် တောင်းပန်တဲ့ ကိုနိုကြေညာစာတန်းကို ဆက်မသုံးဖို့ ဆောင်ရွက်ခဲ့ပေမယ့် နိုင်ငံတကာက ဖိအားပေးခဲ့တဲ့အတွက် ပြန်သုံးခဲ့ရပါတယ်”ဟု လိုင်လာဖီလစ်ပီနာ အဖွဲ့ဥက္ကဋ္ဌ Rechilda Extremadura ကဆိုသည်။

REF "Mizzima News"

No comments:

Post a Comment