address

ဒေါနမြေနေ့စဉ်သတင်းဌာနသို့ စာမူများ ပေးပို့လိုပါက ( dawnamyay2013@gmail.com ) သို့ပေးပို့နိုင်ပါသည်

Monday, July 29, 2013

မဲဆောက်မြို့တွင် မိုးဆက်တိုက် ရွာသွန်း၍ သွားလာရေးခက်ခဲ

29.7.2013
ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းသဖြင့် မြို့ အတွင်းရှိ ယာဉ်လမ်းကြောင်းများတွင် ရေလွမ်းမိုးကာ သွားလာရေးအခက်အခဲ ဖြစ်ပွားလျှက် ရှိသည်။

“မဲဆောက်မြို့လယ်က Lotus ကုန်တိုက်ဟောင်း ရှေ့က ယာဉ်လမ်းဆိုရင် မနေ့ကတည်း ရေတွေ စီးနေတယ်။ ဒီနေ့မနက်မှာ ပိုပြီးတောင် ရေက ကြီးသွားတယ်။ ရေက ဒူးခေါင်းနီးပါးရှိတယ်။သွား လာလို့ အဆင်မပြေဘူး”ဟု မဲဆောက်မြို့၊ Lotus ကုန်တိုက်အနီးအနားရှိ မြန်မာအလုပ် သမား တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့တွင် သုံးရက်ဆက်တိုက် မိုးရွာသွန်းသဖြင့် အဓိက ယာဉ် လမ်းနှစ်ခုဖြစ်သည့် တလမ်းမောင်း ယာဉ်လမ်းတို့အပါအ၀င် မြို့တွင်းရှိ လမ်းများတွင်ယမန်နေ့မှ စ၍ ယနေ့မနက်အထိ ရေများစီးဆင်းကာ သွားလာရေးအခက်အခဲဖြစ်ပွားနေခြင်း ဖြစ်သည်။

ထို့အပြင် ယနေ့မနက်တွင် မဲဆောက်မြို့ပြင်ဘက်ရှိ ၀ါထနာ ရေလှောင်တမံကို ထိုင်းအာဏာပိုင် များက ရေဖောက်ချသဖြင့် မြို့အတွင်းသို့ ရေများပို၍ စီးဝင်လာလျှက်ရှိသည်။

No comments:

Post a Comment