address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

ကျောက်ပန်းတောင်းဆေးရုံမှရင်နင့်စရာဖြစ်ရပ်


29.7.2013
ကျောက်ပန်းတောင်းမြို့နယ် သံဘိုချောင်းဖျားကျေးရွာက ကိုအောင်လှိုင်ဝင်း၊မဖြူဖြုစန်းတို့ရဲ့  လေးနှစ် ငါးလအရွယ် သမီးကလေး မကျော့မွန်အေးဟာ သွေးလွန်တုပ်ကွေးလို့ ယူဆလို့ရတဲ့ ရောဂါ နဲ့ ကျောက်ပန်းတောင်းဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတို့ရဲ့ပေါ့လျော့စွာနဲ့ ဂရုမစိုက်မှုကြောင့် အသက် ဆုံးရှုံးခဲ့ ရပါတယ်။


ဇူလိုင်လ ၁၈ ရက် နေ့ကတည်းက မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ အောင်ဇော်မိုးရဲ့ ဆေးခန်းမှာ ကုသ မှုခံယူခဲ့ပါတယ်။ သာမန်သာကုပေးခဲ့ ပြီး လက်လုပ်လက်စား ပုပ္ပားတောင်ကလပ်မှာ ဈေးရောင်းနေရသူ မိသားစုက ဆေးခန်းပြတာ နေ့စဉ် ၇၅၀၀ ကျပ်ထိ တောင်းခံတယ် လို့ ပြောပါတယ်။

ဇူလိုင် လ ၂၀ရက် မနက်ကိုးနာရီမှာတော့ ဆေးရုံအုပ်ကြီးဒေါက်တာအောင်ဇော်မိုးက ဆေးရုံကို လွှဲပေး ပါတော့တယ်။ ဆေးရုံလွှဲပေးဖို့ ဆေးစာရေးပေးတာအတွက် ငွေ ၁၅၀၀၀ ကျပ်တောင်းခံပြီး ဖခင်ဖြစ်သူ က ငွေအဆင်သင့်မရှိလို့ အခြားမိတ်ဆွေလူနာထံမှ ငွေ ၁၀၀၀၀ကျပ် ခဏချေးယူကာ တောင်းပန်၍ပေး ခဲ့ရပါတယ်။

အဲဒီနေ့ တစ်နေ့လုံး ဆေးရုံကို ဆရာဝန်ကြီးက လာမကြည့်ဘဲ ညကိုးနာရီကျော် အသက်ဆုံးပြီးကာ မှ လာရောက်ကြည့်ရှုတယ်လို့ သိရပါတယ်။ တစ်နေ့လုံး ပူဆွေးသောက ရောက်နေရသူ မိသားစုကို ကျန်းမာရေး စောင့်ရှောက်မှုထက် (ညနေပိုင်း မှာ တစ်ခေါက်လာခဲ့တဲ့ သူနာပြုဆရာမလေးမှ အပ ) ဆေးရုံဝန်ထမ်းအားလုံးက ဆူပူငေါက်ငမ်းမှု၊ ငွေတောင်းခံမှု၊ရိုင်းပြစွာ ဆက်ဆံမှုတို့သာ ပြုခဲ့တယ် လို့ မိခင်ဖြစ်သူက ပြန်လည်ကာ ပြောပြခဲ့ပါတယ်။

အဆိုးဆုံးကတော့ သေဆုံးသူဟာ ဆေးရုံတက်ပြီး ၂၄နာရီအတွင်း (၁၂နာရီအကြာ) အသက်ဆုံး ခဲ့ပေမဲ့ ရင်ခွဲရုံမှာ မခွဲစိတ်ခဲ့သလို သုဂတိရှင် နာမှုကူညီရေးအသင်းကားက လာသယ်ရာမှာလည်း လူနာတင်ပို့ ရန်ဟု တမင်သက်သက်ရေးခဲ့ပါတယ်။ ဒါကို သုဂတိရှင်အသင်းတာဝန်ကျသူက လက်မခံနိုင်လို့ ပြန် လည်ပြောကာမှ အလောင်းသယ်ယူရန် ဟုပြင်ဆင်ပေးခဲ့ပါတယ်။

ဒါပေမဲ့ ကျန်ရစ်သူမိသားစုကို ဆေးမှတ်တမ်း၊ ဆေးရုံမှ သေဆုံး၍ ဆင်းကြောင်းလက်မှတ်၊ စသည်တို့ ကို ယခုအချိန်ထိ ထုတ်မပေးသေးသလို သွေးလွန်တုပ်ကွေးဟု တစ်ရွာလုံးမှ သိရှိသော်လည်း ဆေးရုံ က သွေးလွန်တုတ်ကွေးဟု မိသားစုကို ယခုအချိန်ထိ မပြောခဲ့ပါဘူး။ လူတစ်ယောက်ရဲ့ စာရင်းမရှိ အင်း မရှိ၊ လက်လွတ်စပယ် ပြုခဲ့တယ်လို့ ယူဆကာ ကျန်ရစ်သူမိသားစုနဲ့ ရွာသူရွာသား အားလုံးက ခံပြင်းဒေါသထွက်လျက်ရှိနေပါတယ်။

ဒီကိစ္စကြောင့် ကျောက်ပန်းတောင်းမြို့နယ် ပြည့်သူ့ဆေးရုံကို အယုံအကြည်မရှိတော့ပဲ ရွံရှာကြောက် ရွံ့ပြီး ချောင်းဖျားရွာ နှင့် သံဘို အလယ်ရွာမှ ကလေး ၁၁ယောက်ဟာ ညောင်ဦးဆေးရုံ မှာ သွေးလွန် တုပ်ကွေးနဲ့ကုသမှု ခံယူခဲ့ကြပါတယ်။ အခုဆိုသက်သာပျောက်ကင်းလို့ တော်တော်များများ ဆေးရုံမှ ဆင်းခဲ့ပါပြီ။

ကျန်းမာရေးဝန်ကြီးဌာနကို မြို့နယ် ပြည်ခိုင်ဖြိုးအကူအညီနဲ့ မကျော့မွန်အေးအကြောင်းကို တိုင်ကြားခဲ့ လို့ ဇူလိုင်လ ၂၄ရက်မှာ တော့ မြို့နယ်ကျန်းမာရေးဌာနက ရွာကို လာစစ်ရာမှာ ပိုးလောက်လန်းကို သာ ကြည့်ရှုခဲ့ပြီး ရွာသားများကို သွေးလွန်တုပ်ကွေး မဟုတ်ဘဲနဲ့ နင်တို့ ပြောနေတော့ ငါတို့ကို အထက်က အဆူခံရတယ် အလုပ်ရှုပ်တယ်ဟုဆိုကာ ထပ်မံဆူပူကြိမ်းမောင်းခဲ့ပြီး ယခုအချိန်ထိ ခြင်ဆေးဖြန်းခြင်း စသည်တို့ကို မလုပ်ဆောင်ပေးသေးပါဘူးဘူး ။


ညောင်ဦးမြို့ ဆေးရုံမှာတက်ခဲ့တဲ့ ကလေးငယ်တွေရဲ့ မိသားစုတွေက အသက်ချမ်းသာရသလို စိတ် လည်းအင်မတန်ချမ်းသာခဲ့ရပါတယ်လို့ ပြောပြပါတယ်။ ဒါပေမဲ့ မကျော့မွန်အေးရဲ့ မိသားစုအသိုင်း အ ဝိုင်းကတော့ အခုအချိန်ထိ မျက်ရည်လည်ရွဲ ဖြစ်နေသလို ကျောက်ပန်းတောင်း ဆေးရုံအုပ်ကြီးနဲ့ ကျန်း မာရေးဝန်ထမ်းတွေကြောင့် အခြားနယ်သူနယ်သားများကို သူတို့လိုဖြစ်မှာစိုးလို့အင်တာနက်နဲ့အခြား သတင်းမီဒီယာတွေ က တစ်ဆင့်ပြောပြပေးပါလို့ အကူအညီတောင်းခံခဲ့ပါတယ်။

No comments:

Post a Comment