address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Wednesday, July 17, 2013

အစိုးရနှင့်တွေ့ဆုံနေငြားသော်လည်းစစ်ရေးပြင်ဆင်ရန်လိုအပ်

         

 ဇူလိုင်လ ၁၆ရက်နေ့တွင်ကျရောက်သော (၆၆)နှစ်မြောက် ကရင်အမျိုးသားတပ်မတော် KNDOနေ့တွင် KNDO ၏ယာယီဥက္ကဌဖြစ်သူ ဗိုလ်မှူးကြီးနယ်ဒါးမြက ပြောကြားရာတွင် ကရင်အမျိုးသား အစည်းအရုံး (KNU) အနေဖြင့် နိုင်ငံရေးအရ အစိုးရနှင့် တွေ့ဆုံစကားပြောနေသည့် တစ်ချိန်တည်းတွင် စစ်ရေးဘက်က လည်း ပြင်ဆင်စရာရှိသည်များကို တစ်ချိန်တည်းပြင်ဆင်ထား ရမည်။ အခု ကျွန်တော်တို့ ခေါင်းဆောင်တွေက နိုင်ငံ ရေးအရ စကားပြောနေကြတယ်၊ ကျွန်တော်တို့ကလည်း စစ်ရေးအရ ပြင်ဆင် စရာရှိတာတွေကိုတော့ ပြင်ဆင်ရမှာပဲ။ ဆိုရိုးစကားတစ်ခုရှိပါတယ်၊ ရန်သူနဲ့ စကားပြောတဲ့အခါမှာ စစ်ရေး ဘက်ကလည်း ကျစ် ကျစ်လစ်လစ်ရှိဖို့လိုပါတယ်၊ ဒါက ကျွန်တော်တို့တာဝန်ပါပဲ။ ဟုပြောကြားခဲ့ ပါသည်။


          မြန်မာအစိုးရသည်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံစကားပြောနေသော် လည်းတစ်ဘက်တွင် စစ်ရေးလှုပ်ရှားမှုနှင့် နယ်မြေစိုးမိုးမှုများ လုပ်ဆောင်နေသည့်အပြင်တိုင်းရင်းသား အချို့တွင် တိုက်ပွဲများဖြစ်ပွားနေဆဲဖြစ်နေသည်ကို ၄င်းကနှိုင်းယှဉ်သုံးသပ်ပြောဆိုလိုက်ခြင်းဖြစ်သည်။

          KNDO သည်ကရင်အမျိုးသားခုခံတော်လှန်စစ်မစတင်မှီ ၁၉၇၄ခုနှစ်၊ ဇူလိုင်လ ၁၆ရက်နေ့တွင် ကရင်ပြည်သူများ၏ လွတ်လပ်မှုနှင့်တရားသော ရပိုင်ခွင့်များအတွက် လှုပ်ရှားမှုအပေါ် တိုက်ခိုက်လာ မည့် အန္တရာယ်မှ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရန် KNU ၏ဗဟိုအမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ခဲ့ သူ ကာကွယ်ရေးဌာနတာဝန်ခံ မန်းဘဇံကစတင်ဦးဆောင်ဖွဲ့စည်းခဲ့သည်။

No comments:

Post a Comment