address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 26, 2013

ပြည်သူ့စစ်ခေါင်းဆောင်တဦးအား ထိုင်းအစိုးရမှ ဖမ်းဝရမ်းဆုငွေ ၅ သန်း အထိတိုးမြှင့်



26.7.2013
မြန်မာနိုင်ငံသား တာချီလိတ်မြို့နေ နမ့်ပုံ ပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေးအားမူးယစ်ဆေးဝါးမှုဖြင့် ထိုင်းအစိုးရက ဖမ်းဝရမ်းဆုငွေ ထိုင်းဘတ်၂သန်းမှ ဘတ် ၅သန်းတိုးမြှင့်လိုက်ကြောင်း ထိုင်းမူးယစ်ရဲ အဖွဲ့က ပြောကြား လိုက်ပါသည်။ 


ပြီးခဲ့သည့် ဂျွန်လနှောင်းပိုင်းက ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင့် ယာဘဆေးပြား ၅ သိန်းဖမ်းဆီးမိ ပြီးနောက်ပိုင်း ဦးယီ့ဆေးအား ယခုလ ၇ ရက်နေ့က ဖမ်းဝရမ်းဆုငွေတိုးမြှင့်လိုက်ခြင်းဖြစ်သည်။ ဖမ်းမိ ယာဘဆေးပြားများမှာ တာချီလိတ်မြို့ နမ့်ပုံပြည်သူ့စစ်ခေါင်းဆောင် ဦးယီ့ဆေး၏ အဆက်ဟု ယူ ဆသော ကြောင့် ဖမ်းဝရမ်းဆုငွေ တိုးမြှင့်ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ ထိုင်းအရာရှိတစ်ဦးက သျှမ်းပြည်မူးယစ်ဆေး ၀ါးစောင့်ကြည့် လေ့လာရေးအဖွဲ့အား ပြောကြားကြောင်း ဦးခွန်စိုင်းကပြောပါ သည်။

ထိုင်းနိုင်ငံမူးယစ်ဆေးဝါးတိုက်ဖျက်အရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးဖုန်းစဖတ်ဖုန်းဂျရုန်းကလည်း ထိုင်းသတင်းမီဒီယာများအား “ဦးယီ့ဆေးဟာ မူးယစ်ဆေးဝါးထုတ်လုပ်သူတစ်ယောက်အဖြစ် ကျွန်တော် တို့ဆီမှာ သတင်းအချက်အလက် အပြည့်အစုံရရှိထားပြီးပြီ။ သူတို့ရဲ့အဖွဲ့ဝင် အဆက်တွေက ထိုင်းနိုင်ငံ ထဲမှာ အဖွဲ့၅ ဖွဲ့ရှိ တယ်။ အန်ထောင်းမြို့နဲ့ အယုဒ္ဓယမြို့မှာပါ။ သူဟာ ထိုင်းနိုင်ငံကနေတစ်ဆင့် နိုင်ငံ ရပ်ခြားကို တင်ပို့နေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီကိစ္စ ကျွန်တော်တို့ ထိုင်းအာဏာပိုင်နဲ့မြန်မာဘက်က အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး ကြပ်မတ်စစ်ဆေးဆောင်ရွက်သွားမယ်”ဟု ပြောဆိုပါသည်။

၎င်းအား မူးယစ်ရာဇာအမည်တပ် ဖမ်းဝရမ်းထုတ်မှုနှင့်ပက်သက်၍ ဥိးယီ့ဆေးက “ဒီမူးယစ်ဆေးဝါးနဲ့ ပက်သက်ပြီး လုံးဝမနှစ်မြို့ဘူး။ ဆက်စပ်မှုမရှိဘူးလို့အတိအကျပြောချင်ပါတယ်။ မည်သူမဆို မည်သည့် အချိန်မဆိုလာရောက် စစ်ဆေးနိုင်တယ်လို့ပြောချင်တယ်”ဟု tcl4newsဆိုသူ၏ အင်တာဗျူး တွင် ဖြေကြားထားဖူးသည်။

ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်းအဖမ်းမခံရမီက မြန်မာနိုင်ငံသား ၃ဦးဖြစ်သော စိုင်းနော်ခမ်း၊ဦးယီ့ဆေးနှင့် ဗိုလ်နှုတ်ခမ်းမွှေး(စောလားဘွယ်)အား မူးယစ်ဆေးဝါးနှင့်ပက်သက်၍ ထိုင်းအာဏာပိုင်များက ဖမ်းဝ ရမ်းထုတ်ခဲ့ပါသည်။

အဆိုပါ ရွှေတြိဂံဒေသအတွင်း စိုင်းနော်ခမ်းမရှိတော့သည့်နောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက် ကားမှုများ လျော့ကျမသွားဘဲ ဦးဂျဆေးဘိုဆိုသူက အစားထိုး လှုပ်ရှားနေကြောင်း နယ်စပ်ထိုင်းလုံ ခြုံရေးအာဏာပိုင်များက ပြောပါသည်။

ယနေ့ကလည်း ထိုင်းနိုင်ငံ ချင်းရိုင်းမြှိုတွင် တိုင်း/ဒေသအဆင့် ထိုင်း-ြုမန်မာနယ်ခြားကော်မတီ RBC Region Border Committee အစည်းအဝေးကျင်းပရာ ဦးယီ့ဆေးကိစ္စနှင့်ပက်သက်၍ ဆွေးနွေးမှုရှိ ခဲ့ကြောင်း၊ မြန်မာအာဏာပိုင်က ထိုင်းအာဏာပိုင်အား  ဦးယီ့ဆေးနှင့်ပက်သက်သည့် သက်သေ အထောက်အထားများ အပြည့်အစုံရှိပါက ဖမ်းဆီးအရေးယူနိုင်ကြောင်း ပြောကြားခဲ့သည်ဟု ပြောဆိုပါ သည်။ သို့သော် ထိုင်းဘက်မှ ခိုင်လုံသောသက် သောထုတ်ပြပြောဆိုနိုင်ခြင်းမရှိသေးပေ။

No comments:

Post a Comment