address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Tuesday, July 30, 2013

မြန်မာ-ထိုင်း နယ်စပ်ဂိတ်ပေါက် သုံးခုမှတစ်ဆင့် ၀င်ရောက်လာသူများအား ကန့်သတ်နှင့် လုံခြုံရေးအရ တားမြစ်ထားသည့် နေရာတို့မှအပ ကျန်ဒေသ များကို လည်ပတ်ခွင့်ပြု


 30.7.2013

တာချီလိတ်၊ မြ၀တီနှင့် ကော့သောင်းတို့ရှိ နယ်စပ်ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသားများနှင့် အခြားနိုင်ငံ သားများကို သြဂုတ်လအတွင်းတွင် ကန့်သတ်နယ်မြေများနှင့် လုံခြုံရေးအရ တားမြစ်ထားသည့် နေရာ တို့မှအပ မြန်မာနိုင်ငံအတွင်းရှိ ကျန်နယ်မြေ ဒေသများကို သွားလာခွင့် ပြုမည်ဖြစ်ပြီး လာရောက်လည် ပတ်နိုင်မည် ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက် အရသိရသည်။


ယင်းသို့ ခွင့်ပြုရခြင်းမှာ နိုင်ငံခြားသား လူဝင်လူထွက်နှင့် ပတ်သက်ပြီး လုပ်ငန်းတိုးမြှင့် ဆောင်ရွက်ရန် အတွက်ဖြစ်ကြောင်း၊ ထိုသို့ လည်ပတ်ရာတွင် ၀င်ရောက်လာသော နိုင်ငံခြားသားများအား ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသော ဇန်န၀ါရီ ၁၅ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၇/ ၂၀၁၃)အ ရ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်ကြော်ငြာစာတွင် ကန့်သတ်နယ်မြေများနှင့် သက်ဆိုင်ရာဒေသ အာဏာပိုင်များမှ လုံခြုံရေးအရ အခါအားလျော်စွာ တားမြစ်ထားသည့် နေရာများမှအပ ကျန်နယ်မြေ ဒေသများသို့ သွားလာခွင့် ပြုမည်ဖြစ်ပြီး မည်သည့်တရားဝင်ထွက်ပေါက်မှမဆို ပြန်လည်ထွက်ခွာနိုင်မည်ဖြစ်ကြောင်း 

 ဖော်ပြထားသည်။

မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ ချုပ်ဆိုထားသော နယ်စပ်ဖြတ်သန်း သွားလာရေးဆိုင်ရာ သဘောတူ စာချုပ်အရ မြန်မာ-ထိုင်း နယ်စပ်တရားဝင် ၀င်ပေါက်၊ ထွက်ပေါက်များမှာ တာချီလိတ်-မယ်ဆိုင်၊ မြ၀တီ-မဲဆောက်၊ ကော့သောင်း-ရနောင်း တို့ဖြစ်ကြသည်။

မြ၀တီခရိုင် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှူး ဦးအောင်ဝင်းသိန်းက ယခုကဲ့သို့ ခွင့်ပြုလိုက်ခြင်းကြောင့် နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းနှင့် ခရီးသွားလာရေး လုပ်ငန်းများ တိုးတက်လာမှာ ဖြစ်ကြောင်း ဖော်ပြထားသည်။

No comments:

Post a Comment