address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 31, 2013

ကရင်ပြည်နယ်တွင် ရေကြီးရေလျှံ၍ ကယ်ဆယ်ရေးစခန်း ၅၈ ခုဖွင့်ကာ လူ ၉ဝဝဝ ကျော်ကို နေရာရွှေ့ပြောင်းထားရ

31-7-2013

ကရင်ပြည်နယ်တွင် မိုးသည်းထန် စွာ ဆက်တိုက်ရွာသွန်းပြီး ရေကြီးရေ လျှံမှု ဖြစ်ပွားနေသဖြင့် ကယ်ဆယ်ရေးစခန်း ၅၈ ခုဖွင့်လှစ်ထားရပြီး လူပေါင်း ၉ဝဝဝ ထက်မနည်းကို နေရာရွှေ့ပြောင်း ထားရ သည်ဟု ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

”မြို့နယ် ၆ မြို့နယ်မှာ ကယ်ဆယ် ရေးစခန်း ၅၈ ခု ဖွင့်ထားရတယ်”ဟု က ရင်ပြည်နယ်လူမှုရေး ဝန်ကြီး ဦးချစ်လှိုင် က ပြောသည်။

မိုးသည်းထန်စွာ ဆက်တိုက် ရွာ သွန်းမှုနှင့် သံလွင်မြစ်ရေ စိုးရိမ်ရေ မှတ်ထက် မြင့်တက်လာမှု တို့ကြောင့် ဘားအံ၊ ပိုင်ကျုံ၊ လှိုင်းဘွဲ့၊ကျုံဒိုး၊ မြဝတီ နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်တို့တွင် လူ ဦးရေ ၉ဝဝဝ ကျော်အတွက် ကယ် ဆယ်ရေးစခန်း ၅၈ ခု ဖွင့်လှစ်ထား ရခြင်း ဖြစ်သည်။

”၁၉၉၈ နောက်ပိုင်းမှာ ဒါအဆိုးဆုံးလို့ ပြောလို့ရတယ်။ ဒေါနတောင် ကျော်လမ်းကလည်း မြေပြို လို့ ကားလမ်း တွေပိတ်နေတော့ ရိက္ခာ ပို့ဆော င်ရေး ကို စိတ်ပူနေရတယ်”ဟုဦးချစ်လှိုင်က ပြော သည်။

မြဝတီကဲ့သို့သော နယ်စပ်ဒေသ များသို့ ရိက္ခာပို့ဆောင် ထောက်ပံ့ရေး အင်မတန်ခက်ခဲလာပါက တစ်ဖက် ထိုင်းနိုင်ငံမှ ရိက္ခာများ ဝယ်ယူေ ထာက် ပံ့သွားရေးကို စီစဉ်ထားသည်ဟု ၄င်းက ပြော သည်။

ထို့အတူ ထိုင်းမြန်မာနယ်စပ်တွင် သောင်းရင်းမြစ် ရေကြီး ရေလျှံမှု ဖြစ် ပွားနေသဖြင့် ထိုင်း ဘက်ခြမ်းတွင်လည်း လူ ထောင်ပေါင်းများစွာ ကို ရေလွတ်ရာသို့ ရွှေ့ပြောင်းထားရပြီးမဲဆောက် ရှိ မယ်တော်ဆေးခန်း လူနာဆောင်အများ စုမှာလည်း ရေလွှမ်းမိုးမှု ဖြစ်ပွားနေ သည်ဟု သိရ သည်။ ထို့အပြင် နှစ်ဖက် ရေကြီးရေလျှံမှု ဖြစ်ပွားနေသဖြင့် မြဝတီ-မဲဆောက်ကုန်သွယ်ရေးစခန်း ကို လည်း ခေတ္တရပ်နားထားရသည်ဟု သိရသည်။

မင်းသုအောင်၊ ကျော်ရဲလင်း

Popular Myanmar News Journal

No comments:

Post a Comment