address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 31, 2013

ဒေါက်တာစင်သီယာမောင်ဆေးခန်း နဲ့ ရေဘေးအန္တရာယ်





 31.7.2013

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီလ ၂၁ ရက်နေ့ကစပြီး မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းတဲ့အတွက် ရေဘေးကျရောက်တဲ့အထဲမှာ မယ်တော်ဆေးခန်းလည်း ပါဝင်ပါတယ် ။ ဆေးခန်း ထဲ ရေ၀င်လို့ လူနာ ၂၀၀ ကို ဒီနေ့အရေးပေါ်ပြောင်းရွှေ့နေရပါတယ်။



အဲဒီလူနာတွေကို ဆေးခန်းရဲ့ တဖက်ခြမ်းမှာရှိတဲ့ CDC အထက်တန်းကျောင်းမှာ ပြောင်းရွှေ့နေရာ ချထားပေးနေပါတယ်။  လူနာတွေရော လူနာစောင့်တွေပါ ဆိုရင် အားလုံး ၃၀၀ လောက်ရှိပါတယ်။

ရေဘေးဒဏ်ခံရတဲ့လူနာတွေဟာ မြန်မာနိုင်ငံဘက်ကနေ မယ်တော်ဆေးခန်းမှာ ဆေးဝါးကုသမှုလာေ ရာက်ခံယူကြသူတွေဖြစ်ပြီး၊   သူတို့ကို မယ်တော်ဆေးခန်းက အခမဲ့ ၀န်ဆောင်မှုပေးနေတာပါ။ 




ရေဘေးဒဏ်ကြောင့်အခုလို မယ်တော်ဆေးခန်းကလူနာတွေ အကုန်လုံးဘေးလွတ်ရာ ရှောင်ကြရတာ ကတော့  ပထမဆုံးဖြစ်ပြီး အရင်ကဒီလိုအခြေအနေဆိုးတွေ မကြုံရဘူးလို့ ဆေးခန်းမှူးတဦးက ဆိုပါတယ်။

ဒီလူနာတွေကိုအကူအညီပေးချင်ရင် CDC အထက်တန်းကျောင်းမှာ သွားရောက်ကူညီနိုင်တယ် လို့ ဆေးခန်း တာဝန်ရှိသူတဦးကပြောပါတယ်။


မယ်တော်ဆေးခန်းဟာ မြန်မာနိုင်ငံက ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူဘို့ လိုအပ်နေ တဲ့  နှစ်စဉ် လူနာ ၁၃၀,၀၀၀ ကို အခမဲ့ဝန်ဆောင်မှု  ပေးနေတဲ့ဆေးခန်းဖြစ်ပါတယ်။

 ထိုင်းဘုရင့်သမီးတော် မဟာချက်ကရီသီရိဒုံဖွင့်ထားတဲ့  မဲဆောက်မြို့ပြင်က ထိုင်းမူလတန်းကျောင်း တကျောင်းလည်း  တောင်ကျရေကြောင့် မနေ့ညက ပျက်စီးသွားခဲ့ရပါတယ်၊  အဲဒီကျောင်းမှာမြန် မာကလေးငယ်အချို့ ပညာသင်ကြားနေကြပါတယ်။


.

No comments:

Post a Comment