address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Friday, July 26, 2013

မွန်ပြည်သစ်တပ်ဖွဲ့အားတိုက်ခိုက်သည့်အပေါ် ထိုင်းရောက်မွန်များဆန္ဒပြမည်





26.7.2013

တနင်္သာရီတိုင်း မြိတ်ခရိုင်အခြေစိုက်မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ သုမင်္ဂလံတပ်စခန်းနှင့်   ကျေးရွာကို အစိုးရတပ်ဖွဲ့တို့ကလာရောက် တိုက်ခိုက်မီးရှို့လိုက်သည့်အပေါ် ထိုင်းနိုင်ငံရောက် မွန်အမျိုး သားများကလာမည့် ဇူလိုင်လ၂၉ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုပွဲ ကျင်းပ သွားရန် ရှိကြောင်း သတင်း ရရှိ ပါသည်။


ဖမ်းဆီးထားသော ဒေသခံများကို လွှတ်ပေးရန် မွန်အလံကို မီးရှို့ဖျက်ဆီမှု အရေးယူပေးရန်၊ယခုကဲ့သို့ ကျူးကျော်ပစ်ခတ်မှုမျိုး မဖြစ်ပွားစေရေး အစိုးရမှတာဝန်ယူပေးရန်စသည့် အချက်များအား တောင်းဆို သွားရန် ရှိကြောင်း ပွဲစီစဉ် သူများ ထံမှ သိရှိ ရသည်။

၎င်းပြင်အခြား အချက်ဖြစ်သည့် ကြွှေးကြော်သံများအဖြစ် ပြည်သူများကို ဖိနှိပ်သောလုပ်ရပ်ကို အလိုမရှိ၊ လိမ်ညာသည့် ညီညွတ်မှု (ငြိမ်းချမ်းရေး ဖော်ဆောင်ရေး)ကို အလိုမရှိစသည့်အချက်များကိုလည်း တောင်း ဆို သွားရန် ရှိကြောင်းစီစဉ်သူများက ဆိုပါသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၆) ရက်နေ့က အစိုးရတပ်မှ လာရောက်ကျူးကျော် ပစ်ခတ်မှုကြောင့် မွန်ပြည်သစ် ပါတီ၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်မှရဲဘော် နိုင်ရှိန် (၄၀) နှစ်နှင့် ရဲဘော်ချမ်းမွန် (၂၀) နှစ် တို့ ကျဆုံး ခဲ့ကြောင်း ဒေသခံတပ်မှူးမှ ရွှေဟင်္သာသတင်းဌာနအား ပြောကြား ထားပါသည်။

အဆိုပါ တိုက်ခိုက်မသည်လည်း မွန်ပြည်သစ်ပါတီမှ ခွဲထွက်သွားသော ဗိုလ်မှူးကြီးပန်းညွန့် ဦးဆောင်သော တပ်ဖွဲ့အား တိုက်ခိုက်ရန် ကြံရွယ်ထားရာက မှားယွင်းသွားသည်ဟု အစိုးရဘက်မှ အကြောင်း ပြထားပြီး ၄င်းကိစ္စကိုလည်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများနှင့် မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန် ခံ နိုင်တလညီတို့ညှိနှိုင်းဆောင်ရွက်နေသည် ဖြစ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ အရာရှိတစ်ဦး အဆို အရ သိရှိရပါသည်။

No comments:

Post a Comment