address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 26, 2013

ဆေးရုံထဲသို့ အရက်ပုလင်းနှင့် ဆိုင်ကယ်စီး ဝင်လာသော ဆရာဝန် သတင်း ဖြစ်ရပ်မှန်



 26.7.2013

၂၁ရက်နေ့   ည ၉ နာရီလောက်မှာ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့  ကျောက်ဆည်ဆေးရုံကို accident ဖြစ်တဲ့ လူနာနှစ်ယောက် ရောက်လာပြီး လူနာများ၏အခြေအနေမှာ ဦးခေါင်းထိထား ၍ ကောင်းစွာ သတိမရကြောင်းသိရပါတယ်။

အဆိုပါလူနာ များနှင့် ပါလာသော ယာဉ်ထိမ်းရဲ နှစ်ယောက်မှာ ဆရာဝန်စမ်းသပ် ခန်းထဲသို့ ဝင်လာပြီး လူနာများအား လှုပ်နိုးပြီး၊ နာမည်၊ အသက် စသည်တို့ ကို မေးတဲ့အခါ တာဝန်ကျ ဆရာဝန်များထဲမှ ဆရာဝန်တယောက်က လူနာကကောင်းကောင်း သတိမရသေးသဖြင့်၊ အရေးပေါ်အခြေအနေဖြစ်ေ ကြာင်း ဆရာဝန်အခန်းအပြင်မှ စောင့်ရန်ပြောသဖြင့်၊ အရက်လည်းမူးနေတဲ့ ယာဉ်ထိမ်းရဲ ၂ပွင့် ဦးအေး ကိုကိုမှ အခန်းအပြင်ဘက်သို့ ထွက်သွားရ၍ မကျေနပ်ကြောင်း ပြောဆိုနေခဲ့ပါတယ်။


အဲဒီအချိန်မှာ ဒေါက်တာ ဇော်သူအောင်မှ ဆိုင်ကယ်ထားရန် ပြင်ပလူနာ ဌာနဆောင်ထဲသို့ တက်လာ စဉ်၊ ယာဉ်ထိမ်းရဲများ ပိတ်နေ၍ လမ်းဖယ်ပေးရန် ဆိုင်ကယ်ဟွန်းတီးတဲ့အခါ၊ ယာဉ်ထိမ်းရဲ ဖြစ်သူများမှ ဖယ်မပေးဘူးလို့ဆိုပါတယ်။



ထိုအခါ ဒေါက်တာဇော်သူအောင်မှ ဆိုင်ကယ်ကို လမ်းကျဉ်းကျဉ်းလေးထဲသို့  ယာဉ်ထိမ်းရဲများ ဘေးမှ ကပ်ရှောင်သွားစဉ်၊ဒေါက်တာ ဇော်သူအောင်ဆိုင်ကယ်မှ ဆိုင်ကယ်ဦးထုပ်နှင့် ဦးအေးကိုကို၏ လက်ထိမိ သွား ကြောင်းသိရပါတယ်။

အထဲမှ လူနာနှစ်ယောက်ကိုတော့ ရောဂါအခြေအနေအကြောင်း တာဝန်ကျ ခွဲစိပ်ဆရာဝန်ကြီးထံ အကြောင်းကြားပြီး ဆရာဝန်ကြီး orderအရ မန္တလေးဆေးရုံကြီး ဦးနောက်နှင့် အာရုံကြောခွဲစိတ်ဌာန လို့ လွဲပြောင်းခိုင်းလိုက်ပါတယ်။

ထိုသို့ လွှဲပြောင်းကုသခြင်းကို ယာဉ်ထိမ်းရဲ ဖြစ်သူဦိးအေးကိုကိုမှ ဒီမှာပဲကုလို့ မရနိုင်ဖူးလား၊ ဘာဖြစ် လို့ လွှဲတာလဲလို့ ပြောပါတယ်၊ အရေးပေါ်အခြေအနေကြောင့် လွှဲပြောင်းခြင်းကို သူ့ ဘက်က ဘာကိစ္စ သဘောမတူ ဖြစ်နေရတာလဲဆိုတာကို ဆရာဝန်များမှ နားမလည်နိုင်ကြောင်း၊ ကျောက်ဆည် ဆေးရုံက ဆရာဝန်တဦးကပြောပါတယ်။

မလွှဲလို့ မရဖူးလို့ ပြောလိုက်တော့မှယာဉ်ထိမ်းရဲ ဖြစ်သူ နှစ်ဦးထွက်သွားခဲ့ပါတယ်။ည ၁၀ နာရီလောက် မှာ ယာဉ်ထိမ်းရဲ ဖြစ်သူနှစ်ဦးနှင့် ကိုကိုလွင် ဆိုသော လူတယောက်ပါလာပြီး ၊၃ ယောက်စလုံးမှ အရက် နံ့ရပြီး တော်တော်ပင်မူးနေကြကြောင်း၊ ကိုကိုလွင် ဆိုသူမှာ ဆေးရုံထဲသို့ ဆေးလိပ်သောက် ၀င်လာပြီး သူ့ ဖုန်းဖြင့် ဓာတ်ပုံများရိုက်ကြောင်း၊ ယာဉ်ထိန်းရဲဖြစ်သူ ဦးအေးကိုကိုမှ သူ့ အားဆိုင်ကယ်ဖြင့် ဝင်တိုက် သွားသည့် ဆရာဝန်အား ခေါ်ပေးရန် ရင့်ရင့်သီးသီးပြောဆို ကြောင်း၊ ကိုကိုလွင်အား ဓာတ်ပုံ ရိုက်လို့ မ ရကြောင်းပြောသောအခါ ၊ငါကမီဒီယာသမားကွ ငါရိုက်ချင်ရင်အကုန်ရိုက်လို့ရတယ်ကွဟု ပြောကြောင်း ၊ ရောက်လာသူ၃ယောက်စလုံးမှတော်တော်မူးနေ၍ ပြသနာတက်မည်ဆိုးသောကြောင့် ဒေါက်တာ ဇော် သူအောင်ကို ခေါ်မပေးပဲ ပြေလည်အောင် ဆရာဝန်တဦးမှ ဦးအေးကိုကိုအား ဆိုင်ကယ်ဦးထုပ်နှင့် တိုက် မိတာပဲ ခင်များလက်က ဒဏ်ရာရသွားရင် ကျွန်တော်တို့ ဒေါက်တာဇော်သူအောင် အစားတောင်းပန် ပါတယ်လို့ ပြောပါတယ်။

ပြီးတော့ ခင်များလက်ကိုလည်း ဓာတ်မှန်ရိုက်ပြီး ဆေးကုပေးမည်ဟု ပြောကြောင်း၊ အမှန်မှာ ဆိုင်ကယ် ဦးထုပ်ဖြင့် တိုက်မိသောကြောင့် မည်သည့် ဒဏ်ရာအနာမှ မဖြစ်ကြောင်း၊ ဦးအေးကိုကိုမှ ဒါက်တာဇော် သူအောင်အားမခေါ်ပေးသဖြင့် ဆေးရုံရှေ့တွင်အော်ပစ်ဆဲဆိုသောင်းကြမ်းနေကြောင်း၊ မီဒီယာ သမားဟုပြောသော ကိုကိုလွင်ဆိုသူမှ ငါက ၈၈ကျောင်းသားဟောင်းကွ၊ ငါကိုဘာကောင်မှတ်နေလည်း၊ မင်းတို့ ဆေးရုံတခု လုံးကို ဓာတ်ပုံရိုက်ပြီး internet ပေါ်တင်လို့ ရတယ်ကွ၊ ပါးစပ်မှ လည်းနားနှင့် မကြားဝင့်တဲ့ စကားလုံးမျိုးစုံ ဖြင့်ဆဲဆိုပြီး၊ မင်းတို့ ဆေးရုံတခုလုံးကို မီးရို့ ပစ်မယ်၊ ဘာမှတ်နေလဲကွ ဟု ပြောကြောင်း၊ ပြသနာများ ပိုကြီးလာမည် ဆိုးသောကြောင့် အကုန်လုံးမှ ဒေါက်တာဇော်သူအောင် အား ခေါ်ပေးပြီး၊ ယာယီဆေးရုံအုပ် ဒေါက်တာ ဦးဌေးအောင်ကိုလည်း တာဝန်ကျဆရာဝန်တဦးမှ သွားခေါ်ခဲ့ပါတယ်။

ဒေါက်တာဦးဌေးအောင်ရောက်လာပြီးပြသာနာဖြစ်သူနှစ်ဦးအားအခန်းတွင်းသီးသန့်ဖြေရှင်းပေးကြောင်း ၊ ဒေါက်တာဦးဌေးအောင်မှ ဦးအေးကိုကိုအား တာဝန်ချိန်အတွင်း ယူနီဖောင်း ဝတ်ပြီး အရက်သောက် ထားသဖြင့်မှားကြောင်း၊ ဒေါက်တာဇော်သူအောင်အား ဆိုင်ကယ်မထားရတဲ့နေရမှာ မောင်းတက်လာ၍ မှားကြောင်း ပြောပါတယ်။

ဒေါက်တာ ဇော်သူအောင်မှ ဒီနေရာတွင် ဆိုင်ကယ်မထားရသည်ကို မသိကြောင်း၊ အစဉ်အဆက်က လည်း ဆိုင်ကယ်ထားကြ၍ မိမိလည်းထားမိခြင်းဖြစ် ကြောင်း၊ ယာဉ်ထိန်းရဲ ဦးအေးကိုကိုမှ ဒေါက် တာဇော်သူအောင်လည်း အရက်သောက်ထားကြောင်း ပြောဆိုပြီး ဆိုင်ကယ်ရှေ့ မှ ညှပ်ထားသော ဘူး ကိုယူ၍ပြကြောင်း၊ အဲဒီဘူးမှာ အချိုရည်ဘူး ဖြစ်ကြောင်း ပြောပြီး ဒေါက်တာဦးဌေးအောင်နှင့် ဦးအေး ကိုကိုမှ အဖုံးဖွင့်ပြီးကြည့်ကြကြောင်း၊ အရက်အနံ့မရပဲ အချိုရည်အနံ့ပဲရကြောင်း၊ ဒေါက်တာဦးဌေးေ အာင်မှ ဝန်ထမ်းအချင်းချင်း ပြသနာဖြစ်တာ ရှက်စရာကောင်းလှ ကြောင်း၊ နှစ်ဦးနှစ်ဖက်တောင်းပန်ခိုင်း ၍ အပြန်အလှန်လက်ဆွဲ နုတ်ဆက်ခိုင်းကြောင်း သိရပါတယ်။

ဒေါက်တာ ဦးဌေးအောင်မှ အရပ်သားတွေကို တောင်းပန်စရာ မလိုကြောင်းလဲ မပြောခဲ့ကြောင်း၊ ကိုကိုလွင်နှင့် ဦးအေးကိုကိုတို့ ဆဲဆိုနေသော ဗီဒီယိုဖိုင်နှင့် ဓာတ်ပုံများ ကို ဒေါက်တာ ဦးဌေးအောင် မှ ပြသနာ အကျယ်အကျယ်ဖြစ်မည်ဆိုး သဖြင့် ပြန်ဖျက်ခိုင်းလိုက်ကြောင်းလည်း ကျောက်ဆည် ဆေး ရုံ တာဝန်ကျ ဆရာဝန်များ ပြောပြချက်အရ သိရပါတယ်။

ဆက်လက်ပြီး တာဝန်ကျ ဆရာဝန်တဦးမှ ဒေါက်တာဦးဌေးအောင်က လူနာများကို ဆဲဆိုရတဲ့ အကြောင်းအရင်း သိချင်ရင် အချိန်မရွေးလာရောက် စုံစမ်းနိုင်ကြောင်း၊ အလာကား သက်သက် မ ဆဲကြောင်း၊ ပြီးတော့လူနာများကို ကြက်သား၊နို့ ၊ငါးဆန်ပြုတ် တနေ့သုံးနှပ်နေ့တိုင်းကျွေးကြောင်း ၊ မြန်မာနိုင်ငံမှာ ဒီလိုမျိုး လူနာတွေကို ဆန်ပြုတ်နေ့တိုင်းတိုက်တဲ့ ဆေးရုံမျိုးတွေကို လက်ချိုးရေလို့ ရေ ကြာင်း၊ ကျောက်ဆည်ဆေရုံကြီးကိုတက်ဖူးတဲ့လူနာတွေကို ကြိုက်တဲ့လူ မေးလို့ရနိုင်ကြောင်း၊ ငွေရေး ကျးရေး အရုပ်အရှင်းကိစ္စမရှိကြောင်း၊ ဆင်းရဲသောလူနာများကို တက်နိုင်သလောက် ဆေးအလာ ကားပေးကြောင်း၊ ဆေးရုံဆင်းချိန်တွင် အလှူငွေကောက်ခံခြင်းကို မတက်နိုင်လျှင်လုံးဝမထည့် ခိုင်းကြောင်း၊ အဲဒါကြောင့် ၁၅နှစ်လုံးလုံး ဒီမှာမြဲနေတာဖြစ်ကြောင်း၊ ကြိုက်တဲ့အချိန် ကျောက် ဆည်ဆေးရုံကို လာပြီးတော့ မေးမြန်းနိုင်ကြောင်း ထံမံပြောဆိုသွားပါတယ်။

No comments:

Post a Comment