address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

ပထမဆုံးကောင်းကင်ရထားစီမံကိန်းမြန်မာနိုင်ငံမှာစတင်


29.7.2013
မြန်မာနိုင်ငံမှာ ပထမဆုံးကောင်းကင်ရထား(ခ) ပြေးဆွဲဖို့ စီမံကိန်းကို စတင်ရေးဆွဲနေပါပြီ ။ ကောင်းကင် ရထားစီမံကိန်းကို ကရင်ပြည်နယ်၊ ဇွဲကပင်တောင်က ဆံတော်ရှင်ဘုရားကိုအလွယ်တကူ တက်ရောက်နိုင်ဖို့ဖြစ်ပါ တယ်တဲ့။


လာမယ့် ၂ လမှာ ဂေါပက အဖွဲ့ရဲ့ အဓိကစိုက်ထုတ်ငွေတွေနဲ့ စီမံကိန်းကို ၁ နှစ်ကြာမယ်လို့ဦးဆောင် လုပ်ကိုင်တဲ့ မလေးရှား ပီနန်ဆရာတော် ဘဒ္ဒန္တပညာဝံသက မြန်မာ့အလင်းသတင်းစာကိုပြောထားပါ တယ်။

ဇွဲကပင်တောင်ဂေါပကအဖွဲ့ရဲ့ အဓိကစိုက်ထုတ်ငွေတွေနဲ့ စီမံကိန်းကို လုပ်ဆောင်မှာဖြစ်ပြီး အစိုးရတွေ အပိုင်းက လည်း အကူအညီတွေပေးသွားမှာဖြစ်ပါတယ်လို့ဆိုပါတယ်။ကောင်းကင်တက်ရထားစီမံကိန်း ကို မလေးရှားပညာရှင်တွေနဲ့ Alan Lakawi Company ကတည်ဆောက်မှာဖြစ်ပြီး ကုန်ကျစရိတ် အမေ ရိကန်ဒေါ်လာ ၂၂ သန်းကျော်ကုန်ကမယ်လို့ခန့်မှန်းထားတယ်လို့ဆိုပါတယ်။

စီမံကိန်းအတွက် မြန်မာအလုပ်သမားတွေကိုပဲ အဓိကအသုံးပြုမှာဖြစ်ပြီးမလေးရှားပညာရှင်တွေနဲ့ ကြီးကြပ်တဲ့အပိုင်းလောက်ပဲ တာဝန်ယူလုပ်ကိုင်မှာဖြစ်တယ်လို့ ပီနန်ဆရာတော်ကြီးက မိန့်ထားပါတယ် ။

စီမံကိန်းတည်ဆောက်ပြီးစီးသွားပြီဆိုရင် အရင်ကဇွဲကပင်တောင်ပေါ်က ဆံတော်ရှင် ဘုရားပေါ်ရောက် ဖို့ပေ ၂ ထောင်၊ ၃ ထောင်လောက် ခြေလျင်တက်ရတဲ့ အနည်းဆုံး ၂ နာရီကျော်၊ ၃ နာရီခရီးက အချိန်တိုအတွင်းတောင် ပေါ်ကို ကောင်းကင်ရထားနဲ့ ရောက်ကြရတော့မှာပါ။

ဒီစီမံကိန်းကြောင့် ဘုရားဖူးဧည့်သည်တွေအတွက် သက်တောင့်သက်သာဖြစ်ရုံသာမက ကမ္ဘာလှည့် ခရီးသွားလုပ် ငန်းတွေအတွက်လည်း အများကြီးအထောက်အကူဖြစ်မှာပါ။ ဒီအပြင် အခြားသော ဆက်စပ်စီးပွားရေးလုပ်ငန်း တွေအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။
Ref:ဧရာဝတီ

No comments:

Post a Comment