address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 17, 2013

ဆွေးနွေးမှုရလာဒ်ပေါ်မူတည်၍မြေမြုပ်မိုင်းများရှင်းလင်းပေးမည်


17.7.2013
မြန်မာအစိုးရနှင့် ယုံကြည်မှု တည်ဆောက်နေသော အပစ်အခတ်ရပ်စဲရေး အခြေအနေအပေါ် မူတည်၍ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) ထိန်းချုပ်နယ်မြေအတွင်းရှိ မြေမြှုပ်မိုင်းများကို ရှင်းလင်းသွား မည်ဟု ကေအဲန်ယူ အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ယနေ့ ပြောကြားလိုက်သည်။


“အပစ်အခတ်ရပ်စဲရေး မခိုင်သေးတဲ့အပေါ် ကျနော်တို့ ထိန်းချုပ်နယ်မြေအတွင်းမှာ မိုင်းရှင်းလင်းရေး ကိစ္စ ကို လုပ်ဆောင်သွားဖို့ အစီအစဉ် မရှိသေးဘူး။ တခြားကရင်လက်နက်ကိုင် အဖွဲ့ကတော့ မသိဘူးပေါ့နော် ။”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကေအဲန်ယူအနေဖြင့် အပစ်အခတ်ရပ်စဲရေးကာလတွင် မြေမြှုပ်မိုင်း ရှင်းလင်းရေးထက် အန္တရာယ်ကာ ကွယ်ရေး အစီအစဉ်ကိုသာ အဓိက ဆောင်ရွက်ပြီး မြေမြှုပ်မိုင်း အန္တရာယ်ပညာပေး အစီအစဉ်များ၊ မိုင်း တည်ရှိသည့်နေရာများတွင် အချက်အလက်ကောက်ယူမှုများ စသည်တို့ကိုသာ အထိုက်အလျောက် စ တင် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပဒိုစောကွယ်ထူးဝင်းက ထပ်ပြောသည်။

ယခုလ(ဇူလိုင်) ၁၃ရက်နေ့က ကေအဲန်ယူ အပါအ၀င် ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ နယ်ခြားစောင့်တပ်၊ ဘုရားကုန်းငြိမ်းချမ်းရေးတပ်ဖွဲ့ စသည့် ကရင်လက်နက်ကိုင်အဖွဲ့ ငါးဖွဲ့တို့က DKBA ကလိုထူးဘော စစ်ဌာချုပ်တွင် တွေ့ဆုံကာ ကရင်ပြည်နယ် အ တွင်းရှိ မြေမြုပ်မိုင်းများကို ဇူလိုင်လအတွင်း၌ စတင်ရှင်းလင်းရန် သဘောတူခဲ့ကြသည်ဟု မဇ္ဈိမ ၀က်ဘ် ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

သို့သော် ၎င်းဖော်ပြထားချက်နှင့်ပတ်သက်၍ DKBA မှ ဗိုလ်မှူးထွန်းထွန်းက “ကျနော်အဖွဲ့ကမိုင်းရှင်း လင်းရေး သီးခြားအစီအစဉ်တော့ မရှိပါဘူး။ ပြည်သူတွေကို အန္တရာယ် ဖြစ်လောက်တဲ့နေရာ မျိုးမှာ တစ်လုံးစ နှစ်လုံးစ လိုက်ပြီး ရှင်းပေးတာတော့ ရှိပါ တယ်”ဟု ဆိုသည်။

ကရင်လက်နက်ကိုင်အဖွဲ့များ အသုံးပြုနေကြသော မြေမြှုပ်မိုင်းများသည် အများအားဖြင့် ဓါတ်ခဲအားကို အသုံးပြုသော လက် လုပ်မြေမြှုပ်မိုင်း အမျိုးအစားများ ဖြစ်ပြီး သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်ခြင်းမရှိဘဲ ပျက်စီးသွားကြောင်း ဗိုလ်မှူးထွန်းထွန်းက ဆိုသည်။ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း၌ ကရင်လက်နက် ကိုင်တပ်ဖွဲ့များအပြင် မြန်မာအစိုးရတပ်များလည်း မြေမြှုပ်မိုင်းထောင် ထားမှုများရှိကြောင်း သိရသည်။

No comments:

Post a Comment